Array
(
[text] =>
"fourth မင်းဘယ်လိုလုပ်လိုက်တာလဲ"
"ငါကမင်းအတွက် ကူပြောပေးလိုက်တာလေ"
"အေးကျေးဇူးပါ ဒါပေမဲ့ သူ့ဖိနပ်တန်ဖိုးက ငါလျော်နိုင်မယ်မထင်ဘူးဟ"
သူပြောလိုက်တော့fourth မျက်နှာ မဲ့သွားတော့သည်။အစတုန်းက ဖိနပ်ဈေးနှုန်းကို ပုံမှန်ထက်အနည်းငယ်သာ မှန်းထားခဲ့ကြတာ။Gemini ဖိနပ်ကို ရှာကြည့်လိုက်ရော သူတို့ထင်ထားတာထက် အဆပေါင်းများစွာ ကွာဟနေသည်။ သူတို့မုန့်ဖိုးတစ်လစာ မစားဘဲနေရင်တောင် ရလောက်မယ်မထင်။Aungpao ပြောသည်ကို သူတို့လက်ခံရတော့မယ်ထင်သည်။
"ငါပြန်တောင်းပန်လိုက်ရင်ရော"
"ဘာ! ငါမင်းအတွက် အနစ်နာခံပြီး ပြောခဲ့ပေးတာကို မင်းက ဒီတိုင်းထားလိုက်တော့မယ်ပေါ့"
"အဲ့လိုမဟုတ်ဘူးလေကွာ"
Fourth နဲ့ Chokun ကစကားများနေကြသည်ကို Pahn ကြည့်ရင်း ခေါင်းကိုက်လာသဖြင့် နှစ်ယောက်လုံးက မျက်နှာချင်းဆိုင်စကားပြောနေသောကြောင့် ခေါင်းနှစ်ခုလုံးကို ကိုင်ကာ နဖူးချင်း တိုက်ပေးလိုက်သည်။
"နင်တို့ အဲ့လိုစကားပြောနေမဲ့အစား နည်းလမ်းစဉ်းစားပါလား"
"အဲ့ဒါ နင့်ကောင်ကြောင့်လေ"
"ဘာလဲ ငါ့အစ်ကိုက မမှားဘူး နင်အရင်၀င်တိုက်တာကို "
"ဟုတ်ပါတယ်အမတော်ရယ်"
"တော်ပြီ နင်တို့စုထားတာဘယ်လောက်ရှိလဲ"
သူတို့နှစ်ယောက်ပြောနေတုန်းက ၀င်မပြောခဲ့ပေမဲ့ ခုတော့ တကယ်နည်းလမ်းက သူ့ကိုထိပ်လန့်သွားတော့သည်။သူစုထားတဲ့ မုန့်ဖိုးတွေက ဟိုတစ်နေ့က ဆိုင်ကယ်ဝယ်လိုက်မိပြီပင်။
"တကယ် ပေးရမှာလား"
"အေးပေါ့ နင်ဘယ်လောက်ရှိလဲ"
"ဆောရီးပါ ငါဟိုတစ်နေ့က ဆိုင်ကယ်ဝယ်လိုက်မိပြီ"
Fourth လက်အုပ်လေးချီကာ မျက်နှာငယ်လေးဖြင့် ပြောပြလေသည်။
"ဟာ နင်ကတော့... Chokun နင်ရော"
"ငါ့မှာလဲ အဲ့လောက်အများကြီးမရှိဘူးဟ"
"နည်းနည်းတောင်မရှိဘူးလား"
"အဲ့တန်ဖိုးရဲ့1/10 လောက်ပဲရှိတယ်"
"ဟမ်!"
နောက်ဆုံးတော့ သူတို့မှာ စဉ်းစားစရာနည်းလမ်းမရှိတော့ပေ။တစ်ခုတည်းသော နည်းလမ်းကတော့ သွားတောင်းပန်ဖို့ပင် ဖြစ်သည်။Chokunက..။
"သွားတောင်းပန်လိုက်တော့မယ်"
"ဟာ မင်း.."
"အဲ့ဒါဆို မင်းဘယ်လိုလုပ်မှာလဲ ပြောလေ"
Fourth သက်ပြင်းတစ်ချက်ချကာ...။
"ငါတော့ မတောင်းပန်နိုင်ဘူး"
"အေး ငါပဲတောင်းပန်မှာ"
"သဘောပဲ"
သူတို့စီစဉ်ထားတဲ့အတိုင်း နေ့လည် အတန်းတတ်ပြီးသည်နှင့် Gemini တို့နဲ့ ကျောင်းနောက်ဖက်မှာ ချိန်းလိုက်ပြီး တောင်းပန်ဖို့ပြင်လိုက်သည်။ fourth ကတော့ သူတို့နဲ့ခပ်ဝေးဝေး နေရာက သစ်ပင်နားတွင် ရပ်နေသည်။Gemini တို့အဖွဲ့ထဲက Aungapo က သူတို့လက်ထဲက ပိုက်ဆံမပါလာဘူးဆိုသည့် အကြည့်ဖြင့် ကြည့်ပြီး လှောင်းပြုံးပြုံးနေသည်။ Satang က...။
"ဘယ်မှာလဲ ပိုက်ဆံ"
Chokun နဲ့ Phan တို့သည် ကြောက်ကြောက်ဖြင့် လက်အုပ်လေးချီကာ ခါးကို ကိုင်း၍ တောင်းပန်ကြလေသည်။
"တကယ်တောင်းပန်ပါတယ် နောက်တစ်ခါ မဖြစ်စေရပါဘူး"
သူတို့စကားလည်းကြားရော တစ်ဖွဲ့လုံးက ဝိုင်းရီကြပါလေရော။
"မင်းတို့ပြောတော့ ရစေရမယ်ဆို "
"တကယ် တောင်းပန်ပါတယ် ကြိုက်တာတောင်းဆို အကုန်လုပ်ပါ့မယ်"
"ဘာလဲ မင်းတို့က တကယ်ရီရတာပဲ"
Aungpao က..။
"မင်းတို့အဲ့နေ့က အာချောင်တဲ့ကောင်ရော"
"အယ် အဲ့တာက "
Chokun က သူတို့ fourth ကိုမေတွ့မိဖို့ ဆုတောင်းနေသည်။တွေ့ရင် သူတို့က Fourth ကိုကလဲ့စားချေပြီး ပြန်ပြောလိမ့်မယ်။ သူတို့ရီနေရင်းမှ Gemini သည် Chokun ကိုကြည့်ရင်းပြောလာသည်။
"ဘာမဆိုလား"
"ဟုတ်"
"အဲ့ဒါဆို ဟိုနားက တစ်ယောက်တောင်းပန်တာ လိုချင်တယ်"
"ဗျာ"
Gemini လက်ညွှန်းထိုးတဲ့နေရာကြည့်လိုက်တော့ Fourth က ထိုင်ရင်းမုန့်စားနေသည်။ *သေပြီ! အဲ့ကောင်ဘာလို့ မျက်စိကောင်းရတာလဲ*။ သစ်ပင်နားမှာဆိုတော့ တခြားအပင်တွေနဲ့ အနည်းငယ်ကွယ်နေသည်။တော်ရုံလူဆို မမြင်ရတာကို သူမို့လို့။
Phan သည် လန့်သွားသည်။အစတည်းက Fourth ကသူမမှားရင်မတောင်းပန်တတ်တဲ့ လူစားမျိုး။ အခုလည်း သူ့ကိုအဲ့လိုပြောတာသိရင် ဒေါသထွက်နေမှာ။Phan လည်း တောင်းပန်ဖို့ မဖြစ်နိုင်မှန်းသိတော့ ဆွေးနွေးဖို့ပြင်လိုက်သည်။
"P'Gem အဲ့တာတော့ မရလောက်ဘူး တခြားတစ်ခု တောင်းဆိုပေးပါလားဟင်"
"ရွေးချယ်စရာ နှစ်ခုပေးထားတယ် ကြိုက်တာရွေး"
ထိုသို့ ပြောပြီး Gemini သည် အရင်ထွက်သွားသည်။တခြားသူတွေက သူ့နောက်က လိုက်သွားသည်။နောက်ဆုံးမှသွားသော Winny က "မင်းတို့တော့ သွားပြီ" ဆိုပြီး တိုးတိုးလေးပြောသွားလေသည်။
Chokun တို့ နှစ်ယောက်လဲ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်ကုန်တော့သည်။ပိုက်ဆံကလည်းမရ တောင်းပန်ခိုင်းဖို့ကလဲ မဖြစ်နိုင်။
Gemini တို့အုပ်စု ထိုနေရာမှထွက်လာကြပြီး ကန်တင်းသွားရန် ဉီးတည်တော့သည်။သွားတဲ့လမ်းမှာ အနောက်က Satang နဲ့ Aungpao က စကားတွေ ပြောနေကြပြီး Winny ကတော့ သူ့ဘေးနားကနေလျှောက်နေသည်။ အဖွဲ့ထဲမှာ Winny က တည်ငြိမ်သည်။ Gemini က လေးယောက်အတူရှိချိန်မှာ စကားတွေပြောလေ့ရှိပေမဲ့ Winny ကတော့ သိပ်မပြော။
လမ်းနည်း"ကျော်လောက်မှာ Gemini သည် ခနရပ်၍ သန့်စင်ခန်းသွားမယ်ပြောကာ ထွက်လာခဲ့သည်။ထို့နောက် သစ်ပင်ကြီးရှိတဲ့နေရာအား သွားလိုက်သည်။ သူ့သူငယ်ချင်းတွေ ကတော့ သူအတွက် စိုးရိမ်နေကြပေမဲ့ သူကတော့ ဒီနားမှာ မုန့်စားလို့ကောင်းနေသည်။
Fourth သည် မုန့်စားလို့ပြီးလို့ နောက်လှည့်လိုက်တော့ ရုပ်တည်ကြီးနဲ့ ကြည့်နေတဲ့သူကိုတွေကတော့ လန့်ဖျန့်ပြီး လက်သီးနဲ့ထိုးဖို့ပြင်လိုက်သည်။ထိုသူက လက်မြန်တော့ လက်သူ့မျက်နှာပေါ်မရောက်ခင် သူလက်နဲ့ လှမ်းကိုင်ထားလိုက်သည်။သေချာကြည့်လိုက်တော့မှာ Gemini ပင်။
"ပြစ်မှု နှစ်ခုရှိသွားပြီ"
"ဘာ! မင်း ဘာလို့ငါ့နောက်လာရပ်နေလဲ ရပ်တော့ လန့်ပြီး ငါထိုးမိမှာဘဲ"
Gemini သည် သူ့ကိုဘာမှမပြောဘဲ ရုပ်တည်ကြီးနဲ့ကြည့်နေသည်။သူလည်း စိတ်တိုနေတာနဲ့ သူရှေ့မှ ထွက်သွားခံနီး သူစကားတစ်ခွန်းပြောလာသည်။ သူပြောလိုက်တဲ့စကားကြောင့် Fourth ဒေါသက ငယ်ထိပ်ထိရောက်သွားပြီပင်။
"မင်းငါ့ကို တောင်းပန်ဖို့ပြင်ထားပါ"
ထိုသို့ပြောပြီး Gemini သည် ထွက်သွားလေသည်။သူကတော့ စိတ်ထဲမှာ Gemini ကို ကျိန်ဆဲနေမိသည်။ဟိုနှစ်ယောက်ဘာတွေပြောလိုက်တော့ Gemini က ခုလိုလာလှောင်သွားရတာလဲ!။ခုထိလည်း ပြန်မလာကြသေးဘူး။
သူတွေးနေတုန်းပဲရှိသေးတယ် အဝေးကနေ မျက်နှာငိုမဲ့မဲ့နဲ့လျှောက်လာတဲ့ Chokun နဲ့ Phan ကိုတွေ့လိုက်တော့သည်။အနားရောက်တော့..။
"မင်းတို့ဘာတွေလုပ်လိုက်တာလဲ"
Chokun က
"ဟမ် ဘာဖြစ်လို့လဲ"
"Gemini ပေါ့ ငါ့ကိုလာပြောသွားတယ်"
"ဘာပြောသွားလို့လဲ"
"ငါက သူ့ကိုတောင်းပန်ဖို့ပြင်ဆင်ထားကမယ်တဲ့"
Chokunနဲ့ Pahn လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ။
"Fourth ငါတို့တောင်းပန်ပါတယ်"2
"မင်းတို့ ဘာတွေသွားပြောလိုက်တာလဲ"
Phan သည်ဖြစ်ကြောင်းကုန်စီအကုန်ပြောပြလိုက်တော့ Fourth တစ်ယောက် ထသွားထိုးမယ်ပြင်တော့ နှစ်ယောက်ကအတင်းဆွဲထားရသည်။
"သူ အဲ့တာသက်သက်ညစ်တာ သူနဲ့စရင်းသွားရှင်းမယ်"
"အဲ အဲမလုပ်နဲ့ ဟဲ့ဝိုင်းဆွဲလေ"
နောက်တစ်ခါသွားပြောမယ်လုပ်တော့ ဝိုင်းဆွဲရပြန်သည်။ ခုတစ်ခါတော့ Phan က သူဘက်ကိုလှည့်စေရင်း စိတ်အေးအေးထားဖို့ပြောသည်။
"သူငယ်ချင်းတို့ ငါ့မှာနည်းလမ်းရှိတယ်"
နှစ်ယောက်သား Pahn အနားသွားတော့ တိုးတိုးတိတ်တိတ် လေးပြောပြသည်။Chokun က သူပြောတာကို အံဩကာ..။
"ဖြစ်ပါ့မလား"
"ရတယ် Fourth နင့်အပေါ်မူတည်တယ်နော်"
"စိတ်ချလိုက်"
"ဒါဆို ငါတို့ကြတော့ရော"
"နင်ကလဲ လာ အနားလာခဲ့"
Chokun သည် Phan ပြောတဲ့စကားကြောင့် ပြုံးလိုက်သည်။သုံးယောက်သား လူယုတ်မာအပြုံးတွေပြုံးလိုက်ပြီး အစီအစဉ်တိုင်း လုပ်ဖို့ဆုံးဖြတ်လိုက်သည်။
___________________
နောက်နေ့မနက်
Gemini သည် နောက်နေ့တွင် ကျောင်းဝန်းထဲသို့ ၀င်လာသည်။ ဘေးနားက လူတွေကတော့ သိသိသာသာရော မသိမသာရော ဓာတ်ပုံတွေခိုးရိုက်နေကြသည်။ Gemini ကတော့ ဒါတွေကိုအသားကျနေပြီပင်။ မနက်စာမစားရသေးတာမို့ ဟိုကောင်တွေနဲ့ ကန်တင်းမှာ မုန့်စားဖို့ချိန်းထားသည်။
ကန်တင်းရောက်တော့ ဟိုကောင်တွေက အစားအစာတွေမှာပြီး ထိုင်နေကြသည်။မစားသေးဘဲ သူ့ကိုစောင့်နေကြတယ်ထင်သည်။သူ ဝိုင်းနားသွားခံနီး ဟိုတစ်နေ့က ပြောသွားတဲ့ စွာတေးလန်ကို ဖြတ်ခနတွေ့လိုက်သည်။ သူသေချာပြန်ကြည့်တော့ မတွေ့တော့။
Gemini မျက်လုံးကိုပွတ်ပြီး ပြန်ကြည့်တော့လည်း မတွေ့တော့ပေ။ သူတွေ့လိုက်တာ သေချာပါတယ်။ သူအနီးပတ်ဝန်းကျင်ကိုလိုက်ကြည့်တော့လည်း မတွေ့ ။ သူရှာနေတုန်း Aungpao ခေါ်နေတာနဲ့ သူမနက်စားနေရင်း စွာတေးလန် အကြောင်းမေ့သွားသည်။
Fourth မနက် က ကျောင်းထဲရောက်တော့ ရေဆာလာသလိုဖြစ်တာကြောင့် ကန်တင်းမှာ အအေးဝယ်ဖို့သွားလိုက်သည်။ကန်တင်းရောက်ခံနီးမှာ အနီးနားကိုကြည့်လိုက်တော့ Gemini!။ Gemini က ကန်တင်းက သူ့သူငယ်ချင်းတွေနား လျှောက်သွားနေတာ တွေ့လိုက်သည်။ ထိုအချိန် Gemini က သူရှိတဲ့နေရာကိုလှည့်ကြည့်လာသည်။ သူမတွေ့ခင် နံရံအနောက်ကို အမြန်ကွယ်ပုန်းလိုက်ပြီး အနောက်ဘက်ကနေပဲ စာသင်ခန်းဆီသို့ သွားရတော့သည်။
သူတို့အတန်းတတ်ပြီး အတန်းဆင်းချိန်တွင် Phan က သူငယ်ချင်းနဲ့ချိန်းထားလို့ဆိုပြီး ထွက်သွားသည်။ Chokun ကလည်း နေမကောင်းချင်လို့ဆိုပြီး အတန်းတွေ ဆက်မတတ်တော့ဘဲ အိမ်ပြန်သွားသည်။ ပြန်ပို့ပေး မယ်ပြောလည်း လက်မခံတာမို့ ပြန်ခိုင်းလိုက်တော့၏။ သူလည်း လုပ်စရာမရှိတာနဲ့ စာကြည့်တိုက်သွားဖို့ ဆုံးဖြတ်လိုက်တာပေါ့
။
သူဒီနေ့ ရှေးဟောင်းအကြောင်းတွေဖတ်ချင်လာတာနဲ့ ထိုစာအုပ်အတန်း ဘက်သွားပြီး စာအုပ်ရွေး နေလိုက်သည်။ ကြည့်နေရင်း စာအုပ်တစ်အုပ်ကိုထုတ်လိုက်တော့။တစ်ဖက်ခြမ်းမှ လူတစ်ယောက် မျက်နှာပေါ်လာသည်။ သူတို့နှစ်ယောက် အပြန်အလှန်ကြည့်နေကြရင်း တစ်ဖက်မှ မျက်မှောင်ကြုံလာတာမို့ စာအုပ်ကို အမြန်ယူကာ ထိုနေရာမှ အမြန်သွားရတော့သည်။ စာအုပ်ကို ဌားသွားပြီး အိမ်ရောက်မှ ဖတ်ဖို့သိမ်းထားလိုက်သည်။
အပြင်တစ်နေရာ ရောက်တော့ အမြန်ပြေးထွက်လာရသည့် အရှိန်ဖြင့် သူမောနေသည်မို့ ထိုနေရာတွင် ထိုင်ချကာ အမောဖြေနေသည်။ သူနှလုံးတွေကတော့ ပေါက်ထွက်မတက် ခုန်နေတာပဲ မစမ်းကြည့်လဲ သိနိုင်သည်။ ပြေးလာသည့်အရှိန်ကြောင့်လား?။တခြားအကြောင်းအရာတစ်ခုကြောင့်လား? မသိချေ။တော်တော် ဒုက္ခပေးတဲ့ Gemini Norawit!။
______________________________
ဆန်မ်မင် Monday တိုင်း တင်ပေးပါ့မယ် ။
ဒီတစ်ခါ အပိုင်းကတော့ရှည်လောက်မယ်။ ဆန်မ်မင်က အေးအေးလေးပဲ သွားမှာပါ လိုက်ခဲ့ပေးကြပါအုံးနော်
Don't forget Vote • 3 •
"fourth မင္းဘယ္လိုလုပ္လိုက္တာလဲ"
"ငါကမင္းအတြက္ ကူေျပာေပးလိုက္တာေလ"
"ေအးေက်းဇူးပါ ဒါေပမဲ့ သူ႕ဖိနပ္တန္ဖိုးက ငါေလ်ာ္နိုင္မယ္မထင္ဘူးဟ"
သူေျပာလိုက္ေတာ့fourth မ်က္ႏွာ မဲ့သြားေတာ့သည္။အစတုန္းက ဖိနပ္ေဈးႏႈန္းကို ပုံမွန္ထက္အနည္းငယ္သာ မွန္းထားခဲ့ၾကတာ။Gemini ဖိနပ္ကို ရွာၾကည့္လိုက္ေရာ သူတို႔ထင္ထားတာထက္ အဆေပါင္းမ်ားစြာ ကြာဟေနသည္။ သူတို႔မုန႔္ဖိုးတစ္လစာ မစားဘဲေနရင္ေတာင္ ရေလာက္မယ္မထင္။Aungpao ေျပာသည္ကို သူတို႔လက္ခံရေတာ့မယ္ထင္သည္။
"ငါျပန္ေတာင္းပန္လိုက္ရင္ေရာ"
"ဘာ! ငါမင္းအတြက္ အနစ္နာခံၿပီး ေျပာခဲ့ေပးတာကို မင္းက ဒီတိုင္းထားလိုက္ေတာ့မယ္ေပါ့"
"အဲ့လိုမဟုတ္ဘူးေလကြာ"
Fourth နဲ႕ Chokun ကစကားမ်ားေနၾကသည္ကို Pahn ၾကည့္ရင္း ေခါင္းကိုက္လာသျဖင့္ ႏွစ္ေယာက္လုံးက မ်က္ႏွာခ်င္းဆိုင္စကားေျပာေနေသာေၾကာင့္ ေခါင္းႏွစ္ခုလုံးကို ကိုင္ကာ နဖူးခ်င္း တိုက္ေပးလိုက္သည္။
"နင္တို႔ အဲ့လိုစကားေျပာေနမဲ့အစား နည္းလမ္းစဥ္းစားပါလား"
"အဲ့ဒါ နင့္ေကာင္ေၾကာင့္ေလ"
"ဘာလဲ ငါ့အစ္ကိုက မမွားဘူး နင္အရင္၀င္တိုက္တာကို "
"ဟုတ္ပါတယ္အမေတာ္ရယ္"
"ေတာ္ၿပီ နင္တို႔စုထားတာဘယ္ေလာက္ရွိလဲ"
သူတို႔ႏွစ္ေယာက္ေျပာေနတုန္းက ၀င်မပြောခဲ့ပေမဲ့ ခုေတာ့ တကယ္နည္းလမ္းက သူ႕ကိုထိပ္လန့္သြားေတာ့သည္။သူစုထားတဲ့ မုန႔္ဖိုးေတြက ဟိုတစ္ေန႕က ဆိုင္ကယ္ဝယ္လိုက္မိၿပီပင္။
"တကယ္ ေပးရမွာလား"
"ေအးေပါ့ နင္ဘယ္ေလာက္ရွိလဲ"
"ေဆာရီးပါ ငါဟိုတစ္ေန႕က ဆိုင္ကယ္ဝယ္လိုက္မိၿပီ"
Fourth လက္အုပ္ေလးခ်ီကာ မ်က္ႏွာငယ္ေလးျဖင့္ ေျပာျပေလသည္။
"ဟာ နင္ကေတာ့... Chokun နင္ေရာ"
"ငါ့မွာလဲ အဲ့ေလာက္အမ်ားႀကီးမရွိဘူးဟ"
"နည္းနည္းေတာင္မရွိဘူးလား"
"အဲ့တန္ဖိုးရဲ႕1/10 ေလာက္ပဲရွိတယ္"
"ဟမ္!"
ေနာက္ဆုံးေတာ့ သူတို႔မွာ စဥ္းစားစရာနည္းလမ္းမရွိေတာ့ေပ။တစ္ခုတည္းေသာ နည္းလမ္းကေတာ့ သြားေတာင္းပန္ဖို႔ပင္ ျဖစ္သည္။Chokunက..။
"သြားေတာင္းပန္လိုက္ေတာ့မယ္"
"ဟာ မင္း.."
"အဲ့ဒါဆို မင္းဘယ္လိုလုပ္မွာလဲ ေျပာေလ"
Fourth သက္ျပင္းတစ္ခ်က္ခ်ကာ...။
"ငါေတာ့ မေတာင္းပန္နိုင္ဘူး"
"ေအး ငါပဲေတာင္းပန္မွာ"
"သေဘာပဲ"
သူတို႔စီစဥ္ထားတဲ့အတိုင္း ေန႕လည္ အတန္းတတ္ၿပီးသည္ႏွင့္ Gemini တို႔နဲ႕ ေက်ာင္းေနာက္ဖက္မွာ ခ်ိန္းလိုက္ၿပီး ေတာင္းပန္ဖို႔ျပင္လိုက္သည္။ fourth ကေတာ့ သူတို႔နဲ႕ခပ္ေဝးေဝး ေနရာက သစ္ပင္နားတြင္ ရပ္ေနသည္။Gemini တို႔အဖြဲ႕ထဲက Aungapo က သူတို႔လက္ထဲက ပိုက္ဆံမပါလာဘူးဆိုသည့္ အၾကည့္ျဖင့္ ၾကည့္ၿပီး ေလွာင္းၿပဳံးၿပဳံးေနသည္။ Satang က...။
"ဘယ္မွာလဲ ပိုက္ဆံ"
Chokun နဲ႕ Phan တို႔သည္ ေၾကာက္ေၾကာက္ျဖင့္ လက္အုပ္ေလးခ်ီကာ ခါးကို ကိုင္း၍ ေတာင္းပန္ၾကေလသည္။
"တကယ္ေတာင္းပန္ပါတယ္ ေနာက္တစ္ခါ မျဖစ္ေစရပါဘူး"
သူတို႔စကားလည္းၾကားေရာ တစ္ဖြဲ႕လုံးက ဝိုင္းရီၾကပါေလေရာ။
"မင္းတို႔ေျပာေတာ့ ရေစရမယ္ဆို "
"တကယ္ ေတာင္းပန္ပါတယ္ ႀကိဳက္တာေတာင္းဆို အကုန္လုပ္ပါ့မယ္"
"ဘာလဲ မင္းတို႔က တကယ္ရီရတာပဲ"
Aungpao က..။
"မင္းတို႔အဲ့ေန႕က အာေခ်ာင္တဲ့ေကာင္ေရာ"
"အယ္ အဲ့တာက "
Chokun က သူတို႔ fourth ကိုမေတွ့မိဖို့ ဆုေတာင္းေနသည္။ေတြ႕ရင္ သူတို႔က Fourth ကိုကလဲ့စားေခ်ၿပီး ျပန္ေျပာလိမ့္မယ္။ သူတို႔ရီေနရင္းမွ Gemini သည္ Chokun ကိုၾကည့္ရင္းေျပာလာသည္။
"ဘာမဆိုလား"
"ဟုတ္"
"အဲ့ဒါဆို ဟိုနားက တစ္ေယာက္ေတာင္းပန္တာ လိုခ်င္တယ္"
"ဗ်ာ"
Gemini လက္ၫႊန္းထိုးတဲ့ေနရာၾကည့္လိုက္ေတာ့ Fourth က ထိုင္ရင္းမုန႔္စားေနသည္။ *ေသၿပီ! အဲ့ေကာင္ဘာလို႔ မ်က္စိေကာင္းရတာလဲ*။ သစ္ပင္နားမွာဆိုေတာ့ တျခားအပင္ေတြနဲ႕ အနည္းငယ္ကြယ္ေနသည္။ေတာ္႐ုံလူဆို မျမင္ရတာကို သူမို႔လို႔။
Phan သည္ လန႔္သြားသည္။အစတည္းက Fourth ကသူမမွားရင္မေတာင္းပန္တတ္တဲ့ လူစားမ်ိဳး။ အခုလည္း သူ႕ကိုအဲ့လိုေျပာတာသိရင္ ေဒါသထြက္ေနမွာ။Phan လည္း ေတာင္းပန္ဖို႔ မျဖစ္နိုင္မွန္းသိေတာ့ ေဆြးႏြေးဖို႔ျပင္လိုက္သည္။
"P'Gem အဲ့တာေတာ့ မရေလာက္ဘူး တျခားတစ္ခု ေတာင္းဆိုေပးပါလားဟင္"
"ေ႐ြးခ်ယ္စရာ ႏွစ္ခုေပးထားတယ္ ႀကိဳက္တာေ႐ြး"
ထိုသို႔ ေျပာၿပီး Gemini သည္ အရင္ထြက္သြားသည္။တျခားသူေတြက သူ႕ေနာက္က လိုက္သြားသည္။ေနာက္ဆုံးမွသြားေသာ Winny က "မင္းတို႔ေတာ့ သြားၿပီ" ဆိုၿပီး တိုးတိုးေလးေျပာသြားေလသည္။
Chokun တို႔ ႏွစ္ေယာက္လဲ ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိျဖစ္ကုန္ေတာ့သည္။ပိုက္ဆံကလည္းမရ ေတာင္းပန္ခိုင္းဖို႔ကလဲ မျဖစ္နိုင္။
Gemini တို႔အုပ္စု ထိုေနရာမွထြက္လာၾကၿပီး ကန္တင္းသြားရန္ ဉီးတည္ေတာ့သည္။သြားတဲ့လမ္းမွာ အေနာက္က Satang နဲ႕ Aungpao က စကားေတြ ေျပာေနၾကၿပီး Winny ကေတာ့ သူ႕ေဘးနားကေနေလွ်ာက္ေနသည္။ အဖြဲ႕ထဲမွာ Winny က တည္ၿငိမ္သည္။ Gemini က ေလးေယာက္အတူရွိခ်ိန္မွာ စကားေတြေျပာေလ့ရွိေပမဲ့ Winny ကေတာ့ သိပ္မေျပာ။
လမ္းနည္း"ေက်ာ္ေလာက္မွာ Gemini သည္ ခနရပ္၍ သန႔္စင္ခန္းသြားမယ္ေျပာကာ ထြက္လာခဲ့သည္။ထို႔ေနာက္ သစ္ပင္ႀကီးရွိတဲ့ေနရာအား သြားလိုက္သည္။ သူ႕သူငယ္ခ်င္းေတြ ကေတာ့ သူအတြက္ စိုးရိမ္ေနၾကေပမဲ့ သူကေတာ့ ဒီနားမွာ မုန႔္စားလို႔ေကာင္းေနသည္။
Fourth သည္ မုန႔္စားလို႔ၿပီးလို႔ ေနာက္လွည့္လိုက္ေတာ့ ႐ုပ္တည္ႀကီးနဲ႕ ၾကည့္ေနတဲ့သူကိုေတြကေတာ့ လန႔္ဖ်န႔္ၿပီး လက္သီးနဲ႕ထိုးဖို႔ျပင္လိုက္သည္။ထိုသူက လက္ျမန္ေတာ့ လက္သူ႕မ်က္ႏွာေပၚမေရာက္ခင္ သူလက္နဲ႕ လွမ္းကိုင္ထားလိုက္သည္။ေသခ်ာၾကည့္လိုက္ေတာ့မွာ Gemini ပင္။
"ျပစ္မႈ ႏွစ္ခုရွိသြားၿပီ"
"ဘာ! မင္း ဘာလို႔ငါ့ေနာက္လာရပ္ေနလဲ ရပ္ေတာ့ လန႔္ၿပီး ငါထိုးမိမွာဘဲ"
Gemini သည္ သူ႕ကိုဘာမွမေျပာဘဲ ႐ုပ္တည္ႀကီးနဲ႕ၾကည့္ေနသည္။သူလည္း စိတ္တိုေနတာနဲ႕ သူေရွ႕မွ ထြက္သြားခံနီး သူစကားတစ္ခြန္းေျပာလာသည္။ သူေျပာလိုက္တဲ့စကားေၾကာင့္ Fourth ေဒါသက ငယ္ထိပ္ထိေရာက္သြားၿပီပင္။
"မင္းငါ့ကို ေတာင္းပန္ဖို႔ျပင္ထားပါ"
ထိုသို႔ေျပာၿပီး Gemini သည္ ထြက္သြားေလသည္။သူကေတာ့ စိတ္ထဲမွာ Gemini ကို က်ိန္ဆဲေနမိသည္။ဟိုႏွစ္ေယာက္ဘာေတြေျပာလိုက္ေတာ့ Gemini က ခုလိုလာေလွာင္သြားရတာလဲ!။ခုထိလည္း ျပန္မလာၾကေသးဘူး။
သူေတြးေနတုန္းပဲရွိေသးတယ္ အေဝးကေန မ်က္ႏွာငိုမဲ့မဲ့နဲ႕ေလွ်ာက္လာတဲ့ Chokun နဲ႕ Phan ကိုေတြ႕လိုက္ေတာ့သည္။အနားေရာက္ေတာ့..။
"မင္းတို႔ဘာေတြလုပ္လိုက္တာလဲ"
Chokun က
"ဟမ္ ဘာျဖစ္လို႔လဲ"
"Gemini ေပါ့ ငါ့ကိုလာေျပာသြားတယ္"
"ဘာေျပာသြားလို႔လဲ"
"ငါက သူ႕ကိုေတာင္းပန္ဖို႔ျပင္ဆင္ထားကမယ္တဲ့"
Chokunနဲ႕ Pahn လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ။
"Fourth ငါတို႔ေတာင္းပန္ပါတယ္"2
"မင္းတို႔ ဘာေတြသြားေျပာလိုက္တာလဲ"
Phan သည္ျဖစ္ေၾကာင္းကုန္စီအကုန္ေျပာျပလိုက္ေတာ့ Fourth တစ္ေယာက္ ထသြားထိုးမယ္ျပင္ေတာ့ ႏွစ္ေယာက္ကအတင္းဆြဲထားရသည္။
"သူ အဲ့တာသက္သက္ညစ္တာ သူနဲ႕စရင္းသြားရွင္းမယ္"
"အဲ အဲမလုပ္နဲ႕ ဟဲ့ဝိုင္းဆြဲေလ"
ေနာက္တစ္ခါသြားေျပာမယ္လုပ္ေတာ့ ဝိုင္းဆြဲရျပန္သည္။ ခုတစ္ခါေတာ့ Phan က သူဘက္ကိုလွည့္ေစရင္း စိတ္ေအးေအးထားဖို႔ေျပာသည္။
"သူငယ္ခ်င္းတို႔ ငါ့မွာနည္းလမ္းရွိတယ္"
ႏွစ္ေယာက္သား Pahn အနားသြားေတာ့ တိုးတိုးတိတ္တိတ္ ေလးေျပာျပသည္။Chokun က သူေျပာတာကို အံဩကာ..။
"ျဖစ္ပါ့မလား"
"ရတယ္ Fourth နင့္အေပၚမူတည္တယ္ေနာ္"
"စိတ္ခ်လိဳက္"
"ဒါဆို ငါတို႔ၾကေတာ့ေရာ"
"နင္ကလဲ လာ အနားလာခဲ့"
Chokun သည္ Phan ေျပာတဲ့စကားေၾကာင့္ ၿပဳံးလိုက္သည္။သုံးေယာက္သား လူယုတ္မာအၿပဳံးေတြၿပဳံးလိုက္ၿပီး အစီအစဥ္တိုင္း လုပ္ဖို႔ဆုံးျဖတ္လိုက္သည္။
___________________
ေနာက္ေန႕မနက္
Gemini သည္ ေနာက္ေန႕တြင္ ေက်ာင္းဝန္းထဲသို႔ ၀င်လာသည်။ ေဘးနားက လူေတြကေတာ့ သိသိသာသာေရာ မသိမသာေရာ ဓာတ္ပုံေတြခိုးရိုက္ေနၾကသည္။ Gemini ကေတာ့ ဒါေတြကိုအသားက်ေနၿပီပင္။ မနက္စာမစားရေသးတာမို႔ ဟိုေကာင္ေတြနဲ႕ ကန္တင္းမွာ မုန႔္စားဖို႔ခ်ိန္းထားသည္။
ကန္တင္းေရာက္ေတာ့ ဟိုေကာင္ေတြက အစားအစာေတြမွာၿပီး ထိုင္ေနၾကသည္။မစားေသးဘဲ သူ႕ကိုေစာင့္ေနၾကတယ္ထင္သည္။သူ ဝိုင္းနားသြားခံနီး ဟိုတစ္ေန႕က ေျပာသြားတဲ့ စြာေတးလန္ကို ျဖတ္ခနေတြ႕လိုက္သည္။ သူေသခ်ာျပန္ၾကည့္ေတာ့ မေတြ႕ေတာ့။
Gemini မ်က္လုံးကိုပြတ္ၿပီး ျပန္ၾကည့္ေတာ့လည္း မေတြ႕ေတာ့ေပ။ သူေတြ႕လိုက္တာ ေသခ်ာပါတယ္။ သူအနီးပတ္ဝန္းက်င္ကိုလိုက္ၾကည့္ေတာ့လည္း မေတြ႕ ။ သူရွာေနတုန္း Aungpao ေခၚေနတာနဲ႕ သူမနက္စားေနရင္း စြာေတးလန္ အေၾကာင္းေမ့သြားသည္။
Fourth မနက္ က ေက်ာင္းထဲေရာက္ေတာ့ ေရဆာလာသလိုျဖစ္တာေၾကာင့္ ကန္တင္းမွာ အေအးဝယ္ဖို႔သြားလိုက္သည္။ကန္တင္းေရာက္ခံနီးမွာ အနီးနားကိုၾကည့္လိုက္ေတာ့ Gemini!။ Gemini က ကန္တင္းက သူ႕သူငယ္ခ်င္းေတြနား ေလွ်ာက္သြားေနတာ ေတြ႕လိုက္သည္။ ထိုအခ်ိန္ Gemini က သူရွိတဲ့ေနရာကိုလွည့္ၾကည့္လာသည္။ သူမေတြ႕ခင္ နံရံအေနာက္ကို အျမန္ကြယ္ပုန္းလိုက္ၿပီး အေနာက္ဘက္ကေနပဲ စာသင္ခန္းဆီသို႔ သြားရေတာ့သည္။
သူတို႔အတန္းတတ္ၿပီး အတန္းဆင္းခ်ိန္တြင္ Phan က သူငယ္ခ်င္းနဲ႕ခ်ိန္းထားလို႔ဆိုၿပီး ထြက္သြားသည္။ Chokun ကလည္း ေနမေကာင္းခ်င္လို႔ဆိုၿပီး အတန္းေတြ ဆက္မတတ္ေတာ့ဘဲ အိမ္ျပန္သြားသည္။ ျပန္ပို႔ေပး မယ္ေျပာလည္း လက္မခံတာမို႔ ျပန္ခိုင္းလိုက္ေတာ့၏။ သူလည္း လုပ္စရာမရွိတာနဲ႕ စာၾကည့္တိုက္သြားဖို႔ ဆုံးျဖတ္လိုက္တာေပါ့
။
သူဒီေန႕ ေရွးေဟာင္းအေၾကာင္းေတြဖတ္ခ်င္လာတာနဲ႕ ထိုစာအုပ္အတန္း ဘက္သြားၿပီး စာအုပ္ေ႐ြး ေနလိုက္သည္။ ၾကည့္ေနရင္း စာအုပ္တစ္အုပ္ကိုထုတ္လိုက္ေတာ့။တစ္ဖက္ျခမ္းမွ လူတစ္ေယာက္ မ်က္ႏွာေပၚလာသည္။ သူတို႔ႏွစ္ေယာက္ အျပန္အလွန္ၾကည့္ေနၾကရင္း တစ္ဖက္မွ မ်က္ေမွာင္ႀကဳံလာတာမို႔ စာအုပ္ကို အျမန္ယူကာ ထိုေနရာမွ အျမန္သြားရေတာ့သည္။ စာအုပ္ကို ဌားသြားၿပီး အိမ္ေရာက္မွ ဖတ္ဖို႔သိမ္းထားလိုက္သည္။
အျပင္တစ္ေနရာ ေရာက္ေတာ့ အျမန္ေျပးထြက္လာရသည့္ အရွိန္ျဖင့္ သူေမာေနသည္မို႔ ထိုေနရာတြင္ ထိုင္ခ်ကာ အေမာေျဖေနသည္။ သူႏွလုံးေတြကေတာ့ ေပါက္ထြက္မတက္ ခုန္ေနတာပဲ မစမ္းၾကည့္လဲ သိနိုင္သည္။ ေျပးလာသည့္အရွိန္ေၾကာင့္လား?။တျခားအေၾကာင္းအရာတစ္ခုေၾကာင့္လား? မသိေခ်။ေတာ္ေတာ္ ဒုကၡေပးတဲ့ Gemini Norawit!။
______________________________
ဆန္မ္မင္ Monday တိုင္း တင္ေပးပါ့မယ္ ။
ဒီတစ္ခါ အပိုင္းကေတာ့ရွည္ေလာက္မယ္။ ဆန္မ္မင္က ေအးေအးေလးပဲ သြားမွာပါ လိုက္ခဲ့ေပးၾကပါအုံးေနာ္
Don't forget Vote 3
[text_hash] => 989ee772
)
What do you think?