Array
(
[text] =>
Chokun ဒီနေ့ တစ်ကိုယ်လုံးနှုန်းနေပြီး အားမရှိပင်ဖြစ်ေန၏။ မနေ့က မိုးရွာနေတုန်း ထီးမဆောင်းဘဲ အပြင်ထွက်မိသွားလို့ပင်။ စထွက်တုန်းက မိုးဆဲနေလို့ ရတယ်ဆိုပြီး ထွက်တာ အပြန်လမ်းမှာ မိုးက သည်းလာသည်။ မနေ့ညကပင် အကောင်းကြီး။ ဒီနေ့ မနက်ကြမှ ထဖြစ်တာပင်။
Chokun တစ်ယောက် အိမ်ပြန်လမ်းတွင် သေချာဂရုစိုက်ပြန်နေရသည်။ ကျောင်းဆောင်အရှေ့နားရောက်တော့ Aungpao နဲ့သွားဆုံသည်။ Chokun လည်း မျက်လုံးတွေပါ ဝေးဝါးနေပြီမို့ ဘယ်သူမှန်း သေသေချာချာ မမြင်ရပေ။
Aungpao က သူ့ကိုမြင်တော့ အနားလာပြီး ပြောသည်။
"မင်းတို့ တောင်းပန်မယ်ဆိုတဲ့ကိစ္စ?"
"နောက်နေ့ကြမှ ပြောကြတာပေါ့ ငါ ဒီနေ့ နေမကောင်းလို့"
Chokun က ပြောပြီး ထွက်သွားမည်အလုပ် Aungpao က ကော်လံကနေ ကိုင်ပြီး သူ့အရှေ့ပြန်ပို့လိုက်သည်။သူတို့ရောက်နေတဲ့ နေရာက လူသိပ်မလာတာတဲ့နေရာဖြစ်ပြီး အကယ်၍ တစ်ယောက်ယောက်က အနိုင်ကျင့်နေတာ တွေ့ခဲ့ရင် ပြန်တိုင်ရဲမည် မဟုတ်။
"ဘာလဲ မင်းက ရှောင်ပြေးချင်လို့ပါ"
"မဟုတ်ဘူး ငါတကယ်.."
Chokun တစ်ယောက် ပြောလဲပြောပြီး မေ့လဲသွားလေသည်။ Aungpao မှာ အမြန်လှမ်းဖမ်းလိုက်ပြီး ဘေးကိုကြည့်တော့ အကူအညီတောင်းစရာ လူမတွေ့။ ဘာလို့ အဲ့လောက် ပျော့ဖတ်နေရတာလဲ။
လက်ကို နဖူးပေါ်တင်ပြီး စမ်းကြည့်တော့ မသိရင် မီးပူကို လက်နဲ့သွားကိုင်ရသလိုမျိုးပင် ပူခြစ်တောက်နေသည်။ သူလည်း ဘာလုပ်ရမှန်းမသိတာနဲ့ Chokun ကိုကျောပေါ်တင်ကာ ကျောင်းဆေးပေးခန်းကို ခေါ်သွားရလေသည်။
ဟိုရောက်တော့ သူနာပြုဆရာမက အပူရှိန်တွေတတ်ပြီး အဖျားကြီးနေတာလို့ပြောပြီး ရေပတ်တိုက်ပေးဖို့လည်း မှာသွားသည်။ သူ့သူငယ်ချင်းတွေက်ု ဖုန်းဆက်ပြောဖို့ကလဲ သူ့အိတ်ကို ခွင့်ပြုချက်မပါဘဲ မကိုင်ချင်။ Aungpao လည်း မတတ်နိုင်တဲ့အဆုံး သူကိုယ်တိုင်ပဲ ရေပတ်တိုက်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
တစ်ခါမှ ရေပတ်မတိုက်ဖူးတာကြောင့် Aungpao တော်တော်ပင်ပန်းသွားရသည်။ ပစ္စည်းတွေသေချာပြန်ထားကာ သူလည်း မသိလိုက်ချိန်မှာ ကုတင်ဘေးတွင် မျက်နှာကို ကုတင်ပေါ်တင်၍ လက်ခုပြီး အိပ်ပျော်သွားလေ၏။
_______________
Fourth တစ်ယောက် သန့်စင်ခန်းထဲက ထွက်လာတော့ ဘေစင်မှာ လက်ဆေးနေတဲ့ Gemini ကိုတွေ့လိုက်ရသည်။ သူလည်း သန့်စင်ခန်းထဲပြန်၀င်ဖို့ကြိုးစားပေမဲ့ မှန်ထဲကနေ သူ့ကို လှမ်းကြည့်နေတဲ့ မျက်လုံးတစ်စုံယောက် ခြေလှမ်းတွေရပ်တန့်သွားတော့သည်။မှန်ရှေ့မှ ရပ်နေရာမှ သူဘက်လှည့်လာပြီး တင်းမာနေသည့် လေသံဖြင့်ပြောလာသည်။
"ဘာလို့ ရှောင်နေတာလဲ?"
"ငါမင်းကို ဘယ်မှာရှောင်လို့လဲ"
Gemini သည် တဖြည်းဖြည်းနဲ့ ရှေ့တိုးလာတော့ Fourth သည် နောက်ကိုဆုတ်သွားရသည်။
"သေချာလား?"
"အေ..အေးလေ"
Fourth ဆုတ်ရင်းကနေ နောက်မှ နံရံဘဲကျန်တော့လို့ ဘယ်လိုမှ နောက်ဆုတ်လို့မရတော့ပေ။ Gemini ကလည်း သူရှေ့လာရပ်ပြီး လက်တစ်ဖက်ကို သူ့ဘေးနားက နံရံကိုထောက်ထားပြီး သူ့မျက်နှာနားတိုးကာ ပြောလာသည်။
"မင်းခုဘဲ ရှောင်နေတာမဟုတ်ဘူးလား"
Fourth လည်း သူ့အသံကြောင့် ကြက်သိမ်းထသွားသည်။ သူ့နေရာမှာ မိန်းကလေးတွေသာဆိုရင် ဆွဲဆောင်မူရှိတယ်ဆိုပြီး ပြောလိုက်မယ်။ ဒါပေမဲ့ သူ့အမြင်မှာတော့ ခြိမ်းခြောက်နေတဲ့ လူသတ်သမားအသံနဲ့ပဲတူသည်။
"ဘာလဲ အ သွားတာလား"
"ဘာ...ဘာလဲ မင်းဖယ်လိုက်တော့"
Fourth တစ်ယောက် သူ့ရှေ့တွင်ရှိနေသော လူကိုအတင်းတွန်းဖယ်ပြီး သန့်စင်ခန်းထဲက ထွက်လာသည်။အထဲမှာ ကျန်ခဲ့တဲ့ Gemini က တော့ တစ်ယောက်တည်းပြုံးနေပြီး စကားလုံးအချို့လည်း ပါးစပ်က ပြောနေလေ၏။
"ဒါရှက်သွားတာပေါ့"
____________________
Chokun တစ်ယောက်နိုးလာတော့ ခေါင်းသိပ်မကြည်ပင်ဖြစ်နေသည်။ ဘေးပတ်လည် ကြည့်လိုက်တော့ သူကျောင်းဆေးခန်းရောက်နေမှန်းသိသွားသည်။ သူဘယ်လို့ရောက်နေတာလဲ?။စဉ်းစားနေတုန်း သူနောက်ဆုံးသတိရတာ Aungpao ရှေ့မှာ မေ့လဲသွားတာပင်။ သူဆေးခန်း ပို့ပေးလိုက်တာနေမှာလို့ တွေးပြီး ထမည့်အလုပ် ကုတင်ပေါ်တွင် ခေါင်းတင်ကာ လက်ခု၍ အိပ်နေသည့် Aungpao ကိုတွေ့လိုက်သည်။
သူ Aungpao မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကိုသေချာစွာကြည့်နေသည်။ အပေါက်သာမဆိုးခဲ့ရင် တော်တော်ချောတာ။သူကြည့်နေတုန်း တစ်ဖက်က လှုပ်လာတဲ့ သူ ကြည့်နေရာမှ တစ်ဖက်သို့လွှဲလိုက်သည်။ သူဘက်က စကားစလာသည်။
"မင်းနိုးလာပြီလား"
Chokun ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
"မင်းသက်သာအောင်လို့ ရေပတ်တိုက်ပေးထားတယ်"
Aungpao စကားကြောင့် မျက်လုံးပြူးသွားသည်။ပြန်မေးမယ်အလုပ်...။သူနာရီကို ကြည့်ပြီး ပြောလာသည်။
"အခုငါသွားရတော့မယ်! မင်းသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းလိုက် "
သူပြောချင်တာပြောပြီး ထွက်သွားလေသည်။ အလျင်လိုနေသည်ထင်၏။ သူလည်း မေးချင်တဲ့စိတ်တွေဖျောက်လိုက်ပြီး စားပွဲပေါ်က ဖုန်းကိုယူပြီး fourth စီအရင်ဆက်လိုက်သည်။ သူတို့နှစ်ယောက် အတူရှိမည်ထင်လို့ ဆက်လိုက်ပေမဲ့ Phan သည် သူ့သူငယ်ချင်းတွေနဲ့သွားတယ် ဆိုတာကြောင့် သူ့phan ကို ထက်ဆက်လိုက်ရသည်။
Fourth ကတော့ ကျောင်းထဲမှာပဲရှိနေတာမို့လာခဲ့မယ်ပြောပြီး Phan က ကျောင်းပြင်ပမှာမို့ အပြန်မှ အိမ်၀င်လာခဲ့မယ်ပြောပြီး fourth ကိုပါ အိမ်ကိုခေါ်ထားရန်ပြောသွားသည်။
ခနကြာတော့ fourth က အချိုရည်တစ်ဘူး ကိုင်ကာ ရောက်လာ၏။
"သက်သာလား"
"အင်း ခေါင်းလေးနည်းနည်းပဲကိုက်တော့တာ"
"ရော့ ခေါင်းကြည်အောင် အချိုရည်သောက်လိုက်"
Fourth အဖုံးဖွင့်လိုက်ပြီး Chokun ကိုပေးလိုက်သည်။
"ဘယ်လိုလောက်ဒီလောက် ဖြစ်သွားရတာလဲ"
Chokun လည်းဖြစ်ကြောင်းကုန်စီရှင်းပြတော့ Fourth က ထဆဲပါတော့သည်။
"ထီးမဆောင်းတာကို ခံပေါ့ "
"မင်းကလဲ"
"ဒါနဲ့ မင်းဘယ်လို ဒီကိုရောက်လာတာလဲ"
"Aungpao လိုက်ပို့ပေးတာ"
"ဘာ!!"
"ဖြေးဖြေးအော်ပါကွ! ဒီလို ငါလမ်းသွားတုန်း သူက ရန်လာစတာ ငါကပြန်ပြောရင်းနဲ့ အစတည်းက အားမရှိလို့ သတိမေ့သွားတာ"
"အော် ခုသူကရော"
"ပြန်သွားပြီလေ "
"မင်းအိမ်ပြန်လို့ရော ရလို့လား"
"ငါကောင်းသွားပါပြီ"
ဒီလိုနဲ့ သူတို့နှစ်ယောက် Chokun အိမ်သို့ ထွက်လာခဲ့ကြသည်။ သူ့အိမ်ရောက်တော့ သူအမေကို ဒီတိုင်းလာလည်တာပါလို့ပဲပြောပြီး နေမကောင်းတာကိုတော့ ထည့်မပြောကြပါ။ Chokun အမေသည်အရမ်းစိတ်ပူတတ်တဲ့သူမို့ သူ့ကြောင့် မပြောဖို့ဆုံးဖြတ်ခဲ့ကြသည်။
နှစ်ယောက်သား အပေါ်ထပ်က Chokun အခန်းသို့ တတ်သွားကြသည်။ အခန်းထဲရောက်တော့ Fourth က ကုတင်ပေါ်ပစ်လဲလိုက်သည်။
"အခုမှ အညောင်းပြေတော့တယ်"
"အပျင်းထူလိုက်တာ ငါအ၀တ်အစားသွားလဲအုံးမယ်"
သူ့ကိုပြောပြီး Chokun သည် အဝတ်အစားသွားလဲနေ၏။ Chokun အ၀တ်အစားလဲပြီးထွက်လာချိန်တွင် Phan က အထုတ်တွေအပြည့် လက်ထဲမှာကိုင်ပြီး အခန်းထဲ၀င်လာတော့သည်။ လက်ထဲမှာ ဆေးတွေရော အစားအသောက်တွေရော ပါ၏။
"ဘာကြည့်နေတာလဲ လာသယ်ကြလေ"
"လာပြီလာပြီ ပေး"
"နင်ဘာလို့ အဲ့လောက်အများကြီးဝယ်လာတာလဲ"
"နင်ဖျားနေတယ်ဆိုတော့ စိတ်ပူလို့လေ"
"အော်အေးပါ ကျေးဇူး"
သူတို့ပြောနေတုန်း Fourth က အစားအသောက်တွေပန်းကန်ထဲထည့်ပြီး အဆင်သင့်ပြင်နေသည်။ အကုန်ပြီးသွားတော့ Phan နဲ့ Chokun ကိုလှမ်းခေါ်ကာသုံးယောက်သား စားနေကြတော့သည်။
စားနေတုန်း ပန်းကန်တစ်ခုထဲတွင် ပုစွန်တစ်ယောက်သာကျန်တော့သည်။ Fourth နဲ့ Pahn သည် ထိုပုစွန်ကို တချိန်တည်းယူမိသွားသည်။ ပုစွန်သည် သူတို့တူထဲမပါသွားတဲ့ တူအချင်းချင်းသာ တိုက်မိသွား၏။ နှစ်ယောက်သား အကြည့်နဲ့စစ်ပွဲဖြစ်နေပြီး လက်ကတော့ ပုစွန်ကိုလုနေကြသည်။
နောက်ဆုံး Fourth ကရသွားပြီး ပါးစပ်ထဲကောက်ထည့်လိုက်သည်။ Phan သည်မျက်နှာမဲ့သွားပြီး....။
"Fourth အကျင့်မကောင်းဘူး"
"နင့်ဘာသာရအောင်မယူတာလဲ"
"ဒါငါ၀ယ်လာတာလေ နင်ငါ့ကိုဉီးစားပေးရမှာပေါ့"
"မသိဘူး အရင်ရတဲ့သူစားကြေးပဲ"
သူတို့နှစ်ယောက် စကားများနေတာကို Chokun တစ်ယောက် နားညီးလာတာကြောင့် သူ့ပန်းကန်ထဲက ပုစွန်ကို Pahn ကိုပေးလိုက်သည်။
"ရပြီမလား တော်ကြတော့"
"ငါ့ Chokun လေးက အကောင်းဆုံးပဲ တစ် ချို့ လူတွေလိုမဟုတ်ဘူး"
လက်မလေးထောင်ကာ Chokun ကိုပြောရင်း တစ်ချို့ဆိုတဲ့ နေရာကို တစ်လုံးချင်းစီပြောလိုက်သည်။ ဘယ်သူကိုပြောလဲဆိုတာ မေးစရာမလို Fourth မှန်းသိကြသည်။
သူတို့သုံးယောက် စားရင်းနဲ့ ပန်းကန်ဆေးရမဲ့အချိန်သို့ရောက်လာသည်။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ သူမဆေးဘူးငါမဆေးဘူး ဆိုတဲ့အကြည့်တွေနဲ့ကြည့်နေကြသည်။
"ဟာ!! တော်ပြီ စုံစွမ်စိ ဆော့မယ် ရှုံးတဲ့သူဆေးကြေး ဘယ်လိုလဲ"
Fourth ပြောတာကို ကျန်တဲ့သူတွေက လက်ခံကြတော့ သုံးယောက်သား ဆော့နေကြသည်။
ပထမတစ်ကြိမ်မှာတော့ Phan ကအနိုင်ရသွားပြီပင်။ ကျန်တဲ့ Fourth နဲ့ Chokun ကဆက်ဆော့တော့ Fourth ကပဲနိုင်သွားလေရဲ့။
Chokun က ရှုံးသွားလေသည်။
"မင်းတို့်မကောင်းဘူး"
"ဟဲ့ ဒါသဘောတူလို့ဆော့ကြတာလေ"
"အေးပါ နေမကောင်းတဲ့သူကိုခိုင်းကြ"
Chokun က ပန်းကန်တွေသိမ်းပြီး သွားဆေးနေလေသည်။ ပန်းကန်ဆေးဖို့ ဆပ်ပြာကုန်နေတာမို့ ဆပ်ပြာဘူးအသစ်ယူပြီးပြန်ထွက်လာချိန်မှာ မျက်နှာကို ရေနဲ့ပတ်ခြင်းခံလိုက်ရသည်။ ဘယ်သူလဲ ကြည့်လိုက်တော့ Fourth ။ မျက်လုံးထဲရေ၀င်သွားတာကြောင့် မျက်လုံးက နီလာတာကို သူတို့ ကဝိုင်းစကြနေသည်။ Fourth...။
"အချစ်လေး ငိုနေတာလား မငိုပါနဲ့ ဝိုင်းဆေးပေးပါ့မယ်"
"ချီးကို အချစ်လေးလား"
သူတို့တွေရီလိုက်ကြပြီး Phan က သူ့လက်ထဲက ဆပ်ပြာဘူးကိုဆွဲယူကာ ဘေစင်နားယူသွားသည်။
"ပေး ဆပ်ပြာဘူး ငါတို့ဝိုင်းဆေးပေးမယ်"
"မင်းတို့လုပ်လို့ မျက်လုံးစပ်သွားပြီ ငါမဆေးတော့ဘူး"
"ဟဲ့ မကန်းသေးဘူးမလား လာဆေး"
သူတို့သုံးယောက် ပန်ကန်ကိုဆေးကြလိုက် ရေနဲ့ပတ်လိုက်နဲ့ သုံးယောက်သား ရေတွေစိုကုန်သည်။ မျက်နှာတွေမှာလည်း အမြှပ်တွေလည်း ရှိနေ၏။ Chokun သည် သူတို့နှင့်တွေ့လျှင် ပင်ပန်းတာတွေရော နေမကောင်းတာတွေရော မေ့ပျောက်တဲ့အထိ ပျော်ရွှင်မိသည်။
သူတို့နှစ်ယောက် Chokun ကိုနှုတ်ဆက်ကာ အိမ်အသီးသီးသို့ပြန်လာခဲ့ကြသည်။ Fourth တစ်ယောက် အခန်းထဲရောက်သည်နဲ့ ရေချိုးလိုက်ကာ ကုတင်ပေါ်တတ်ကာ ဖုန်းသုံးနေလိုက်သည်။ ခုနက Chokun အိမ်မှာ စားခဲ့တာများသည်မို့ ဗိုက်လည်းထက်မဆာတော့ပေ။
သူဖုန်းသုံးနေတုန်း တစ်ယောက်ယောက်က အကောင့်လာအပ်သည့် နိုတီ၀င်လာတော့ နိုပ်လိုက်ပြီး အကောင့်နာမည်မြင်လိုက်ချိန်မှာ ခန္တာကိုယ်ထဲက သွေးတွေ ပြောင်းပြန်စီးဆင်းသွားသလို ခံစားရလိုက်သည်။ Gemini သူ့ acc ဘယ်လိုသိတာလဲ?။ကျောင်းက ရင်းနှီးတဲ့သူတွေပဲ acc ပေးထားတာမို့ သူဘယ်လိုသိသွားတာလဲ?။ Fourth အကောင့်နာမည်သည်လည်း အရင်းမဟုတ်ဘဲ FotFot လို့ထား ထားသောကြောင့် သူမှန်းသိတဲ့သူရှား၏။
သူတွေးနေတုန်း တစ်ဖက်မှ စာလာပို့လာသည်။
'မင်း ငါ့ကိုဘာလို့ရှောင်တာလဲ"
သူ့စာကိုဖတ်ပြီး ဘယ်လိုပြန်ဖြေရမလဲ တွေးနေတုန်း တခြားစာ ထက်၀င်လာသည်။
'စာတောင် မပြန်ရဲတော့လို့လား'
'အဓိပ္ပာယ်မရှိတာပဲ'
'တောင်းပန်'
'ငါမမှားဘဲ မတောင်းပန်နိုင်ဘူး'
Seen ပြပြီး Gemini ဘက်ကစာမပြန်တော့ပေ။ သူပြောတာလဲမမှားလေ။ မမှားဘဲ တောင်းပန်ရအောင် သူက ဘာကောင်မလို့လဲ။ အလကား ဘ၀င်မြင့်နေတဲ့ကောင်။
________________________
ဆန်မ်မင် ship လေးပါ အရံထည့်ရေးထားတာမို့ သဘောကျမယ် မျှော်လင့်ပါတယ်><
Don't forget Vote( • 3• )
Chokun ဒီေန႕ တစ္ကိုယ္လုံးႏႈန္းေနၿပီး အားမရွိပင္ျဖစ္ေန၏။ မေန႕က မိုး႐ြာေနတုန္း ထီးမေဆာင္းဘဲ အျပင္ထြက္မိသြားလို႔ပင္။ စထြက္တုန္းက မိုးဆဲေနလို႔ ရတယ္ဆိုၿပီး ထြက္တာ အျပန္လမ္းမွာ မိုးက သည္းလာသည္။ မေန႕ညကပင္ အေကာင္းႀကီး။ ဒီေန႕ မနက္ၾကမွ ထျဖစ္တာပင္။
Chokun တစ္ေယာက္ အိမ္ျပန္လမ္းတြင္ ေသခ်ာဂ႐ုစိုက္ျပန္ေနရသည္။ ေက်ာင္းေဆာင္အေရွ႕နားေရာက္ေတာ့ Aungpao နဲ႕သြားဆုံသည္။ Chokun လည္း မ်က္လုံးေတြပါ ေဝးဝါးေနၿပီမို႔ ဘယ္သူမွန္း ေသေသခ်ာခ်ာ မျမင္ရေပ။
Aungpao က သူ႕ကိုျမင္ေတာ့ အနားလာၿပီး ေျပာသည္။
"မင္းတို႔ ေတာင္းပန္မယ္ဆိုတဲ့ကိစၥ?"
"ေနာက္ေန႕ၾကမွ ေျပာၾကတာေပါ့ ငါ ဒီေန႕ ေနမေကာင္းလို႔"
Chokun က ေျပာၿပီး ထြက္သြားမည္အလုပ္ Aungpao က ေကာ္လံကေန ကိုင္ၿပီး သူ႕အေရွ႕ျပန္ပို႔လိုက္သည္။သူတို႔ေရာက္ေနတဲ့ ေနရာက လူသိပ္မလာတာတဲ့ေနရာျဖစ္ၿပီး အကယ္၍ တစ္ေယာက္ေယာက္က အနိုင္က်င့္ေနတာ ေတြ႕ခဲ့ရင္ ျပန္တိုင္ရဲမည္ မဟုတ္။
"ဘာလဲ မင္းက ေရွာင္ေျပးခ်င္လို႔ပါ"
"မဟုတ္ဘူး ငါတကယ္.."
Chokun တစ္ေယာက္ ေျပာလဲေျပာၿပီး ေမ့လဲသြားေလသည္။ Aungpao မွာ အျမန္လွမ္းဖမ္းလိုက္ၿပီး ေဘးကိုၾကည့္ေတာ့ အကူအညီေတာင္းစရာ လူမေတြ႕။ ဘာလို႔ အဲ့ေလာက္ ေပ်ာ့ဖတ္ေနရတာလဲ။
လက္ကို နဖူးေပၚတင္ၿပီး စမ္းၾကည့္ေတာ့ မသိရင္ မီးပူကို လက္နဲ႕သြားကိုင္ရသလိုမ်ိဳးပင္ ပူျခစ္ေတာက္ေနသည္။ သူလည္း ဘာလုပ္ရမွန္းမသိတာနဲ႕ Chokun ကိုေက်ာေပၚတင္ကာ ေက်ာင္းေဆးေပးခန္းကို ေခၚသြားရေလသည္။
ဟိုေရာက္ေတာ့ သူနာျပဳဆရာမက အပူရွိန္ေတြတတ္ၿပီး အဖ်ားႀကီးေနတာလို႔ေျပာၿပီး ေရပတ္တိုက္ေပးဖို႔လည္း မွာသြားသည္။ သူ့သူငယ်ချင်းတွေက်ု ဖုန္းဆက္ေျပာဖို႔ကလဲ သူ႕အိတ္ကို ခြင့္ျပဳခ်က္မပါဘဲ မကိုင္ခ်င္။ Aungpao လည္း မတတ္နိုင္တဲ့အဆုံး သူကိုယ္တိုင္ပဲ ေရပတ္တိုက္ေပးဖို႔ ဆုံးျဖတ္လိုက္သည္။
တစ္ခါမွ ေရပတ္မတိုက္ဖူးတာေၾကာင့္ Aungpao ေတာ္ေတာ္ပင္ပန္းသြားရသည္။ ပစၥည္းေတြေသခ်ာျပန္ထားကာ သူလည္း မသိလိုက္ခ်ိန္မွာ ကုတင္ေဘးတြင္ မ်က္ႏွာကို ကုတင္ေပၚတင္၍ လက္ခုၿပီး အိပ္ေပ်ာ္သြားေလ၏။
_______________
Fourth တစ္ေယာက္ သန႔္စင္ခန္းထဲက ထြက္လာေတာ့ ေဘစင္မွာ လက္ေဆးေနတဲ့ Gemini ကိုေတြ႕လိုက္ရသည္။ သူလည္း သန႔္စင္ခန္းထဲျပန္၀င္ဖို႔ႀကိဳးစားေပမဲ့ မွန္ထဲကေန သူ႕ကို လွမ္းၾကည့္ေနတဲ့ မ်က္လုံးတစ္စုံေယာက္ ေျခလွမ္းေတြရပ္တန႔္သြားေတာ့သည္။မွန္ေရွ႕မွ ရပ္ေနရာမွ သူဘက္လွည့္လာၿပီး တင္းမာေနသည့္ ေလသံျဖင့္ေျပာလာသည္။
"ဘာလို႔ ေရွာင္ေနတာလဲ?"
"ငါမင္းကို ဘယ္မွာေရွာင္လို႔လဲ"
Gemini သည္ တျဖည္းျဖည္းနဲ႕ ေရွ႕တိုးလာေတာ့ Fourth သည္ ေနာက္ကိုဆုတ္သြားရသည္။
"ေသခ်ာလား?"
"ေအ..ေအးေလ"
Fourth ဆုတ္ရင္းကေန ေနာက္မွ နံရံဘဲက်န္ေတာ့လို႔ ဘယ္လိုမွ ေနာက္ဆုတ္လို႔မရေတာ့ေပ။ Gemini ကလည္း သူေရွ႕လာရပ္ၿပီး လက္တစ္ဖက္ကို သူ႕ေဘးနားက နံရံကိုေထာက္ထားၿပီး သူ႕မ်က္ႏွာနားတိုးကာ ေျပာလာသည္။
"မင္းခုဘဲ ေရွာင္ေနတာမဟုတ္ဘူးလား"
Fourth လည္း သူ႕အသံေၾကာင့္ ၾကက္သိမ္းထသြားသည္။ သူ႕ေနရာမွာ မိန္းကေလးေတြသာဆိုရင္ ဆြဲေဆာင္မူရွိတယ္ဆိုၿပီး ေျပာလိုက္မယ္။ ဒါေပမဲ့ သူ႕အျမင္မွာေတာ့ ၿခိမ္းေျခာက္ေနတဲ့ လူသတ္သမားအသံနဲ႕ပဲတူသည္။
"ဘာလဲ အ သြားတာလား"
"ဘာ...ဘာလဲ မင္းဖယ္လိုက္ေတာ့"
Fourth တစ္ေယာက္ သူ႕ေရွ႕တြင္ရွိေနေသာ လူကိုအတင္းတြန္းဖယ္ၿပီး သန႔္စင္ခန္းထဲက ထြက္လာသည္။အထဲမွာ က်န္ခဲ့တဲ့ Gemini က ေတာ့ တစ္ေယာက္တည္းၿပဳံးေနၿပီး စကားလုံးအခ်ိဳ႕လည္း ပါးစပ္က ေျပာေနေလ၏။
"ဒါရွက္သြားတာေပါ့"
____________________
Chokun တစ္ေယာက္နိုးလာေတာ့ ေခါင္းသိပ္မၾကည္ပင္ျဖစ္ေနသည္။ ေဘးပတ္လည္ ၾကည့္လိုက္ေတာ့ သူေက်ာင္းေဆးခန္းေရာက္ေနမွန္းသိသြားသည္။ သူဘယ္လို႔ေရာက္ေနတာလဲ?။စဥ္းစားေနတုန္း သူေနာက္ဆုံးသတိရတာ Aungpao ေရွ႕မွာ ေမ့လဲသြားတာပင္။ သူေဆးခန္း ပို႔ေပးလိုက္တာေနမွာလို႔ ေတြးၿပီး ထမည့္အလုပ္ ကုတင္ေပၚတြင္ ေခါင္းတင္ကာ လက္ခု၍ အိပ္ေနသည့္ Aungpao ကိုေတြ႕လိုက္သည္။
သူ Aungpao မ်က္ႏွာအစိတ္အပိုင္းတစ္ခုခ်င္းစီကိုေသခ်ာစြာၾကည့္ေနသည္။ အေပါက္သာမဆိုးခဲ့ရင္ ေတာ္ေတာ္ေခ်ာတာ။သူၾကည့္ေနတုန္း တစ္ဖက္က လႈပ္လာတဲ့ သူ ၾကည့္ေနရာမွ တစ္ဖက္သို႔လႊဲလိုက္သည္။ သူဘက္က စကားစလာသည္။
"မင္းနိုးလာၿပီလား"
Chokun ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္သည္။
"မင္းသက္သာေအာင္လို႔ ေရပတ္တိုက္ေပးထားတယ္"
Aungpao စကားေၾကာင့္ မ်က္လုံးျပဴးသြားသည္။ျပန္ေမးမယ္အလုပ္...။သူနာရီကို ၾကည့္ၿပီး ေျပာလာသည္။
"အခုငါသြားရေတာ့မယ္! မင္းသူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီး လာေခၚခိုင္းလိုက္ "
သူေျပာခ်င္တာေျပာၿပီး ထြက္သြားေလသည္။ အလ်င္လိုေနသည္ထင္၏။ သူလည္း ေမးခ်င္တဲ့စိတ္ေတြေဖ်ာက္လိုက္ၿပီး စားပြဲေပၚက ဖုန္းကိုယူၿပီး fourth စီအရင္ဆက္လိုက္သည္။ သူတို႔ႏွစ္ေယာက္ အတူရွိမည္ထင္လို႔ ဆက္လိုက္ေပမဲ့ Phan သည္ သူ႕သူငယ္ခ်င္းေတြနဲ႕သြားတယ္ ဆိုတာေၾကာင့္ သူ႕phan ကို ထက္ဆက္လိုက္ရသည္။
Fourth ကေတာ့ ေက်ာင္းထဲမွာပဲရွိေနတာမို႔လာခဲ့မယ္ေျပာၿပီး Phan က ေက်ာင္းျပင္ပမွာမို႔ အျပန္မွ အိမ္၀င္လာခဲ့မယ္ေျပာၿပီး fourth ကိုပါ အိမ္ကိုေခၚထားရန္ေျပာသြားသည္။
ခနၾကာေတာ့ fourth က အခ်ိဳရည္တစ္ဘူး ကိုင္ကာ ေရာက္လာ၏။
"သက္သာလား"
"အင္း ေခါင္းေလးနည္းနည္းပဲကိုက္ေတာ့တာ"
"ေရာ့ ေခါင္းၾကည္ေအာင္ အခ်ိဳရည္ေသာက္လိုက္"
Fourth အဖုံးဖြင့္လိုက္ၿပီး Chokun ကိုေပးလိုက္သည္။
"ဘယ္လိုေလာက္ဒီေလာက္ ျဖစ္သြားရတာလဲ"
Chokun လည္းျဖစ္ေၾကာင္းကုန္စီရွင္းျပေတာ့ Fourth က ထဆဲပါေတာ့သည္။
"ထီးမေဆာင္းတာကို ခံေပါ့ "
"မင္းကလဲ"
"ဒါနဲ႕ မင္းဘယ္လို ဒီကိုေရာက္လာတာလဲ"
"Aungpao လိုက္ပို႔ေပးတာ"
"ဘာ!!"
"ေျဖးေျဖးေအာ္ပါကြ! ဒီလို ငါလမ္းသြားတုန္း သူက ရန္လာစတာ ငါကျပန္ေျပာရင္းနဲ႕ အစတည္းက အားမရွိလို႔ သတိေမ့သြားတာ"
"ေအာ္ ခုသူကေရာ"
"ျပန္သြားၿပီေလ "
"မင္းအိမ္ျပန္လို႔ေရာ ရလို႔လား"
"ငါေကာင္းသြားပါၿပီ"
ဒီလိုနဲ႕ သူတို႔ႏွစ္ေယာက္ Chokun အိမ္သို႔ ထြက္လာခဲ့ၾကသည္။ သူ႕အိမ္ေရာက္ေတာ့ သူအေမကို ဒီတိုင္းလာလည္တာပါလို႔ပဲေျပာၿပီး ေနမေကာင္းတာကိုေတာ့ ထည့္မေျပာၾကပါ။ Chokun အေမသည္အရမ္းစိတ္ပူတတ္တဲ့သူမို႔ သူ႕ေၾကာင့္ မေျပာဖို႔ဆုံးျဖတ္ခဲ့ၾကသည္။
ႏွစ္ေယာက္သား အေပၚထပ္က Chokun အခန္းသို႔ တတ္သြားၾကသည္။ အခန္းထဲေရာက္ေတာ့ Fourth က ကုတင္ေပၚပစ္လဲလိုက္သည္။
"အခုမွ အေညာင္းေျပေတာ့တယ္"
"အပ်င္းထူလိုက္တာ ငါအ၀တ္အစားသြားလဲအုံးမယ္"
သူ႕ကိုေျပာၿပီး Chokun သည္ အဝတ္အစားသြားလဲေန၏။ Chokun အ၀တ္အစားလဲၿပီးထြက္လာခ်ိန္တြင္ Phan က အထုတ္ေတြအျပည့္ လက္ထဲမွာကိုင္ၿပီး အခန္းထဲ၀င္လာေတာ့သည္။ လက္ထဲမွာ ေဆးေတြေရာ အစားအေသာက္ေတြေရာ ပါ၏။
"ဘာၾကည့္ေနတာလဲ လာသယ္ၾကေလ"
"လာၿပီလာၿပီ ေပး"
"နင္ဘာလို႔ အဲ့ေလာက္အမ်ားႀကီးဝယ္လာတာလဲ"
"နင္ဖ်ားေနတယ္ဆိုေတာ့ စိတ္ပူလို႔ေလ"
"ေအာ္ေအးပါ ေက်းဇူး"
သူတို႔ေျပာေနတုန္း Fourth က အစားအေသာက္ေတြပန္းကန္ထဲထည့္ၿပီး အဆင္သင့္ျပင္ေနသည္။ အကုန္ၿပီးသြားေတာ့ Phan နဲ႕ Chokun ကိုလွမ္းေခၚကာသုံးေယာက္သား စားေနၾကေတာ့သည္။
စားေနတုန္း ပန္းကန္တစ္ခုထဲတြင္ ပုစြန္တစ္ေယာက္သာက်န္ေတာ့သည္။ Fourth နဲ႕ Pahn သည္ ထိုပုစြန္ကို တခ်ိန္တည္းယူမိသြားသည္။ ပုစြန္သည္ သူတို႔တူထဲမပါသြားတဲ့ တူအခ်င္းခ်င္းသာ တိုက္မိသြား၏။ ႏွစ္ေယာက္သား အၾကည့္နဲ႕စစ္ပြဲျဖစ္ေနၿပီး လက္ကေတာ့ ပုစြန္ကိုလုေနၾကသည္။
ေနာက္ဆုံး Fourth ကရသြားၿပီး ပါးစပ္ထဲေကာက္ထည့္လိုက္သည္။ Phan သည္မ်က္ႏွာမဲ့သြားၿပီး....။
"Fourth အက်င့္မေကာင္းဘူး"
"နင့္ဘာသာရေအာင္မယူတာလဲ"
"ဒါငါ၀ယ္လာတာေလ နင္ငါ့ကိုဉီးစားေပးရမွာေပါ့"
"မသိဘူး အရင္ရတဲ့သူစားေၾကးပဲ"
သူတို႔ႏွစ္ေယာက္ စကားမ်ားေနတာကို Chokun တစ္ေယာက္ နားညီးလာတာေၾကာင့္ သူ႕ပန္းကန္ထဲက ပုစြန္ကို Pahn ကိုေပးလိုက္သည္။
"ရၿပီမလား ေတာ္ၾကေတာ့"
"ငါ့ Chokun ေလးက အေကာင္းဆုံးပဲ တစ္ ခ်ိဳ႕ လူေတြလိုမဟုတ္ဘူး"
လက္မေလးေထာင္ကာ Chokun ကိုေျပာရင္း တစ္ခ်ိဳ႕ဆိုတဲ့ ေနရာကို တစ္လုံးခ်င္းစီေျပာလိုက္သည္။ ဘယ္သူကိုေျပာလဲဆိုတာ ေမးစရာမလို Fourth မွန္းသိၾကသည္။
သူတို႔သုံးေယာက္ စားရင္းနဲ႕ ပန္းကန္ေဆးရမဲ့အခ်ိန္သို႔ေရာက္လာသည္။ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ကာ သူမေဆးဘူးငါမေဆးဘူး ဆိုတဲ့အၾကည့္ေတြနဲ႕ၾကည့္ေနၾကသည္။
"ဟာ!! ေတာ္ၿပီ စုံစြမ္စိ ေဆာ့မယ္ ရႈံးတဲ့သူေဆးေၾကး ဘယ္လိုလဲ"
Fourth ေျပာတာကို က်န္တဲ့သူေတြက လက္ခံၾကေတာ့ သုံးေယာက္သား ေဆာ့ေနၾကသည္။
ပထမတစ္ႀကိမ္မွာေတာ့ Phan ကအနိုင္ရသြားၿပီပင္။ က်န္တဲ့ Fourth နဲ႕ Chokun ကဆက္ေဆာ့ေတာ့ Fourth ကပဲနိုင္သြားေလရဲ႕။
Chokun က ရႈံးသြားေလသည္။
"မင္းတို႔္မေကာင္းဘူး"
"ဟဲ့ ဒါသေဘာတူလို႔ေဆာ့ၾကတာေလ"
"ေအးပါ ေနမေကာင္းတဲ့သူကိုခိုင္းၾက"
Chokun က ပန္းကန္ေတြသိမ္းၿပီး သြားေဆးေနေလသည္။ ပန္းကန္ေဆးဖို႔ ဆပ္ျပာကုန္ေနတာမို႔ ဆပ္ျပာဘူးအသစ္ယူၿပီးျပန္ထြက္လာခ်ိန္မွာ မ်က္ႏွာကို ေရနဲ႕ပတ္ျခင္းခံလိုက္ရသည္။ ဘယ္သူလဲ ၾကည့္လိုက္ေတာ့ Fourth ။ မ်က္လုံးထဲေရ၀င္သြားတာေၾကာင့္ မ်က္လုံးက နီလာတာကို သူတို႔ ကဝိုင္းစၾကေနသည္။ Fourth...။
"အခ်စ္ေလး ငိုေနတာလား မငိုပါနဲ႕ ဝိုင္းေဆးေပးပါ့မယ္"
"ခ်ီးကို အခ်စ္ေလးလား"
သူတို႔ေတြရီလိုက္ၾကၿပီး Phan က သူ႕လက္ထဲက ဆပ္ျပာဘူးကိုဆြဲယူကာ ေဘစင္နားယူသြားသည္။
"ေပး ဆပ္ျပာဘူး ငါတို႔ဝိုင္းေဆးေပးမယ္"
"မင္းတို႔လုပ္လို႔ မ်က္လုံးစပ္သြားၿပီ ငါမေဆးေတာ့ဘူး"
"ဟဲ့ မကန္းေသးဘူးမလား လာေဆး"
သူတို႔သုံးေယာက္ ပန္ကန္ကိုေဆးၾကလိုက္ ေရနဲ႕ပတ္လိုက္နဲ႕ သုံးေယာက္သား ေရေတြစိုကုန္သည္။ မ်က္ႏွာေတြမွာလည္း အျမႇပ္ေတြလည္း ရွိေန၏။ Chokun သည္ သူတို႔ႏွင့္ေတြ႕လွ်င္ ပင္ပန္းတာေတြေရာ ေနမေကာင္းတာေတြေရာ ေမ့ေပ်ာက္တဲ့အထိ ေပ်ာ္႐ႊင္မိသည္။
သူတို႔ႏွစ္ေယာက္ Chokun ကိုႏႈတ္ဆက္ကာ အိမ္အသီးသီးသို႔ျပန္လာခဲ့ၾကသည္။ Fourth တစ္ေယာက္ အခန္းထဲေရာက္သည္နဲ႕ ေရခ်ိဳးလိုက္ကာ ကုတင္ေပၚတတ္ကာ ဖုန္းသုံးေနလိုက္သည္။ ခုနက Chokun အိမ္မွာ စားခဲ့တာမ်ားသည္မို႔ ဗိုက္လည္းထက္မဆာေတာ့ေပ။
သူဖုန္းသုံးေနတုန္း တစ္ေယာက္ေယာက္က အေကာင့္လာအပ္သည့္ နိုတီ၀င္လာေတာ့ နိုပ္လိုက္ၿပီး အေကာင့္နာမည္ျမင္လိုက္ခ်ိန္မွာ ခႏၱာကိုယ္ထဲက ေသြးေတြ ေျပာင္းျပန္စီးဆင္းသြားသလို ခံစားရလိုက္သည္။ Gemini သူ႕ acc ဘယ္လိုသိတာလဲ?။ေက်ာင္းက ရင္းႏွီးတဲ့သူေတြပဲ acc ေပးထားတာမို႔ သူဘယ္လိုသိသြားတာလဲ?။ Fourth အေကာင့္နာမည္သည္လည္း အရင္းမဟုတ္ဘဲ FotFot လို႔ထား ထားေသာေၾကာင့္ သူမွန္းသိတဲ့သူရွား၏။
သူေတြးေနတုန္း တစ္ဖက္မွ စာလာပို႔လာသည္။
'မင္း ငါ့ကိုဘာလို႔ေရွာင္တာလဲ"
သူ႕စာကိုဖတ္ၿပီး ဘယ္လိုျပန္ေျဖရမလဲ ေတြးေနတုန္း တျခားစာ ထက္၀င္လာသည္။
'စာေတာင္ မျပန္ရဲေတာ့လို႔လား'
'အဓိပၸာယ္မရွိတာပဲ'
'ေတာင္းပန္'
'ငါမမွားဘဲ မေတာင္းပန္နိုင္ဘူး'
Seen ျပၿပီး Gemini ဘက္ကစာမျပန္ေတာ့ေပ။ သူေျပာတာလဲမမွားေလ။ မမွားဘဲ ေတာင္းပန္ရေအာင္ သူက ဘာေကာင္မလို႔လဲ။ အလကား ဘ၀င္ျမင့္ေနတဲ့ေကာင္။
________________________
ဆန္မ္မင္ ship ေလးပါ အရံထည့္ေရးထားတာမို႔ သေဘာက်မယ္ ေမွ်ာ္လင့္ပါတယ္><
Don't forget Vote( 3 )
[text_hash] => 34e7dc75
)
What do you think?