Chapter 9: 8
Array
(
[text] =>
Fourth တစ်‌ယောက် မနက်စောစောထကာ အပြင်သွားရန်ပြင်ဆင်နေသည်။ ဒီနေ့ Pahn နဲ့တွေ့ရမဲ့ နောက်ဆုံးနေ့မို့ မျက်နှာမကောင်းချေ။ မနေ့ညက ၀ယ်လာပြီး သူကိုယ်တိုင် လုပ်ထားတဲ့ လက်ဆောင်ဘူးကိုသယ်ကာ အပြင်သို့ထွက်လာခဲ့သည်။
အပြင်သို့ထွက်လာပြီး ဖုန်းဖြင့် တတ်စီခေါ်ထားကာ စောင့်နေသည်။ ခနကြာတော့ ကားရောက်လာပြီး သူ Chokun အိမ်ကိုသွားလိုက်သည်။
သူအိမ်ရှေ့တွင် ရပ်လိုက်ပြီး bell ကိုတီးလိုက်တော့ Chokun က လာဖွင့်ပေးသည်။
"ခနစောင့်အုံး ငါယူစရာရှိလို့ ခြံထဲ၀င်"
"အင်း"
သူလည်း ခြံထဲ၀င်ကာ Chokun ကားနဲ့မှာ ရပ်စောင့်နေသည်။ Chokun မလာတုန်း Fourth Phan ကို ဖုန်းဆက်လိုက်သည်။
"အေး ပြော"
"ငါတို့အခုလာနေပြီနော် "
"အင်း အိမ်မှာ အမေက နင်တို့အတွက်တောင် ပြင်ထားပြီ"
Fourth ခပ်ဖွဖွရယ်လိုက်ပြီး...
"‌ဒေါ်လေးကိုတောင် မတွေ့ရတာကြာပြီ Chokun လာနေပြီ ပြောအုံးမလား"
"အေး ပေးလိုက်အုံး"
Chokun က သူ့နားလာပြီး ဘယ်သူနဲ့ပြောနေတာလဲ ဆိုသည့်ဟန်ဖြင့် မျက်ခုံးပင့်ပြသည်။ Fourth လည်း အသံမထွက်ဘဲ Phan ဟု ပါးစပ်လှုပ်ရုံသာ ပြောတော့ သဘောပေါက်သွားသည်။ သူ့ကို ဖုန်းပေးလိုက်တော့ သူတိူ့နှစ်ယောက် စကားပြောနေပြီး သူကတော့ ကားထဲ ၀င်ထိုင်နေလိုက်သည်။
ခနကြတော့ Chokun ဖုန်းပြောခြင်းပြီးသွားပြီး သူတို့နှစ်ယောက် Pahn အိမ်သို့ ဉီးတည်သွားကြသည်။
-------------------------
အိမ်ရှေ့ရောက်တော့ Pahn တံခါးလာဖွင့်ပေးသည်။
"လာလာ "
သူတို့နှစ်ယောက် အိမ်ထဲ၀င်လာတော့ Pahn အဖေနဲ့အမေကိုတွေ့လိုက်သည်။ Fourth တစ်ယောက် တွေ့တွေ့ချင်း Pahn အမေနားသွားကာ ခါးကိုဖတ်လိုက်ပြီး ချွဲနေသည်။
"ဒေါ်လေးကိုလွမ်းနေတာ"
"အပိုတွေ ကျောင်းမှာ ကောင်မလေးရနေပြီလားတောင်မသိဘူး"
"ဒေါ်လေး ရေ အဲ့ကောင် ကောင်မလေးရဖို့နေသာသာ ဘယ်သူမှ သူ့ကို လာမကြိုက်ကြဘူး"
Chokun ကလှမ်းစသည်ကြောင့် နှစ်ယောက်လုံးရီမိသွားကြသည်။  Pahn အိမ်ကို မကြာခဏသွားနေကြမို့လို့ Pahn မိသားစုနဲ့ ရင်းရင်းနှီးနှီးဖြစ်နေကြတာပင်။ Pahn အမေနဲ့ဆိုရင် လူကြီးရှေ့မှာမို့ အနေအထိုင်ဆင်ခြင်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးပဲနေစေသည်။
"ဘာ! မင်းနော်"
"ကဲပါ.. လာ ဒေါ်လေးပြင်ပေးထားတယ် စားကြရအောင် Pahn သမီး သမီးအဖေကိုသွားခေါ်လိုက်လေ"
"ဟုတ်"
Chokun က မေးလိုက်၏။
"ဉီးလေးဘာဖြစ်လို့လဲ ဒေါ်လေး"
"သူ့သမီးသွားမယ်ဆိုလို့လေ သူ့မှာ စိတ်မကောင်းဖြစ်နေတာ"
"‌အော်ဟုတ်"
"ရတယ် သားတို့ စားကြ ဗိုက်ဆာနေကြတော့မှာပေါ့ "
"ရတယ်ဒေါ်လေး သားတို့စောင့်လိုက်မယ်"
ခနနေတော့ Pahn ‌အဖေအပေါ်ထပ်က ဆင်းလာခဲ့သည်။ မျက်နှာက ပြုံးနေပေမဲ့ ၀မ်းနည်းနေတာကတော့ အသိသာပင်။
"သားတို့ ရောက်နေကြပြီလား"
"ဟုတ်"2
"စကားများမနေနဲ့ ကလေးတွေဗိုက်ဆာနေပြီ လာထိုင်စားတော့ "
သူတို့လည်း ထမင်းစားပြီး Pahn ကိုလိုက်ပို့ရန်ပြင်ဆင်ကြသည်။ Pahn တို့ မိသားစုပါ Chokun ကားနဲ့လိုက်ခဲ့ကြသည်။
လေဆိပ်ရောက်တော့ အကုန်လုံးမျက်နှာမကောင်းပေ။ လေယာဉ်ထွက်ဖို့သိပ်မလိုတော့တာကြောင့် သူတို့တွေ့ရဖို့ အချိန်လည်း သိပ်မကျန်တော့ပေ။
"အာ ဘာလို့ အဲ့လိုမျက်နှာတွေဖြစ်နေကြတာလဲ သွားတော့မဲ့ဟာကို"
"မဖြစ်ပါဘူး နင်မရှိလို့ ပိုတောင်နားအေးသေး"
"အဲမယ် နင်နော်"
ပြောရင်း Fourth တစ်ယောက် မျက်ရည်ဝဲလာကာ Pahn ကိုဖတ်လိုက်သည်။
"ဟိုရောက်ရင် အနွေးထည်၀တ်ထား အအေးဒဏ်မခံနိုင်တဲ့သူမို့ ပိုဂရုစိုက်နော် နင်အမြဲမအားတော့မှန်းသိပေမဲ့ အားတဲ့အချိန်လေးမှာ ခနလောက်ဖြစ်ဖြစ် စကားလာပြောပါ စာတွေအရမ်းလုပ်ပြီး စိတ်ဖိစီးမူတွေများရင် ငါတို့စီဖုန်းဆက်လို့ရတယ်နော် အစစအရာရာ ဂရုစိုက်ပါ"
အစတည်းက မျက်နှာဝဲနေကြတာသူမို့ မျက်ရည်တွေပါကျလာကြသည်။
"နင်တို့ကဟာ.."
"ဒီမှာ နင်အတွက်လက်ဆောင်‌တွေ"
"လူကို သွားခံနီးငိုရအောင် လုပ်ကြတာပဲ"
သူတို့ပြောနေတုန်း Pahn သွားမဲ့ လေယာဉ်ကကြော်ငြာလာမည်မို့ တစ်ယောက်ချင်းစီဖတ်ကာ သူတို့ကို နှုတ်ဆက်ပြီး အထဲ၀င်သွားခဲ့သည်။
အနောက်မှာ ကျန်ခဲ့တဲ့ သူတို့နှစ်ယောက်ရော Pahn အဖေနဲ့အမေပါ ရှိုက်သံပါအောင်ငိုကြတော့သည်။ ထားခဲ့တဲ့သူလည်း ငိုနေမှာ သေချာပေါက်‌ပေါ့။
-------------------
Fourth တစ်ယောက် ဒီရက်ပိုင်း အတန်းပျက်များနေတာမို့ ဒီနေ့ နေ့လည်အတန်းသွားရမှာပင်ဖြစ်သည်။ ကျောင်းထဲ၀င်ရင် အရင်လိုနှုတ်ဆက်ကာ စမဲ့ မိန်းကလေးမရှိတော့ သူတစ်ယောက်တည်း ခြောက်ကပ်နေသည်။Chokun ကလည်း စိတ်အခြေအနေမကောင်းလို့ မတတ်ပြန်။ ဒီနေ့က သူ့အတွက် ၀မ်းနည်းစရာကောင်းတဲ့ နေ့လေး။
အတန်းချိန်ပြီးလို့ ဆင်းချိန်တွင် အတန်းဖော်များက အရင်ရက်ကတည်းက Pahn သတင်းကြားတာမို့ လာမေးကြသည်။ သူလည်း အတက်နိုင်ဆုံး အားတင်းပြီးဖြေကာ သန့်စင်ခန်းဘက်သို့ထွက်လာပြီး ခိုငိုနေမိသည်။
ရုတ်တရပ် ဘေးနားက တစ်ရှူးလှမ်းပေးလာသည်မို့ ယူကာ လှည့်ကြည့်လိုက်တော့ Gemini ဖြစ်နေ၏။ ခုချိန် သူ့ကို ခွန်အားပေးနိုင်တဲ့သူက Gemini တစ်ယောက်တည်းပဲရှိ‌တော့တယ်ဟုထင်မိသည်။ သူလည်း ၀မ်းနည်းစွာ Gemini ရင်ခွင်ထဲ၀င်ပြီး ဖတ်လိုက်ကာ ငိုနေမိသည်။
Gemini တစ်ယောက် မနက်ကတည်းက Fourth အတန်းနားတွင်ရှာကြည့်ခဲ့ပေမဲ့မတွေ့။ သူငယ်ချင်းတွေမေးကြည့်တော့ Pahn ကိုသွားလိုက်ပို့သည်ဟုကြားလို့ မတတ်တော့ဘူးနေမှာ။ ဒါပေမဲ့ နေလည်ပိုင်းရောက်တော့ အခန်းနားမှာတွေ့လိုက်သည်။ မျက်နှာသည် ပြည့်ဖောင်းနေကာ ငိုထားသည့်ပုံ။ သူအတန်းပြီးတဲ့ထိစောင့်‌နေကာ သူအခန်းထဲက ထွက်နေသည်ကိုစောင့်နေသည်။ ဒါပေမဲ့ Fourth ဟာ သန့်စင်ခန်းသွားရာဘက်ကိုပြေးသွားသည်မို့ အနောက်က လိုက်ကြည့်မိသည်။
ချောင်ကျပြီး လူကွယ်တဲ့နေရာမှာ ငိုနေသည်ကိုတော့ ရင်ဘက်တစ်ခုလုံး နာကျင်လာသည်။ သူ့အနားသွားပြီး တစ်ရှူသွားပေးတော့ တစ်ရှူးယူကာ သူ့ကိုဖတ်ပြီး ငိုနေပြန်၏။ သူ့ခေါင်းကို ဖွဖွလေးပွတ်ကာ နှစ်သိမ့်ပေးတော့ အရှိုက်ရပ်သွားကာ ငြိမ်သက်သွားသည်။ 
"တိတ်တော့နော်"
သူပြောလိုက်တော့ ရင်ခွင်ထဲကနေ ခေါင်းလေးမော့ပြီး သူ့ကိုကြည့်လာသည်။ ပြီးမှ ဖတ်နေရာမှ ခွာလိုက်ပြီး တစ်ရှူးဖြင့် သုတ်နေသည်။
Gemin Fourth ရဲ့မျက်လုံးအောက်က မျက်ရည်တွေစက်လေးကျန်နေတာကို သူ့လက်မဖြင့် ဖွဖွလေးသုတ်ပေးလိုက်သည်။ Fourth မျက်လုံးကို ကြည့်မိလိုက်တော့ သူ့ကို မျက်၀န်းဝိုင်းဝိုင်းလေးနဲ့ကြည့်နေ၏။ ခနနေတော့ အကြည့်ချင်းလွဲသွာပြီး နံရံကိုမှီနေသည်။ Gemini လည်း သူ့ဘေးနားသွားကာ   နံရံကိုမှီလိုက်၏။
"ပြောချင်တာရှိလား"
"အင်း"
"နားထောင်ပေးမယ်"
"ငါခုခံစားချက်ကြီးက ဘယ်လိုဖြစ်နေလဲမသိဘူး ရုတ်တရပ်ခွဲလိုက်ရတော့ စိတ်ထဲနေလို့မကောင်းဘူး သူတို့နှစ်ယောက်ကို ကြည့်ပြီးလဲ ငါစိတ်မကောင်းဘူး"
fourth တစ်ယောက် စကားတွေမရပ်မနားပြောလာသည်။ ‌ပြောရင်း ငိုတော့မည့်ပုံ ဖြစ်တာကြောင့် Gemini တစ်ယောက် ဖြတ်ပြောလိုက်သည်။
"အင်း မခံစားဖူးပေမဲ့ နားလည်တာမို့ ထပ်မငိုနဲ့ "
Fourth Gemin ဘက်လှည့်ကြည့်ချိန် နှစ်ယောက်သားအကြည့်ချင်းဆုံသွားခဲ့သည်။ တကယ် Fourth တစ်ယောက် ဒီလူသားနားရောက်ရင် လုံခြုံသလိုခံစားရတယ်။ မျက်နှာမြင်လိုက်ရုံနဲ့ စိတ်ပင်ပန်းစရာတွေ ပျောက်သွားတဲ့အထိ ဖြစ်သွားခဲ့တယ်။ တကယ် မကျရှုံးချင်‌ပေမဲ့ ကိုယ့်ဘက်ကလည်း စိတ်ယိုင်သွားခဲ့ပြီ။
"ကျေးဇူးပါပဲ"
"မလိုပါဘူး အရေးကြီးတာက မင်းသူတို့နှစ်ယောက်ကို စိတ်မပူဘဲ အဖြေပေးဖို့ ‌စဉ်းစားထား အနည်းဆုံးတော့ ဘေးနားမှာ ကိုယ်ရှိတာပေါ့"
Fourth တစ်ယောက် အပြောတွေထဲမှာလဲ ရုန်းလို့မရအောင် နစ်နေသည်။တကယ် အန္တာရာယ်များတဲ့သူပဲ။
"အတန်းရှိသေးလား"
"ဟင့်အင်း"
"တစ်နေရာသွားရအောင်"
"အင်း"
-----------------
Fourth တစ်ယောက် Gemini ခေါ်ဆောင်ရာသို့ လိုက်သွားခဲ့သည်။ ညနေခင်းဖွင့်တဲ့ ဈေးဆိုင်‌တွေ ဘက်သို့သူတိုနှစ်ယောက်သွား‌ခဲ့၏။ ‌ဈေးတန်းတစ်လျှောက် မုန့်ဆိုင်တွေနဲ့ပြည့်‌ေနပြီး လူတွေလည်း စီနေသည်။
"Fourth စားချင်တဲ့ရှိရင်ပြောနော်"
"အင်း"
Fourth တစ်ယောက် တစ်ခုပြီးတစ်ခုဝယ်စားနေတာကြောင့် Gemin လက်ထဲမှာ မုန့်ထုတ်တွေနဲ့ပြည့်နေသည်။ နှစ်ယောက်သား ဂိမ်းတွေဆော့လိုက် မုန့်တွေစားလိုက်နဲ့မို့ Fourth တစ်ယောက် ပြုံးပျော်မိတာအမှန်။
အရုပ်လိုချင်တယ်ပြောတဲ့ Fourth ကြောင့် ၀ယ်ပေးမယ် ပြောသည်ကို လက်မခံ‌ဘဲ ကောက်ပေးဖို့ပြောတာကြောင့် ကောက်ပေးရသည်။
"Gem ဟို ယုန်အရုပ်လေးကောက်ပေး"
Gemini တစ်ယောက် Fourth လိုချင်တဲ့အရုပ်ကို ကောက်ပေးလိုက်တော့ ကလေးတစ်ယောက်လို ခုန်ပြီး ထအော်နေသည်။
"ရေးး!"
"ကျေနပ်ပြီလား"
"အွန်း"
အရုပ်ကို သဘောကျစွာကြည့်၍ ခေါင်းလေးသာ ငြိမ့်ပြသော Fourth ကိုကြည့်ကာ အသဲယားလာသည်။
"Fourth"
"အင်း"
"ငါနဲ့ နောက်‌တစ်နေရာ လိုက်ခဲ့ပေးပါလား"
"ရတယ်လေ"
‌နောက်တစ်နေရာစီသွားကြတော့ Fourth တစ်ယောက် ကားထဲက ချက်ချင်းထွက်ကာ လေကို တစ်၀ရှူလိုက်သည်။‌ ကောင်းကင်သည်မှောင်စပြုနေတာကြောင့် နီညိုဘက်သွားနေ၍ ငှက်ကလေးတွေကလည်း သူတို့အိမ်သို့ အုပ်စုလိုက် ပျံသန်းသွားကြသည်ကို ကြည့်ရတာ စိတ်ကြည်နူးဖွယ်ကောင်း၏။
"သဘောကျလား"
"အင်း"
"ငါပြောစရာရှိလို့ ‌နားထောင်ပေးမလား"
"အင်း"
"မင်းကို ကိုယ်ချစ်တယ်"
"ဟင် ငါ.."
"ဘာမှမပြောဘဲ ဆက်နားထောင်ပေးပါ"
"......"
"မြင်မြင်ချင်းအချစ်လို့ပြောလဲရတယ် အစတုန်းက သဘောကျရုံပဲထင်ခဲ့တာ ဒါပေမဲ့ မင်းကိုအတော်ချစ်မိသွားတာ ကိုယ်မလိမ်ဘူး တစ်နေလုံး မင်းအကြောင်းတွေပဲတွေးပြီး စိတ်ကူးယဉ်နေမိတာ မင်းနားမှာရှိတိုင်း ကိုယ်အမြဲတမ်းပြုံးနေမိတယ် ဒါအချစ်လို့ သတ်မှတ်နိုင်မလားမသိပေမဲ့ သေချာတာက မင်းကို ကိုယ်ချစ်မိနေပြီပဲ ...ဟက် ဒါငါ ပထမဆုံး စကားတွေအများကြီး ပြောမိသွားတာပဲ"
Gemini စကားအဆုံး Fourth တို့တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
"အဖြေကို ချက်ချင်းပေးစရာမလိုပါဘူး သိစေချင်ရုံ"
"ငါ..ငါလဲ စိတ်ယိုင်နေမိပြီ ချက်ချင်းကြီး ဆိုပေမဲ့ ငါအချိန်ထက်မဆွဲချင်ဘူး မင်းဘက်က အပျော်‌ဖြစ်နေခဲ့ရင်လည်း ခံယူဖို့အသင့်ပဲ"
"ကိုယ်စကားပြောရင် လိမ်တာ မင်း‌တွေ့ဖူးလို့လား"
နှစ်ယောက်သား ရယ်လိုက်ပြီးကောင်းကင်ကိုကြည့်နေကြသည်။ Fourth အချိန်ထက်မဆွဲချင်တော့ပါ။ ကိုယ့်ဘက်ကလည်း ချစ်မိနေတော့ လက်ခံရတော့မှာ။  တခြားကိစ္စတစ်ခုခုဖြစ်ခဲ့ရင် နှစ်ဖက်လုံးအတွက် နာကျင်စေရလိမ့်မည်။ အဲ့လို ဆက်ဆံရေးမျိုး မလိုလား။
အချိန်အတော်တန်ကြာပြီးနောက် Gemini တစ်ယောက် fourth ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့သည်။ ကားပေါ်မဆင်းခင် Gemini တစ်ယောက် Fourth နားကပ်သွားတော့ Fourth နောက်ဆုတ်မိသည်။ သူ့နားကပ်လာ‌တော့ မျက်လုံးစုံမှိတ်လိုက်၏။ Gemini တစ်ယောက်ရယ်ကာ သူ့ လက်တစ်ဖက်နဲ့ Fourth ခါးပတ်ကြိုးကိုဖြုတ်လိုက်သည်။
Fourth မျက်လုံးဖွင့်လိုက်တော့ Gemin က သူ့နေရာမှာပင်။ Fourth တစ်ယောက် ရှက်ရှက်နားကားပေါ်က ဆင်းပြီး Gemini ရှိတဲ့ဘက်သို့သွားလိုက်သည်။
"ဂရုစိုက်မောင်းသွားအုံး ငါ၀င်ပြီ"
"ခနလေး"
Gemini တစ်ယောက် Fourth နဖူးကို နမ်းလိုက်၏။
"အိပ်မက်ကောင်းကောင်းမက်ပါစေ ချစ်သူလေး"
Gemini တစ်ယောက် ပြောပြီး ကားထွက်သွားလေးရဲ့။ Fourth ကတော့ ရှက်ရှက်နဲ့ ဘေးပတ်၀န်းကျင်ကြည့်ပြီး အိမ်ထဲအမြန်၀င်တော့သည်။
__________________________
နောက်ကျသွားတာ ‌တောင်းပန်တယ်နော်အချစ်လေး နောက်ပိုင်း ဆန်မ်မင်ရေးချင်နေတဲ့ အချိုလေးတွေပဲ ရေးတော့မှာမို့ သ‌ဘောကျဖို့မျှော်လင့်ပါတယ်
"အင်း"
"အေး ပြော"
"အေး ပေးလိုက်အုံး"
-------------------------
"လာလာ "
"ဒေါ်လေးကိုလွမ်းနေတာ"
"ဘာ! မင်းနော်"
"ဟုတ်"
Chokun က မေးလိုက်၏။
"အော်ဟုတ်"
"ဟုတ်"2
"အဲမယ် နင်နော်"
"နင်တို့ကဟာ.."
-------------------
"တိတ်တော့နော်"
"ပြောချင်တာရှိလား"
"အင်း"
"နားထောင်ပေးမယ်"
"ကျေးဇူးပါပဲ"
"အတန်းရှိသေးလား"
"ဟင့်အင်း"
"တစ်နေရာသွားရအောင်"
"အင်း"
-----------------
"အင်း"
"ရေးး!"
"ကျေနပ်ပြီလား"
"အွန်း"
"Fourth"
"အင်း"
"ရတယ်လေ"
"သဘောကျလား"
"အင်း"
"အင်း"
"မင်းကို ကိုယ်ချစ်တယ်"
"ဟင် ငါ.."
"......"
"ခနလေး"
__________________________
[text_hash] => 728751f5
)
Comments
What do you think?
0 reactions
Upvote
Funny
Love
Surprised
Angry
Sad
  • No comments yet.
Login
Loading...