Array
(
[text] =>
တီ! တီ!
Fourth တစ်ယောက် အိပ်နေရာမှ ဖုန်းမြည်သံကြောင့်နိုးလာပြီး လက်နဲ့ဖုန်းရှိရာကိုစမ်းကာ ယူ၍ ကိုင်လိုက်သည်။
"ဟယ်လို ဘယ်သူလဲ"
"သိချင် အိမ်ရှေ့ထွက်လာခဲ့"
တစ်ဖက်က ပြောနေသည့်အသံက Gemini ဖြစ်တာကြောင့် မျက်လုံးပြူးသွားသည်။ မနက်အစောကြီး ဘာလာလုပ်တာလဲ?။မယုံလို့ အခန်းပြင်ထွက်ကာ ဧည့်ခန်းထဲက လိုက်ကာ ကိုဖွင့်ကြည့်လိုက်တော့ ကားရှေ့မှာ မတ်တပ်ရပ်နေတဲ့ Gemini ကိုတွေ့လိုက်သည်။
အခန်းထဲပြန်၀င်ကာ မြန်မြန်ဆန်ဆန် မျက်နှာသစ်သွားတိုက်ကာ အိမ်ရှေ့ထွက်လာခဲ့သည်။ အိမ်ပြင်ရောက်တော့ ခြံရှေ့မှာ ကားကိုမှီကာ စတိုင်ကျကျမတ်တပ်ရပ်နေပြီး သူ့ကိုပြုံးပြကာ လက်ပြနှုတ်ဆက်နေသည့် သူ့ကို တွေ့လိုက်သည်။Gemini အနားသွားလိုက်ပြီး အလိုမကျ မျက်လုံးတွေနဲ့မေးလိုက်သည်။
"မနက်အစောကြီး ဘာလာလုပ်တာလဲ"
"ရည်းစားလေးကို လာကြိုတာလေ"
"ကလေးမဟုတ်ဘူး ငါ့ဘာသာသွားတတ်တယ်"
"အယ် ဟုလား ကိုယ့် မျက်လုံးထဲမှာ ရန်လိုနေတဲ့ ကြောင်ပေါက်လေးတစ်ကောင်လိုပဲ"
Gemini ပြောရင်း Fourth ခေါင်းကိုလက်နဲ့ လာဖွတာကြောင့် ဆိုးနေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။ ရီကာစနေတဲ့သူကြောင့် သူ့ပျော်ရွှင်မူတွေပါ ကူးစက်လာပြီး လိုက်ပြုံးမိသည်။
"အမ်းအမ်း အ၀တ်အစားသွားလဲလိုက်အုံးမယ်"
"လိုက်ခဲ့ရအုံးမလား"
"မလိုက်နဲ့ ခနလေးပဲစောင့်"
Gemini ခေါင်းငြိမ့်ပြတော့ Fourth တစ်ယောက် အိမ်ထဲ၀င်ကာ အ၀တ်အစားအမြန်လဲပြီး ပြန်ထွက်လာခဲ့သည်။
သူလာတော့ Gemini တစ်ယောက် ကားတံခါးကိုဖွင့်ပေးေတာ့ သူလည်း အလိုက်တသိ၀င်လိုက်သည်။ Gemini လည်း သူ့ဘေးနားက နေရာမှာ ၀င်ထိုင်ပြီး သူ့လက်မှာ ပတ်ထားတဲ့နာရီကို ကြည့်ကာ မေးလာသည်။
"ကျောင်းတတ်ဖို့အစောကြီးလိုသေးတာဆိုတော့ ဘယ်ဆိုင်မှာ မနက်စာသွားစားကြမလဲ"
"အဆင်ပြေတဲ့ဆိုင်သွားလိုက် ငါကရတယ်"
"အဲ့ဆို ကိုယ်သိတဲ့ဆိုင်သွားလိုက်မယ်နော်"
"အင်း"
Gemini တစ်ယောက် ကားမောင်းနေရင်း စကားဆက်ပြောလာသည်။
"ရည်းစားဖြစ်ပြီဆိုတော့ အချင်းချင်းခေါ်ရမဲ့နာမည်လေးတွေရှိသင့်တယ်မလား"
"ဘယ်လိုခေါ်စေချင်လို့လဲ"
"Darling "
"မခေါ်ချင်ဘူး ကြက်သိမ်းထတယ်"
"နေသားကျလိမ့်မယ်"
"မခေါ်ဘူး"
သူ့ပြောလိုက်တော့ ခနကြာတဲ့အထိ Gemin ဘက်မှ စကားပြန်မပြောလာတာကြောင့် စိတ်ကောက်သွားပြီဆိုတာ သိလိုက်သည်။ဒါကြောင့် သူ့ဘက်ပဲ အလျှော့ပေးဖို့ပြင်လိုက်ရ၏။
"အင်း နှစ်ယောက်တည်းရှိတဲ့အချိန်ခေါ်ပေးမယ်"
"ကျန်တဲ့အချိန်တွေကရော?"
"မင်းမရစ်နဲ့ဟာ"
"Gemini ကိုအတိုကောက်ခေါ်လေ"
"Gem လား"
Fourth တစ်ယောက် ပြောပြီး နောက်မှသတိရသွားတော့ မျက်နှာတစ်ခုလုံး ပန်းရောင်သန်းလာသည်။ Fourth ရှက်တဲ့အချိန် ချစ်စရာကောင်းလွန်းသည်။
"ဘာလာကြည့်နေတာလဲ မောင်းတော့"
Gemini ရယ်လိုက်ပြီး အရှေ့ဘက်ပြန်လှည့်ကာ ကားစက်နိုးလိုက်သည်။ ဒါတောင် မှန်ကို Fourth ဘက်လှည့်ထားပြီး ခိုးကြည့်နေမိသေးသည်။ဒီလိုနဲ့ သူတို့နှစ်ယောက် မနက်စာစားမဲ့ ဆိုင်လေးစီသို့ ရောက်သွားခဲ့သည်။
--------------------
မနက်စားစားပြီးကျောင်းသို့တန်းလာခဲ့ကြသည်။ ကျောင်းရှေ့မရောက်ခင် မလှမ်းမဝေးမှာ fourth က ကားရပ်ခိုင်းတာကြောင့် ကားရပ်လိုက်သည်။
"ငါဒီမှာပဲဆင်းလိုက်မယ်"
"ဘာလို့?"
"သူများတွေမြင်သွားမှာစိုးလို့လေ "
"အော်အင်း"
"ငါအခုအဆင်သင့်မဖြစ်သေးလို့ပါ ဖြစ်ရင် ငါဖွင့်ပြောမယ်လေနော် ငါ့ကိုနားလည်တယ်မလား"
"အင်း နားလည်တယ်"
Fourth ပြုံးပြကာ Gemini လက်ကို ကိုင်လိုက်သည်။ Gemini ဘက်ကပြန်ပြုံးလာတော့ ကျေနပ်သွားပြီး ကားပေါ်ကဆင်းလိုက်သည်။
"ငါသွားပြီနော် ဘိုင့် "
"ဘိုင့်"
သူနှုတ်ဆက်ကာ ကျောင်းထဲ၀င်လာသည်။ ကျောင်းထဲရောက်တော့ မနေ့ကြလောက် ဝမ်းမနည်းတော့ပေ။ ညက Pahn သူအဆင်ပြေကြောင်း စိတ်မပူဖို့ လှမ်းပြောတော့ စိတ်ချသွားပြီပင်။ Chokun ကတော့ အရင်တည်းက စိတ်မာတဲ့သူမို့လို့ ပြန်ကောင်းလာပြီမို့ ဒီနေ့ကျောင်းလာမည်ပြော၏။
သူကျောင်းထဲ၀င်ပြီး ခနအကြာတော့ ဆူညံသံတွေကြားလိုက်ရသည်။ သေချာပေါ့ ဒါGemini ကျောင်းကိုရောက်နေပြီပင်။ ခုချိန် Pahn သာရှိရင် သူ့ကိုခေါ်ပြီး ဓာတ်ပုံတွေသွားရိုက်အုံးမှာပင်။
Phan page လား?။သူက သူ့page ကိုတခြားသူစီလွဲပေးခဲ့ပြီး fourth ကိုတော့ အက်မင်ပေးခဲ့သည်။ မသွားခင်ပြောသွားသေးတာ "ငါ့တာ၀န်တွေ နင့်ကိုပေးအပ်လိုက်ပြီ" တဲ့။ ရှုပ်ရှုပ်ရှက်ရှက်တွေမကြိုက်တာကြောင့် ငြင်းလိုက်ပေမဲ့ ခုတော့ သဘောကျသွားပြီထင်ပါရဲ့။
အတွေးတွေကို ရပ်လိုက်ကာ စာသင်ခန်းထဲသို့၀င်လိုက်သည်။အခန်းထဲရောက်တော့ Chokun က သူ့ကိုလက်ပြနှုတ်ဆက်လာသည်။သူလည်း Chokun ဘေးနားသွားထိုင်ကာ မေးလိုက်သည်။
"အဆင်ပြေသွားပြီလား"
"အင်း အဆင်ပြေသွားပါပြီ"
"Pahn တောင်အဆင်ပြေနေတာ ငါတို့ပဲဖြစ်ပျက်နေတာနဲ့တူတယ်"
"ဟုတ်မှာပါလေ"
နှစ်ယောက်လုံးရယ်မိလိုက်ကြပြီး ခနကြာတော့ တိတ်ဆိတ်သွားကြသည်။Chokun ဘက်မှ စိတ်မကောင်းသည့်လေသံနဲ့ ပြောလာသည်။
"Pahn ဟိုမှာအသစ်ရသွားလောက်လား"
"မပြောတတ်ဘူး သူသဘောကျတဲ့သူတွေ့ရင်တောင် ငါတို့ကိုအရင်ပြောမှာပါ"
"အေးပါ"
သူတို့ပြောနေတုန်း ဆရာမရောက်လာတာကြောင့် ရပ်လိုက်ကြသည်။
-------------
အတန်းဆင်းတော့ Fourth ဖုန်းက ထလင်းလာပြီး စာရောက်လာသည်။ သူဖုန်းကို ဖွင့်ကြည့်လိုက်တော့ Gemini စာပို့ထားတာပင်။
Gem: ကျောင်းရှေ့မှာစောင့်နေတယ်
Fot: မအားဘူး Chokun နဲ့လိုက်သွားမို့
Gem: ထွက်လာခဲ့
Fot: မရဘူးလို့
Gem! Gem!
Fourth စာတွေဆက်တိုက်ပို့နေပေမဲ့ စာမပြန်တော့။Fourth သက်ပြင်းချလိုက်၏။
"Fourth သွားကြမယ်လေ"
"ဟိုဟာ ဟိုဟာလေ"
"ဘယ်ဟာလဲ"
"ငါ..ငါ.. ငါ၀ယ်စရာရှိတာ သတိရသွားလို့ နောက်တစ်ခေါက်ကြမှ လိုက်ခဲ့မယ်နော်"
"မင်း၀ယ်စရာရှိရင် ငါရပ်ပေးမယ်လေ"
"ရတယ် ဒုက္ခမပေးချင်ပါဘူး နောက်တစ်ခေါက်မှပေါ့ သူငယ်ချင်းရာ"
"အဲ့တာဆိုလည်း ပြီးရော သွားပြီနော် ဘိုင့်"
"ဘိုင့်"
Chokun သွားတော့မှ စိတ်အေးသွားတော့သည်။ ခနကြာတော့ Chokun သွားပြီလားချောင်းကြည့်လိုက်ပြီး မတွေ့တော့မှ ကျောင်းရှေ့သို့ထွက်လာခဲ့သည်။
ကျောင်းရှေ့နားမှာ ကားအမဲတစ်စီးရပ်ထားတာတွေ့လိုက်တာကြောင့် အဲ့ကားထဲ ၀င်သွားလိုက်သည်။
"ဘာလုပ်မလို့လဲ"
"၀မ်းကွဲအစ်ကို ဆိုင်အသစ်ဖွင့်ထားတာ လာခိုင်းလို့"
"အဲ့တော့ ငါက?"
"လိုက်ခဲ့ပေး"
"ဒီ၀တ်စုံကြီးနဲ့လိုက်လို့မရဘူး တခြားသူခေါ်သွား"
"Shopping mall ထဲမှာဖွင့်ထားတာမို့ အဲ့ရောက်မှ အင်္ကျီဝယ်လို့ရတယ်"
"ပိုက်ဆံမပါလာဘူး"
"ငါပါတယ်"
Fourth ပြန်ပြောစရာစကားမရှိတော့ ငြိမ်သွားတော့မှ Gemini က ပြုံးကာ ကားမောင်းလိုက်သည်။
မောင်းနေတဲ့အချိန် Fourth ဘက်က စကားစမလာတာကြောင့် Gemini ကလှည့်ကြည့်လိုက်တော့ ပြတင်းပေါက်ကို ငေးနေပြီး နှုတ်ခမ်းက ရှေ့အနည်းငယ်စူထားသည်။ဒါသေချာပေါက် စိတ်ကောက်နေတာပင်။ဒါကြောင့် လမ်းဘေးလေးမှာ ကားရပ်လိုက်ပြီး ချော့ဖို့ပြင်လိုက်သည်။
"Fourth~"
"...."
"Fourth ~ ကိုယ်က မင်းနဲ့အတူ သွားစားချင်လို့ပါ "
"....."
"Fourth အဲ့လိုကြီးမနေပါနဲ့ Fourth စိတ်ေကာက်ရင် ကိုယ်မနေတတ်ဘူး"
"မကောက်ဘူး"
"Baby ကကွာ"
Gem သုံးလိုက်တဲ့ နာမ်စားကြောင့် Fourth ကောက်နေတဲ့စိတ်တွေ အငွေ့လိုပျောက်သွားတော့သည်။
"ဘာမှမဖြစ်ဘူး ကားမောင်းတော့"
"သေချာလို့လား Bae"
"သေချာတယ်"
"အာ ချစ်စရာလေးကွာ"
ရှက်နေတဲ့ fourth မျက်နှာလေးကိုကြည့်ကာ သဘောကျနေသည်။ ဒီလိုကောင်လေးကို ပိုင်ဆိုင်ရတာ သူ့အတွက် အကောင်းဆုံးဆုလာဒ်တစ်ခုလိုပဲ။
----------------------
ဆိုင်ထဲ၀င်တော့ သူ့အစ်ကိုက ဖော်ဖော်ရွေရွေ နှုတ်ဆက်လာသည်။သူတို့လည်း လွတ်တဲ့နေရာ ၀င်ထိုင်လိုက်ကြ၏။ ခနနေတော့ စားပွဲပေါ်ကို အချိုပွဲများစွာရောက်လာပြီးGemini ရဲ့၀မ်းကွဲအစ်ကိုဆိုသည့်တစ်ယောက်ပါ လာထိုင်သည်။
"Fourth ဒါက ကိုယ့်၀မ်းကွဲအစ်ကို Phuwin တဲ့ဟိုတလောက မှပြန်ရောက်ပြီး ဆိုင်လာဖွင့်တာ "
"အော် တွေ့ရတာ၀မ်းသာပါတယ်"
"ဒီဘက်က "
Phuwin မေးလာတာကြောင့် Gemini က Fourth ဘက်လှည့်ကြလာသည်။Fourth လည်း ယုံကြည်သည့်ပုံပေါ်တာကြောင့် ပြောပြလိုက်ဖို့ ခေါင်းငြိမ့်လိုက်သည်။ Gemini ကိုစိတ်မခုစေချင်တာလည်းပါ၏။
"ဒီဘက်က ကျွန်တော်ကောင်လေး Fourth Nattawat "
"ဝိုးဝေါင်း မိုက်လှချည်လား "
"ဒီလိုပါပဲ"
"ငါ့ညီမင်းတော့ လူတွဲမှားပြီ"
Phuwin ကFourth ကိုကြည့်ပြောလာတာကြောင့် အနည်းငယ်လန့်သွားသည်။ သဘောမတူတာများလား?။
"ဟင် "
"Gemini က ဒါနည်းနည်းမကောင်းဘူး"
Phuwin က သူ့နားထင် လက်ညိုးထောက်ပြပြီးပြောလာတာကြောင့် Fourth ရယ်မိသွားသည်။
"သူက အပြင်ပန်းသာ တည်ငြိမ်ပေမဲ့ အတွင်းမှာ အဲ့တာမကောင်းဘူး"
"တော်ပြီ Fourth ဒါလေးစားကြည့်"
"တွေ့လား သူ့ရှက်သွားပြီ ဒါဆို အေးဆေးစားကြနော် ပြီးမှ အစ်ကို့ကို ရီဗျူးပေးပေါ့"
"ဟုတ်"
Gemini တစ်ယောက် Fourth ကို ခွံကျွေးတာကိုစားလိုက်ပြီး လက်မထောင်ပြလိုက်တော့ ကျေနပ်သွားသည်။ ဆိုင်ရဲ့ထောင်ဝိုင်းလေးမှာ တစ်ယောက်ကိုတစ်ယောက် ခွံကျွေးနေတဲ့ကောင်လေးနှစ်ယောက်က သူ့တို့စားနေတဲ့အချိုပွဲထက် ပိုချိုနေပါရဲ့။
သူတို့ ရှောက်ပတ်ကြည့်ကြပြီး လက်ထဲတွင် အထုတ်အပြည့်သယ်ကာ အိမ်ပြန်လာခဲ့ကြသည်။
-----------------
နှစ်လကြာပြီးနောက်
တွဲတာကြာလာတော့ တစ်ယောက်အကြောင်းတစ်ယောက် သိလာကြသည်။တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှမသိခဲ့တဲ့ ဘက်ခြမ်းတွေပါ သိလိုက်ရတော့ ကြည်နူးမိကြသည်။
Gemini သည် အပြင်ပန်းက အေးသည့်ပုံပေါက်ပေမဲ့ တကယ်တမ်းကြ အသေးစိတ်ကစ ဂရုစိုက်ပေးတတ်သူပင် ။ တစ်ခါတစ်ရံကြရင် သူ့ကိုယ်သူ ကိုယ်လို့သုံးနှုန်းတာကို သဘောကျမိသည်။ Fourth ကိုလည်း Baby လို့ခေါ်တာကိုလည်း ကြားပါများတော့ သဘောကျလာဟန်။ Darling လို့ခေါ်ရင် သဘောကျစွာ ပြုံးပြလာတဲ့ အပြုံးလေးတွေကိုလည်း သဘောကျသည်။ အရာရာတိုင်းဟာ သေချာကြည့်ရင် သဘောကျချင်စရာတွေပါပဲ။
Fourth က တစ်ခါတစ်ရံ စွာပေမဲ့ သူချွဲလိုက်ရင်လည်း အသဲယားလွန်းလို့ ပါးစပ်ထဲငုံထားချင်မိသည်။ သူအလိုမကျတဲ့အခါ စိတ်ကောက်တဲ့အခါ တစ်ခုခုကိုမကျေမနပ်ဖြစ်တဲ့အခါပေါ်တဲ့ သူ့မျက်လုံးလေးတွေကို သဘောကျမိသည်။ Darling လို့ခေါ်လိုက်တိုင်း သူတောင်းဆိုသမျှတွေကို ဖြည့်စည်းပေးနေမိသည်။လူတွေရှေ့မှာစလိုက်တိုင်း ပန်းရောင်သန်းလာတဲ့ မျက်နှာလေးကိုသဘောကျမိ၏။ တစ်နေ့တခြား ချစ်ဖို့ကောင်းလာတဲ့ ကောင်လေးကို နေ့တိုင်းအချစ်တွေပိုမိပါသည်။
____________________
စောင့်တာကြာသွားလား အချစ်လေးတို့ တောင်းပန်ပါတယ်နော်😭🩷
တီ! တီ!
Fourth တစ္ေယာက္ အိပ္ေနရာမွ ဖုန္းျမည္သံေၾကာင့္နိုးလာၿပီး လက္နဲ႕ဖုန္းရွိရာကိုစမ္းကာ ယူ၍ ကိုင္လိုက္သည္။
"ဟယ္လို ဘယ္သူလဲ"
"သိခ်င္ အိမ္ေရွ႕ထြက္လာခဲ့"
တစ္ဖက္က ေျပာေနသည့္အသံက Gemini ျဖစ္တာေၾကာင့္ မ်က္လုံးျပဴးသြားသည္။ မနက္အေစာႀကီး ဘာလာလုပ္တာလဲ?။မယုံလို႔ အခန္းျပင္ထြက္ကာ ဧည့္ခန္းထဲက လိုက္ကာ ကိုဖြင့္ၾကည့္လိုက္ေတာ့ ကားေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ Gemini ကိုေတြ႕လိုက္သည္။
အခန္းထဲျပန္၀င္ကာ ျမန္ျမန္ဆန္ဆန္ မ်က္ႏွာသစ္သြားတိုက္ကာ အိမ္ေရွ႕ထြက္လာခဲ့သည္။ အိမ္ျပင္ေရာက္ေတာ့ ၿခံေရွ႕မွာ ကားကိုမွီကာ စတိုင္က်က်မတ္တပ္ရပ္ေနၿပီး သူ႕ကိုၿပဳံးျပကာ လက္ျပႏႈတ္ဆက္ေနသည့္ သူ႕ကို ေတြ႕လိုက္သည္။Gemini အနားသြားလိုက္ၿပီး အလိုမက် မ်က္လုံးေတြနဲ႕ေမးလိုက္သည္။
"မနက္အေစာႀကီး ဘာလာလုပ္တာလဲ"
"ရည္းစားေလးကို လာႀကိဳတာေလ"
"ကေလးမဟုတ္ဘူး ငါ့ဘာသာသြားတတ္တယ္"
"အယ္ ဟုလား ကိုယ့္ မ်က္လုံးထဲမွာ ရန္လိုေနတဲ့ ေၾကာင္ေပါက္ေလးတစ္ေကာင္လိုပဲ"
Gemini ေျပာရင္း Fourth ေခါင္းကိုလက္နဲ႕ လာဖြတာေၾကာင့္ ဆိုးေနတဲ့စိတ္ေတြ ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ကုန္သည္။ ရီကာစေနတဲ့သူေၾကာင့္ သူ႕ေပ်ာ္႐ႊင္မူေတြပါ ကူးစက္လာၿပီး လိုက္ၿပဳံးမိသည္။
"အမ္းအမ္း အ၀တ္အစားသြားလဲလိုက္အုံးမယ္"
"လိုက္ခဲ့ရအုံးမလား"
"မလိုက္နဲ႕ ခနေလးပဲေစာင့္"
Gemini ေခါင္းၿငိမ့္ျပေတာ့ Fourth တစ္ေယာက္ အိမ္ထဲ၀င္ကာ အ၀တ္အစားအျမန္လဲၿပီး ျပန္ထြက္လာခဲ့သည္။
သူလာေတာ့ Gemini တစ္ေယာက္ ကားတံခါးကိုဖြင့္ေပးေတာ့ သူလည္း အလိုက္တသိ၀င္လိုက္သည္။ Gemini လည္း သူ႕ေဘးနားက ေနရာမွာ ၀င်ထိုင်ပြီး သူ႕လက္မွာ ပတ္ထားတဲ့နာရီကို ၾကည့္ကာ ေမးလာသည္။
"ေက်ာင္းတတ္ဖို႔အေစာႀကီးလိုေသးတာဆိုေတာ့ ဘယ္ဆိုင္မွာ မနက္စာသြားစားၾကမလဲ"
"အဆင္ေျပတဲ့ဆိုင္သြားလိုက္ ငါကရတယ္"
"အဲ့ဆို ကိုယ္သိတဲ့ဆိုင္သြားလိုက္မယ္ေနာ္"
"အင္း"
Gemini တစ္ေယာက္ ကားေမာင္းေနရင္း စကားဆက္ေျပာလာသည္။
"ရည္းစားျဖစ္ၿပီဆိုေတာ့ အခ်င္းခ်င္းေခၚရမဲ့နာမည္ေလးေတြရွိသင့္တယ္မလား"
"ဘယ္လိုေခၚေစခ်င္လို႔လဲ"
"Darling "
"မေခၚခ်င္ဘူး ၾကက္သိမ္းထတယ္"
"ေနသားက်လိမ့္မယ္"
"မေခၚဘူး"
သူ႕ေျပာလိုက္ေတာ့ ခနၾကာတဲ့အထိ Gemin ဘက္မွ စကားျပန္မေျပာလာတာေၾကာင့္ စိတ္ေကာက္သြားၿပီဆိုတာ သိလိုက္သည္။ဒါေၾကာင့္ သူ႕ဘက္ပဲ အေလွ်ာ့ေပးဖို႔ျပင္လိုက္ရ၏။
"အင္း ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ေခၚေပးမယ္"
"က်န္တဲ့အခ်ိန္ေတြကေရာ?"
"မင္းမရစ္နဲ႕ဟာ"
"Gemini ကိုအတိုေကာက္ေခၚေလ"
"Gem လား"
Fourth တစ္ေယာက္ ေျပာၿပီး ေနာက္မွသတိရသြားေတာ့ မ်က္ႏွာတစ္ခုလုံး ပန္းေရာင္သန္းလာသည္။ Fourth ရွက္တဲ့အခ်ိန္ ခ်စ္စရာေကာင္းလြန္းသည္။
"ဘာလာၾကည့္ေနတာလဲ ေမာင္းေတာ့"
Gemini ရယ္လိုက္ၿပီး အေရွ႕ဘက္ျပန္လွည့္ကာ ကားစက္နိုးလိုက္သည္။ ဒါေတာင္ မွန္ကို Fourth ဘက္လွည့္ထားၿပီး ခိုးၾကည့္ေနမိေသးသည္။ဒီလိုနဲ႕ သူတို႔ႏွစ္ေယာက္ မနက္စာစားမဲ့ ဆိုင္ေလးစီသို႔ ေရာက္သြားခဲ့သည္။
--------------------
မနက္စားစားၿပီးေက်ာင္းသို႔တန္းလာခဲ့ၾကသည္။ ေက်ာင္းေရွ႕မေရာက္ခင္ မလွမ္းမေဝးမွာ fourth က ကားရပ္ခိုင္းတာေၾကာင့္ ကားရပ္လိုက္သည္။
"ငါဒီမွာပဲဆင္းလိုက္မယ္"
"ဘာလို႔?"
"သူမ်ားေတြျမင္သြားမွာစိုးလို႔ေလ "
"ေအာ္အင္း"
"ငါအခုအဆင္သင့္မျဖစ္ေသးလို႔ပါ ျဖစ္ရင္ ငါဖြင့္ေျပာမယ္ေလေနာ္ ငါ့ကိုနားလည္တယ္မလား"
"အင္း နားလည္တယ္"
Fourth ၿပဳံးျပကာ Gemini လက္ကို ကိုင္လိုက္သည္။ Gemini ဘက္ကျပန္ၿပဳံးလာေတာ့ ေက်နပ္သြားၿပီး ကားေပၚကဆင္းလိုက္သည္။
"ငါသြားၿပီေနာ္ ဘိုင့္ "
"ဘိုင့္"
သူႏႈတ္ဆက္ကာ ေက်ာင္းထဲ၀င္လာသည္။ ေက်ာင္းထဲေရာက္ေတာ့ မေန႕ၾကေလာက္ ဝမ္းမနည္းေတာ့ေပ။ ညက Pahn သူအဆင္ေျပေၾကာင္း စိတ္မပူဖို႔ လွမ္းေျပာေတာ့ စိတ္ခ်သြားၿပီပင္။ Chokun ကေတာ့ အရင္တည္းက စိတ္မာတဲ့သူမို႔လို႔ ျပန္ေကာင္းလာၿပီမို႔ ဒီေန႕ေက်ာင္းလာမည္ေျပာ၏။
သူေက်ာင္းထဲ၀င္ၿပီး ခနအၾကာေတာ့ ဆူညံသံေတြၾကားလိုက္ရသည္။ ေသခ်ာေပါ့ ဒါGemini ေက်ာင္းကိုေရာက္ေနၿပီပင္။ ခုခ်ိန္ Pahn သာရွိရင္ သူ႕ကိုေခၚၿပီး ဓာတ္ပုံေတြသြားရိုက္အုံးမွာပင္။
Phan page လား?။သူက သူ႕page ကိုတျခားသူစီလြဲေပးခဲ့ၿပီး fourth ကိုေတာ့ အက္မင္ေပးခဲ့သည္။ မသြားခင္ေျပာသြားေသးတာ "ငါ့တာ၀န္ေတြ နင့္ကိုေပးအပ္လိုက္ၿပီ" တဲ့။ ရႈပ္ရႈပ္ရွက္ရွက္ေတြမႀကိဳက္တာေၾကာင့္ ျငင္းလိုက္ေပမဲ့ ခုေတာ့ သေဘာက်သြားၿပီထင္ပါရဲ႕။
အေတြးေတြကို ရပ္လိုက္ကာ စာသင္ခန္းထဲသို႔၀င္လိုက္သည္။အခန္းထဲေရာက္ေတာ့ Chokun က သူ႕ကိုလက္ျပႏႈတ္ဆက္လာသည္။သူလည္း Chokun ေဘးနားသြားထိုင္ကာ ေမးလိုက္သည္။
"အဆင္ေျပသြားၿပီလား"
"အင္း အဆင္ေျပသြားပါၿပီ"
"Pahn ေတာင္အဆင္ေျပေနတာ ငါတို႔ပဲျဖစ္ပ်က္ေနတာနဲ႕တူတယ္"
"ဟုတ္မွာပါေလ"
ႏွစ္ေယာက္လုံးရယ္မိလိုက္ၾကၿပီး ခနၾကာေတာ့ တိတ္ဆိတ္သြားၾကသည္။Chokun ဘက္မွ စိတ္မေကာင္းသည့္ေလသံနဲ႕ ေျပာလာသည္။
"Pahn ဟိုမွာအသစ္ရသြားေလာက္လား"
"မေျပာတတ္ဘူး သူသေဘာက်တဲ့သူေတြ႕ရင္ေတာင္ ငါတို႔ကိုအရင္ေျပာမွာပါ"
"ေအးပါ"
သူတို႔ေျပာေနတုန္း ဆရာမေရာက္လာတာေၾကာင့္ ရပ္လိုက္ၾကသည္။
-------------
အတန္းဆင္းေတာ့ Fourth ဖုန္းက ထလင္းလာၿပီး စာေရာက္လာသည္။ သူဖုန္းကို ဖြင့္ၾကည့္လိုက္ေတာ့ Gemini စာပို႔ထားတာပင္။
Gem: ေက်ာင္းေရွ႕မွာေစာင့္ေနတယ္
Fot: မအားဘူး Chokun နဲ႕လိုက္သြားမို႔
Gem: ထြက္လာခဲ့
Fot: မရဘူးလို႔
Gem! Gem!
Fourth စာေတြဆက္တိုက္ပို႔ေနေပမဲ့ စာမျပန္ေတာ့။Fourth သက္ျပင္းခ်လိဳက္၏။
"Fourth သြားၾကမယ္ေလ"
"ဟိုဟာ ဟိုဟာေလ"
"ဘယ္ဟာလဲ"
"ငါ..ငါ.. ငါ၀ယ္စရာရွိတာ သတိရသြားလို႔ ေနာက္တစ္ေခါက္ၾကမွ လိုက္ခဲ့မယ္ေနာ္"
"မင္း၀ယ္စရာရွိရင္ ငါရပ္ေပးမယ္ေလ"
"ရတယ္ ဒုကၡမေပးခ်င္ပါဘူး ေနာက္တစ္ေခါက္မွေပါ့ သူငယ္ခ်င္းရာ"
"အဲ့တာဆိုလည္း ၿပီးေရာ သြားၿပီေနာ္ ဘိုင့္"
"ဘိုင့္"
Chokun သြားေတာ့မွ စိတ္ေအးသြားေတာ့သည္။ ခနၾကာေတာ့ Chokun သြားၿပီလားေခ်ာင္းၾကည့္လိုက္ၿပီး မေတြ႕ေတာ့မွ ေက်ာင္းေရွ႕သို႔ထြက္လာခဲ့သည္။
ေက်ာင္းေရွ႕နားမွာ ကားအမဲတစ္စီးရပ္ထားတာေတြ႕လိုက္တာေၾကာင့္ အဲ့ကားထဲ ၀င်သွားလိုက်သည်။
"ဘာလုပ္မလို႔လဲ"
"၀မ်းကွဲအစ်ကို ဆိုင္အသစ္ဖြင့္ထားတာ လာခိုင္းလို႔"
"အဲ့ေတာ့ ငါက?"
"လိုက္ခဲ့ေပး"
"ဒီ၀တ္စုံႀကီးနဲ႕လိုက္လို႔မရဘူး တျခားသူေခၚသြား"
"Shopping mall ထဲမွာဖြင့္ထားတာမို႔ အဲ့ေရာက္မွ အကၤ်ီဝယ္လို႔ရတယ္"
"ပိုက္ဆံမပါလာဘူး"
"ငါပါတယ္"
Fourth ျပန္ေျပာစရာစကားမရွိေတာ့ ၿငိမ္သြားေတာ့မွ Gemini က ၿပဳံးကာ ကားေမာင္းလိုက္သည္။
ေမာင္းေနတဲ့အခ်ိန္ Fourth ဘက္က စကားစမလာတာေၾကာင့္ Gemini ကလွည့္ၾကည့္လိုက္ေတာ့ ျပတင္းေပါက္ကို ေငးေနၿပီး ႏႈတ္ခမ္းက ေရွ႕အနည္းငယ္စူထားသည္။ဒါေသခ်ာေပါက္ စိတ္ေကာက္ေနတာပင္။ဒါေၾကာင့္ လမ္းေဘးေလးမွာ ကားရပ္လိုက္ၿပီး ေခ်ာ့ဖို႔ျပင္လိုက္သည္။
"Fourth~"
"...."
"Fourth ~ ကိုယ္က မင္းနဲ႕အတူ သြားစားခ်င္လို႔ပါ "
"....."
"Fourth အဲ့လိုႀကီးမေနပါနဲ႕ Fourth စိတ္ေကာက်ရင် ကိုယ္မေနတတ္ဘူး"
"မေကာက္ဘူး"
"Baby ကကြာ"
Gem သုံးလိုက္တဲ့ နာမ္စားေၾကာင့္ Fourth ေကာက္ေနတဲ့စိတ္ေတြ အေငြ႕လိုေပ်ာက္သြားေတာ့သည္။
"ဘာမွမျဖစ္ဘူး ကားေမာင္းေတာ့"
"ေသခ်ာလို႔လား Bae"
"ေသခ်ာတယ္"
"အာ ခ်စ္စရာေလးကြာ"
ရွက္ေနတဲ့ fourth မ်က္ႏွာေလးကိုၾကည့္ကာ သေဘာက်ေနသည္။ ဒီလိုေကာင္ေလးကို ပိုင္ဆိုင္ရတာ သူ႕အတြက္ အေကာင္းဆုံးဆုလာဒ္တစ္ခုလိုပဲ။
----------------------
ဆိုင္ထဲ၀င္ေတာ့ သူ႕အစ္ကိုက ေဖာ္ေဖာ္ေ႐ြေ႐ြ ႏႈတ္ဆက္လာသည္။သူတို႔လည္း လြတ္တဲ့ေနရာ ၀င်ထိုင်လိုက်ၾက၏။ ခနေနေတာ့ စားပြဲေပၚကို အခ်ိဳပြဲမ်ားစြာေရာက္လာၿပီးGemini ရဲ႕၀မ္းကြဲအစ္ကိုဆိုသည့္တစ္ေယာက္ပါ လာထိုင္သည္။
"Fourth ဒါက ကိုယ့္၀မ္းကြဲအစ္ကို Phuwin တဲ့ဟိုတေလာက မွျပန္ေရာက္ၿပီး ဆိုင္လာဖြင့္တာ "
"ေအာ္ ေတြ႕ရတာ၀မ္းသာပါတယ္"
"ဒီဘက္က "
Phuwin ေမးလာတာေၾကာင့္ Gemini က Fourth ဘက္လွည့္ၾကလာသည္။Fourth လည္း ယုံၾကည္သည့္ပုံေပၚတာေၾကာင့္ ေျပာျပလိုက္ဖို႔ ေခါင္းၿငိမ့္လိုက္သည္။ Gemini ကိုစိတ္မခုေစခ်င္တာလည္းပါ၏။
"ဒီဘက္က ကြၽန္ေတာ္ေကာင္ေလး Fourth Nattawat "
"ဝိုးေဝါင္း မိုက္လွခ်ည္လား "
"ဒီလိုပါပဲ"
"ငါ့ညီမင္းေတာ့ လူတြဲမွားၿပီ"
Phuwin ကFourth ကိုၾကည့္ေျပာလာတာေၾကာင့္ အနည္းငယ္လန႔္သြားသည္။ သေဘာမတူတာမ်ားလား?။
"ဟင္ "
"Gemini က ဒါနည္းနည္းမေကာင္းဘူး"
Phuwin က သူ႕နားထင္ လက္ညိုးေထာက္ျပၿပီးေျပာလာတာေၾကာင့္ Fourth ရယ္မိသြားသည္။
"သူက အျပင္ပန္းသာ တည္ၿငိမ္ေပမဲ့ အတြင္းမွာ အဲ့တာမေကာင္းဘူး"
"ေတာ္ၿပီ Fourth ဒါေလးစားၾကည့္"
"ေတြ႕လား သူ႕ရွက္သြားၿပီ ဒါဆို ေအးေဆးစားၾကေနာ္ ၿပီးမွ အစ္ကို႔ကို ရီဗ်ဴးေပးေပါ့"
"ဟုတ္"
Gemini တစ္ေယာက္ Fourth ကို ခြံေကြၽးတာကိုစားလိုက္ၿပီး လက္မေထာင္ျပလိုက္ေတာ့ ေက်နပ္သြားသည္။ ဆိုင္ရဲ႕ေထာင္ဝိုင္းေလးမွာ တစ္ေယာက္ကိုတစ္ေယာက္ ခြံေကြၽးေနတဲ့ေကာင္ေလးႏွစ္ေယာက္က သူ႕တို႔စားေနတဲ့အခ်ိဳပြဲထက္ ပိုခ်ိဳေနပါရဲ႕။
သူတို႔ ေရွာက္ပတ္ၾကည့္ၾကၿပီး လက္ထဲတြင္ အထုတ္အျပည့္သယ္ကာ အိမ္ျပန္လာခဲ့ၾကသည္။
-----------------
ႏွစ္လၾကာၿပီးေနာက္
တြဲတာၾကာလာေတာ့ တစ္ေယာက္အေၾကာင္းတစ္ေယာက္ သိလာၾကသည္။တစ္ေယာက္နဲ႕တစ္ေယာက္ တစ္ခါမွမသိခဲ့တဲ့ ဘက္ျခမ္းေတြပါ သိလိုက္ရေတာ့ ၾကည္ႏူးမိၾကသည္။
Gemini သည္ အျပင္ပန္းက ေအးသည့္ပုံေပါက္ေပမဲ့ တကယ္တမ္းၾက အေသးစိတ္ကစ ဂ႐ုစိုက္ေပးတတ္သူပင္ ။ တစ္ခါတစ္ရံၾကရင္ သူ႕ကိုယ္သူ ကိုယ္လို႔သုံးႏႈန္းတာကို သေဘာက်မိသည္။ Fourth ကိုလည္း Baby လို႔ေခၚတာကိုလည္း ၾကားပါမ်ားေတာ့ သေဘာက်လာဟန္။ Darling လို႔ေခၚရင္ သေဘာက်စြာ ၿပဳံးျပလာတဲ့ အၿပဳံးေလးေတြကိုလည္း သေဘာက်သည္။ အရာရာတိုင္းဟာ ေသခ်ာၾကည့္ရင္ သေဘာက်ခ်င္စရာေတြပါပဲ။
Fourth က တစ္ခါတစ္ရံ စြာေပမဲ့ သူခြၽဲလိုက္ရင္လည္း အသဲယားလြန္းလို႔ ပါးစပ္ထဲငုံထားခ်င္မိသည္။ သူအလိုမက်တဲ့အခါ စိတ္ေကာက္တဲ့အခါ တစ္ခုခုကိုမေက်မနပ္ျဖစ္တဲ့အခါေပၚတဲ့ သူ႕မ်က္လုံးေလးေတြကို သေဘာက်မိသည္။ Darling လို႔ေခၚလိုက္တိုင္း သူေတာင္းဆိုသမွ်ေတြကို ျဖည့္စည္းေပးေနမိသည္။လူေတြေရွ႕မွာစလိုက္တိုင္း ပန္းေရာင္သန္းလာတဲ့ မ်က္ႏွာေလးကိုသေဘာက်မိ၏။ တစ္ေန႕တျခား ခ်စ္ဖို႔ေကာင္းလာတဲ့ ေကာင္ေလးကို ေန႕တိုင္းအခ်စ္ေတြပိုမိပါသည္။
____________________
ေစာင့္တာၾကာသြားလား အခ်စ္ေလးတို႔ ေတာင္းပန္ပါတယ္ေနာ္😭
[text_hash] => 6a746e39
)
What do you think?