Chapter 4: 4

Array
(
[text] =>

Gemini သည် သူ့ကိုပြောသွားတဲ့ ကောင်လေးကို ခေါင်းထဲကထုတ်မရပင်ဖြစ်နေသည်။ ဒီ‌ကျောင်းမှာ သူ့ကိုပြန်ပြောရဲတဲ့ သူဆိုတာမရှိ။ကွယ် ကြိတ်မုန်းသူများသာ ရှိလိမ့်မည်။ခုလို အရှေ့မှာ ပြန်ပြောရဲတဲ့သူကို တော်တော်စိတ်၀င်စားနေပြီပင်။

Gemini က သူ့အကောင့်သိချင်တာနဲ့ အနီးစပ်ဆုံး Pahn ကိုမေးဖို့ ဆုံးဖြတ်လိုက်သည်။ရင်နှီးနေသည်တော့ မဟုတ်ပေမဲ့ အရင်တုန်းက Phan က သူ့ fan page ထောင်ထားသောကြောင့် နာမည်ကြီးတာကြောင့် သူနာမည်ပါသိနေရခြင်းဖြစ်သည်။

သူသွားတောင်းရင် မပေးမှန်းသိလို့ သူ့အသိ မိန်းကလေးတစ်ယောက်ကို သူ့ပုံ‌တွေပေးကာ အလှယ်အလဲလုပ်ခိုင်းလိုက်သည်။ထင်တဲ့အတိုင်း မကြာခင်မှာ facebook ပေါ်သူ့ပေးလိုက်တဲ့ပုံတွေတတ်လာပြီး messenger မှာလဲ စာလေးတစ်စောင်ရောက်လို့နေ၏။

ညကြမှ သွားပြောမယ်ဆိုကာ ထားလိုက်ပြီး နေ့လည်အတန်းတတ်လိုက်သည်။ အတန်းအဆင်းတွင် သန့်စင်ခန်းသို့သွားလိုက်သည်။ သူလက်ဆေးနေတုန်း အိမ်သာတစ်ခုထဲမှ လူတစ်ယောက်ထွက်လာသည်။ သူ့ကိုမြင်တော့ ထိန့်လန့်ကာ အိမ်သာထဲပြန်၀င်ပြေးဖို့ လုပ်သည့်အချိန် အနားကပ်လိုက်သည်။ ထိုစွာတေးလန် လေးသည် ဒီရက်ပိုင်း သူ့ကိုရှောင်နေသည်ကို သတိထားမိသည်။မတောင်းပန်ချင်လို့ ရှောင်ပြေးနေတာလား?။

သူလည်း အနားသွားပြီး မေးလိုက်တာကို ရှက်သွားပုံရတယ်။သန့်စင်ခန်းထဲက အမြန်ထွက်သွားလေရဲ့။ စွာတေးလန်မှာ ဒီလိုချစ်စရာကောင်းတဲ့ ပုံစံလေးလဲရှိသေးတာလား?။

ညရောက်တော့ သူ့အကောင့်မီးစိမ်းနေတာ တွေ့တော့ သွားအပ်လိုက်၏။ လိုင်းတတ်နေတော့ တွေ့သွားတယ်လို့တော့ထင်သည်။ အဲ့ဒါမှ နေ့လည်က မေးခွန်းဆက်မေးလိုက်သည်။ စာကိုဖတ်ပြီးမပြန်။ အဲ့ဒါနဲ့ ထက်ပို့တော့ ပြန်လာသည်။ တခြားမပြောချင်တော့တာမို့ တောင်းပန် လို့လဲပြောလိုက်ရော ရန်ပြန်တွေ့လေသည်။ သူနဲ့ စာမပြန်တော့ဘဲ မနက်ရောက်မှ ပြောဖို့ ‌တွေးထားလိုက်သည်။

____________________

Phan တို့က Gemini တို့ကို အပြစ်လုပ်ထားတယ်ဆိုပေမဲ့ Pahn ကသူ့တာ၀န်တော့မပျက်ကွက်ခဲ့ပါ။ သူရဲ့နဂိုလုပ်စဉ်အတိုင်း Gemini ရဲ့ဓာတ်ပုံတွေရိုက်မယ်၊ ဘယ်လောက်ချစ်ကြောင်း page မှာခံစားချက်တွေဖွင့်ဟမယ်။ အရင်ရက်က ကောင်မလေးတစ်ယောက် Gemini ရဲ့ရှားရှားပါးပါး ပုံတွေနဲ့ Fourth acc နဲ့လာလဲသွားသည်။Fourth သာသိရင် စိတ်ဆိုးမှာ ဖြစ်တာကြောင့် မပြောဖြစ်၊ မပြောရဲတာလဲ ပါတာပေါ့။

အဲ့ပုံတွေတင်လိုက်တာကြောင့် အဲ့ Post ကလူကြိုက်များသွားခဲ့သည်။ ဒါကြောင့်သူ့ page မှာ follower ‌တွေတိုးလာခဲ့သည်။ ဒါပေမဲ့ Phan fan page နဲ့အပြိုင် တခြားpage တစ်ခုပေါ်ပေါက်လာခဲ့သည်!!!။ သူတို့က Phan Page ကိုလိုက်တိုက်ခိုက်နေကြသည်။ခုလည်း သူတို့နဲ့ အတူ ဘောလုံးကွင်းထဲမှာရှိနေ၏။

Fourth တစ်ယောက် Pahn အကူအညီတောင်းတာကြောင့် သူနဲ့တူ ‌Gemini ဘောလုံးကစားနေတဲ့ကွင်းကို အတူလိုက်ခဲ့ပေးရသည်။ နှစ်ယောက်လုံး mask တွေတပ်ကာ ရုပ်ဖျက်ထားကြသည်။

Gemini သည် ဘောလုံးကစားရာတွင် ပါရမီပါတာကြောင့် သူပါသည့်အဖွဲ့တိုင်း အမြဲနိုင်သည်။ အခုလည်း သူဘောလုံးကစားပြီးသည့်အခါမှာ ကွင်းနားက ကောင်မလေးတွေက ရေဘူးကိုယ်စီကိုင်ထားကြသည်။ Pahn က ကင်မရာတစ်လုံးနဲ့ရိုက်နေသည်မို့ သူပေးမည့်ရေဘူးကို Fourth ကို ကိုင်ခိုင်းထားသည်။

Fourth က Pahn လက်ထဲကို ရေဘူးပြန်ပေးမည်အချိန် Gemini ကသူ့လက်ထဲကရေဘူးကို ဖြတ်ယူသွားသည်။ Fourth နားနား ကပ်ကာ နှစ်ယောက်သာကြားရမည့်အသံဖြင့် ပြောလာသည်။

"အကောင့်လက်ခံဖို့ စိတ်ကူးရှိလား"

ထိုသို့ပြောပြီး ရေဘူးကိုသောက်ကာ သူ့‌ကစားနေသည့်နေရာကို ပြန်သွားသည်။ ဘေးနားက Phan ကိုကြည့်လိုက်တော့ သူ့ကို အံ့ဩသည့်ပုံစံဖြင့် ပါးစပ်လေးဟကာ ကြည့်နေသည်။ လက်ကလည်း ဓာတ်ပုံ‌တွေ အဆက်မပြတ်ရိုက်နေခဲ့သည်။ သူလည်း Phan ကို  တစ်ချက် မဲ့ပြုံး ပြုံးပြကာ Phan လက်ကိုဆွဲကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

_________________

သူတို့သုံးယောက် project ရှိတာကြောင့် အရိပ်ရတဲ့ ခုံတစ်ခုမှာထိုင်ပြီး တိုင်ပင်လုပ်နေကြသည်။ စိတ်၀င်စားစွာလုပ်‌ကြသည်မို့ အချိန်ခနလေးအတွင်းမှာ အချက်အလတ်တွေစုဆောင်းပြီးသွားပြီဖြစ်သည်။ အကုန်ပြီးသွားချိန်မှာ Chokun က ခုံကို‌ကျောမှီလိုက်ပြီး ပြောလာသည်။

"နောက်ဆုံးတော့ ပြီးသွားခဲ့ပြီ အယ် ဒါနဲ့ Gemini တို့အဖွဲ့နဲ့တွေ့မိကြသေးလား"

"ငါ့တော့ ရုပ်ဖျက်ပြီး သူ့ရှိတဲ့နေရာသွားတာ သူရိပ်မမိပါဘူး"

"ငါလဲ မတွေ့မိသလိုပဲ Fourth နင်ရော"

"ဟင့်အင်း"

Pahn က တခုခုစဉ်းစားမိသည့်ဟန်ဖြင့် ‌Fourth ကိုကြည့်ကာ ပြောလာသည်။

"နင့်ကို မနက်က Gemini ဘာပြောသွားတာလဲဟဲ့"

Pahn စကားကြောင့် Chokun ပါ မှီရာမှ သူ့နားတိုးလာကြသည်။ နှစ်ယောက်လုံးမျက်နှာမှာ စိုးရိမ်မှုအပြည့် မပြောရင်တောင် မြင်နေရတာမို့ ကြည်နူးမိပြန်သည်။

"ဘာမှမပြောဘူးလေ"

"အယ် ဟုလား ငါမြင်လိုက်ပါတယ်"

"နင်စိတ်ထင်နေတာပါ"

သူ အခု Gemini နဲ့ကိစ္စ သူတို့နှစ်ယောက်ပေးမသိတာ အကောင်းဆုံးလို့ ဆုံးဖြတ်ပြီး မပြောလိုက်တာပင်။ ခုတောင် စိုးရိမ်နေကြသည်မို့ သူတို့ကို ဒုက္ခပေးမည့်မှာ မလိုလား။

သူတို့ပြောနေတုန်း အနားမှာ ကောင်လေးနှစ်ယောက် ဖြတ်သွားနေသည်။ တစ်ယောက်က အရှေ့ကသွားနေသည်ကို နောက်တစ်ယောက်က နောက်က လိုက်စနေသည့်ပုံ။ အရှေ့ကတစ်‌ယောက်က ရှက်‌နေပုံရသည်။

"P' ကန် P' ကန်"

သူတို့နှစ်ယောက်ကိုကြည်ပြီး ဘေးက လူ‌တွေမျက်နှာမှာ ပြုံးယောင်သန်းလာသည်။ ခုပုံစံကိုကြည့်ယုံနဲ့ သူတို့ဘယ်လောက် ကြည်နူးဖို့ကောင်းလဲဆိုတာ သိနိုင်သည်။Pahn က သူတို့ကိုကြည့်ပြီး သဘောကျနေသည်။

"နှစ်‌ယောက်လုံး ချစ်စရာလေး‌‌တွေ"

Chokun က

"အဲ့ဒါ ကန်တင်းက ထမင်းရောင်းတဲ့အကိုကြီးမလား"

"ဟုသားပဲ အဲ့တာကြောင့် တွေ့ဖူးပါတယ်လို့ နှစ်ယောက်သား လိုက်ဖက်လိုက်တာ"

Fourth လည်း တကယ် သူတို့နှစ်ယောက်ကိုသဘောကျမိသည်။ ယောက်ျားနှစ်ယောက် ချစ်ကြိုက်တာကို မုန်းတဲ့ထဲမပါ ကြိုက်တဲ့ထဲလည်းမပါ။ ပုံမှန်အတွဲတွေလို မြင်တဲ့သူမို့လို့ ဒါကိုသဘောကျမိသည်။

____________

ကျောင်းဆင်းချိန်တွင် Fourth တစ်ယောက် မပြန်သေးဘဲ ဈေး၀ယ်ဖို့ ဆုံးဖြတ်လိုက်သည်။အိမ်မှာ သူတစ်ယောက်တည်းနေတာ‌ဆိုပေမဲ့ အပြင်စာ စားတိုင်းမကောင်းတာမို့ သူကိုယ်တိုင်ချက်စားဖြစ်တာ များသည်။ အမေကလည်း ချက်ပြတ်နည်းသင်ပေးထားတာမို့ ကျွမ်းကျင်နေသူလည်း ဖြစ်သည်။

Super Market မှာ သူလိုချင်တာ‌တွေ၀ယ်ပြီး အိမ်ပြန်ချိန်တွင် ညနေစောင်းကျော်နေပြီမို့ မှောင်နေပြီပင်။ တဖြည်းဖြည်းနဲ့ အိမ်ကိုလျှောက်လာရင်း သူ့အနောက်မှာ လူလိုက်လာသလိုခံစားနေရသည်မို့ ခပ်မြန် မြန်လျှောက်လိုက်သည်။ ဒါပေမဲ့ သူမမှီတော့ သူ့နောက်မှာ လူတစ်ယောက်က ဓားနဲ့ လည်ပင်းကို ထောက်ထားသည်။ သူလည်း လက်ထဲက အထုတ်‌‌တွေချလိုက်ပြီး လက်မြှောက်ထားလိုက်သည်။

"ရှိတာအကုန်ထုတ်ပေး"

သူပြန်ခုခံမည်တွေးလိုက်ပေမဲ့ သူနောက်မှ နောက်ထက် လူနှစ်ယောက် ထပ်ထွက်လာသည်။ သုံးယောက်နဲ့ တစ်ယောက် ဘယ်လိုမှ အင်အားမမျှတာမို့ သူလည်း လက်‌လျှော့လိုက်ရသည်။

"ကြာတယ် အမြန်ထုတ်စမ်းပါ ထားလိုက်တော့ ဟျောင့်တွေ ပါတာ အကုန် ယူလိုက်တော့"

"ဘာ! မင်းတို့ "

သူတို့ယူမည့်အလုပ် Gemini ရောက်ချလာပြီး ဓားပြ သုံးယောက်ကို ၀င်ချပါတော့သည်။  ဟိုဖက်က သုံးယောက် ဆိုပေမဲ့ Gem က နိုင်နေသည်။ ဖြစ်နေရင်း နောက်ဆုံးတွင် အဲ့ထဲက တစ်ယောက် က Gemin ကိုထိုးလိုက်သည်မို့ အောက်ကိုပစ်လဲချသွားသည်။ ‌Gemini သူ့ပါးစပ်နားက သွေးတွေကို လက်မနဲ့ သုတ်ကာ သူ့ဘေးနားက ဓားကိုယူပြီး သူ့ကိုထိုးတဲ့ သူရဲ့ ခါးကို အရှိန်နဲ့၀င်ထိုးလိုက်၏။ အဖြစ်အပျက်တွေက မြန်ဆန်လွန်းလို့ Fourth လဲ ထိန့်လန့်သွားသည်။ သူ့ကြောင့် Gemini ထောင်ချတော့မှာလား?။ ကျန်နှစ်ယောက်က ဘာမှ ပြန်မလုပ်ဘဲ ထိုးခံရတဲ့သူကိုတွဲကာ ပြေးသွားကြပါတော့သည်။

အဲ့အချိန်ကြမှ Fourth လည်း Gemini နားသွားပြီး ကျေးဇူးတင်စကားပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး"

"ဟိုလေ ဒဏ်ရာ.."

"ရတယ် ကိစ္စမရှိဘူး"

"မဟုတ်တာ လိုက်ခဲ့"

Fourth လည်း ခုချိန်က သူ့ကိုကယ်ထားတဲ့ကျေးဇူးရှင် သူ့ကြောင့် ဒဏ်ရာ ရသွားတာမကြည့်ရက်လို့ တာ၀န်ယူပေးချင်မိသည်။

သူလည်း အထုတ်တွေ မီးဖိုချောင်ပေါ်တင်လိုက်ပြီး ဆေးသေတ္တာ သွားယူကာ Gemini ဘေးနား၀င်ထိုင်လိုက်သည်။ တုတ်ချောင်းဂွမ်းလေးကို ဆေးနီသုတ်ကာ ပါးစပ်နား တို့ပေးလိုက်သည်။

"နာရင်ပြော‌"

မခြောက်မှာစိုးလို့ Fourth နှုတ်ခမ်းလေးနဲ့ ဖွ‌ဖွလေးမှုတ်ပေးနေသည်။ ရှေ့ကို စူနေတဲ့ နှုတ်ခမ်းကိုကြည့်ကာ Gemini တစ်ယောက် အာခေါင်ခြောက်လာသလို ခံစားရသည်။ ဆက်သည်းမခံနိုင်တော့တာမို့ မျက်နှာလွဲလိုက်၏။

"ရပြီ"

"အင်း"

"ပြီးပြီမလား ပြန်ပြီ"

Fourth လည်း ခေါင်းတချက်ငြိမ့်ပြလိုက်ပြီး အိမ်ရှေ့ထိလိုက်ပို့ကာ အိမ်ထဲပြန်၀င်လာသည်။ ရင်ထဲမှာ အမည်မသိခံစားချက် တစ်ခုတိုး၀င်လာပြီး နှလုံးသားကို လှုပ်ခတ်သွားစေသည်။

_______________________

SK AA တို့ပွဲသွားရင်း သဘောကျလွန်းလို့ ထည့်ရေးထားတာ 😭💗

VOTE!!!!

Gemini သည္ သူ႕ကိုေျပာသြားတဲ့ ေကာင္ေလးကို ေခါင္းထဲကထုတ္မရပင္ျဖစ္ေနသည္။ ဒီေက်ာင္းမွာ သူ႕ကိုျပန္ေျပာရဲတဲ့ သူဆိုတာမရွိ။ကြယ္ ႀကိတ္မုန္းသူမ်ားသာ ရွိလိမ့္မည္။ခုလို အေရွ႕မွာ ျပန္ေျပာရဲတဲ့သူကို ေတာ္ေတာ္စိတ္၀င္စားေနၿပီပင္။

Gemini က သူ႕အေကာင့္သိခ်င္တာနဲ႕ အနီးစပ္ဆုံး Pahn ကိုေမးဖို႔ ဆုံးျဖတ္လိုက္သည္။ရင္ႏွီးေနသည္ေတာ့ မဟုတ္ေပမဲ့ အရင္တုန္းက Phan က သူ႕ fan page ေထာင္ထားေသာေၾကာင့္ နာမည္ႀကီးတာေၾကာင့္ သူနာမည္ပါသိေနရျခင္းျဖစ္သည္။

သူသြားေတာင္းရင္ မေပးမွန္းသိလို႔ သူ႕အသိ မိန္းကေလးတစ္ေယာက္ကို သူ႕ပုံေတြေပးကာ အလွယ္အလဲလုပ္ခိုင္းလိုက္သည္။ထင္တဲ့အတိုင္း မၾကာခင္မွာ facebook ေပၚသူ႕ေပးလိုက္တဲ့ပုံေတြတတ္လာၿပီး messenger မွာလဲ စာေလးတစ္ေစာင္ေရာက္လို႔ေန၏။

ညၾကမွ သြားေျပာမယ္ဆိုကာ ထားလိုက္ၿပီး ေန႕လည္အတန္းတတ္လိုက္သည္။ အတန္းအဆင္းတြင္ သန႔္စင္ခန္းသို႔သြားလိုက္သည္။ သူလက္ေဆးေနတုန္း အိမ္သာတစ္ခုထဲမွ လူတစ္ေယာက္ထြက္လာသည္။ သူ႕ကိုျမင္ေတာ့ ထိန႔္လန႔္ကာ အိမ္သာထဲျပန္၀င္ေျပးဖို႔ လုပ္သည့္အခ်ိန္ အနားကပ္လိုက္သည္။ ထိုစြာေတးလန္ ေလးသည္ ဒီရက္ပိုင္း သူ႕ကိုေရွာင္ေနသည္ကို သတိထားမိသည္။မေတာင္းပန္ခ်င္လို႔ ေရွာင္ေျပးေနတာလား?။

သူလည္း အနားသြားၿပီး ေမးလိုက္တာကို ရွက္သြားပုံရတယ္။သန႔္စင္ခန္းထဲက အျမန္ထြက္သြားေလရဲ႕။ စြာေတးလန္မွာ ဒီလိုခ်စ္စရာေကာင္းတဲ့ ပုံစံေလးလဲရွိေသးတာလား?။

ညေရာက္ေတာ့ သူ႕အေကာင့္မီးစိမ္းေနတာ ေတြ႕ေတာ့ သြားအပ္လိုက္၏။ လိုင္းတတ္ေနေတာ့ ေတြ႕သြားတယ္လို႔ေတာ့ထင္သည္။ အဲ့ဒါမွ ေန႕လည္က ေမးခြန္းဆက္ေမးလိုက္သည္။ စာကိုဖတ္ၿပီးမျပန္။ အဲ့ဒါနဲ႕ ထက္ပို႔ေတာ့ ျပန္လာသည္။ တျခားမေျပာခ်င္ေတာ့တာမို႔ ေတာင္းပန္ လို႔လဲေျပာလိုက္ေရာ ရန္ျပန္ေတြ႕ေလသည္။ သူနဲ႕ စာမျပန္ေတာ့ဘဲ မနက္ေရာက္မွ ေျပာဖို႔ ေတြးထားလိုက္သည္။

____________________

Phan တို႔က Gemini တို႔ကို အျပစ္လုပ္ထားတယ္ဆိုေပမဲ့ Pahn ကသူ႕တာ၀န္ေတာ့မပ်က္ကြက္ခဲ့ပါ။ သူရဲ႕နဂိုလုပ္စဥ္အတိုင္း Gemini ရဲ႕ဓာတ္ပုံေတြရိုက္မယ္၊ ဘယ္ေလာက္ခ်စ္ေၾကာင္း page မွာခံစားခ်က္ေတြဖြင့္ဟမယ္။ အရင္ရက္က ေကာင္မေလးတစ္ေယာက္ Gemini ရဲ႕ရွားရွားပါးပါး ပုံေတြနဲ႕ Fourth acc နဲ႕လာလဲသြားသည္။Fourth သာသိရင္ စိတ္ဆိုးမွာ ျဖစ္တာေၾကာင့္ မေျပာျဖစ္၊ မေျပာရဲတာလဲ ပါတာေပါ့။

အဲ့ပုံေတြတင္လိုက္တာေၾကာင့္ အဲ့ Post ကလူႀကိဳက္မ်ားသြားခဲ့သည္။ ဒါေၾကာင့္သူ႕ page မွာ follower ေတြတိုးလာခဲ့သည္။ ဒါေပမဲ့ Phan fan page နဲ႕အၿပိဳင္ တျခားpage တစ္ခုေပၚေပါက္လာခဲ့သည္!!!။ သူတို႔က Phan Page ကိုလိုက္တိုက္ခိုက္ေနၾကသည္။ခုလည္း သူတို႔နဲ႕ အတူ ေဘာလုံးကြင္းထဲမွာရွိေန၏။

Fourth တစ္ေယာက္ Pahn အကူအညီေတာင္းတာေၾကာင့္ သူနဲ႕တူ Gemini ေဘာလုံးကစားေနတဲ့ကြင္းကို အတူလိုက္ခဲ့ေပးရသည္။ ႏွစ္ေယာက္လုံး mask ေတြတပ္ကာ ႐ုပ္ဖ်က္ထားၾကသည္။

Gemini သည္ ေဘာလုံးကစားရာတြင္ ပါရမီပါတာေၾကာင့္ သူပါသည့္အဖြဲ႕တိုင္း အၿမဲနိုင္သည္။ အခုလည္း သူေဘာလုံးကစားၿပီးသည့္အခါမွာ ကြင္းနားက ေကာင္မေလးေတြက ေရဘူးကိုယ္စီကိုင္ထားၾကသည္။ Pahn က ကင္မရာတစ္လုံးနဲ႕ရိုက္ေနသည္မို႔ သူေပးမည့္ေရဘူးကို Fourth ကို ကိုင္ခိုင္းထားသည္။

Fourth က Pahn လက္ထဲကို ေရဘူးျပန္ေပးမည္အခ်ိန္ Gemini ကသူ႕လက္ထဲကေရဘူးကို ျဖတ္ယူသြားသည္။ Fourth နားနား ကပ္ကာ ႏွစ္ေယာက္သာၾကားရမည့္အသံျဖင့္ ေျပာလာသည္။

"အေကာင့္လက္ခံဖို႔ စိတ္ကူးရွိလား"

ထိုသို႔ေျပာၿပီး ေရဘူးကိုေသာက္ကာ သူ႕ကစားေနသည့္ေနရာကို ျပန္သြားသည္။ ေဘးနားက Phan ကိုၾကည့္လိုက္ေတာ့ သူ႕ကို အံ့ဩသည့္ပုံစံျဖင့္ ပါးစပ္ေလးဟကာ ၾကည့္ေနသည္။ လက္ကလည္း ဓာတ္ပုံေတြ အဆက္မျပတ္ရိုက္ေနခဲ့သည္။ သူလည္း Phan ကို တစ္ခ်က္ မဲ့ၿပဳံး ၿပဳံးျပကာ Phan လက္ကိုဆြဲကာ ထိုေနရာမွ ထြက္လာခဲ့လိုက္သည္။

_________________

သူတို႔သုံးေယာက္ project ရွိတာေၾကာင့္ အရိပ္ရတဲ့ ခုံတစ္ခုမွာထိုင္ၿပီး တိုင္ပင္လုပ္ေနၾကသည္။ စိတ္၀င္စားစြာလုပ္ၾကသည္မို႔ အခ်ိန္ခနေလးအတြင္းမွာ အခ်က္အလတ္ေတြစုေဆာင္းၿပီးသြားၿပီျဖစ္သည္။ အကုန္ၿပီးသြားခ်ိန္မွာ Chokun က ခုံကိုေက်ာမွီလိုက္ၿပီး ေျပာလာသည္။

"ေနာက္ဆုံးေတာ့ ၿပီးသြားခဲ့ၿပီ အယ္ ဒါနဲ႕ Gemini တို႔အဖြဲ႕နဲ႕ေတြ႕မိၾကေသးလား"

"ငါ့ေတာ့ ႐ုပ္ဖ်က္ၿပီး သူ႕ရွိတဲ့ေနရာသြားတာ သူရိပ္မမိပါဘူး"

"ငါလဲ မေတြ႕မိသလိုပဲ Fourth နင္ေရာ"

"ဟင့္အင္း"

Pahn က တခုခုစဥ္းစားမိသည့္ဟန္ျဖင့္ Fourth ကိုၾကည့္ကာ ေျပာလာသည္။

"နင့္ကို မနက္က Gemini ဘာေျပာသြားတာလဲဟဲ့"

Pahn စကားေၾကာင့္ Chokun ပါ မွီရာမွ သူ႕နားတိုးလာၾကသည္။ ႏွစ္ေယာက္လုံးမ်က္ႏွာမွာ စိုးရိမ္မႈအျပည့္ မေျပာရင္ေတာင္ ျမင္ေနရတာမို႔ ၾကည္ႏူးမိျပန္သည္။

"ဘာမွမေျပာဘူးေလ"

"အယ္ ဟုလား ငါျမင္လိုက္ပါတယ္"

"နင္စိတ္ထင္ေနတာပါ"

သူ အခု Gemini နဲ႕ကိစၥ သူတို႔ႏွစ္ေယာက္ေပးမသိတာ အေကာင္းဆုံးလို႔ ဆုံးျဖတ္ၿပီး မေျပာလိုက္တာပင္။ ခုေတာင္ စိုးရိမ္ေနၾကသည္မို႔ သူတို႔ကို ဒုကၡေပးမည့္မွာ မလိုလား။

သူတို႔ေျပာေနတုန္း အနားမွာ ေကာင္ေလးႏွစ္ေယာက္ ျဖတ္သြားေနသည္။ တစ္ေယာက္က အေရွ႕ကသြားေနသည္ကို ေနာက္တစ္ေယာက္က ေနာက္က လိုက္စေနသည့္ပုံ။ အေရွ႕ကတစ္ေယာက္က ရွက္ေနပုံရသည္။

"P' ကန္ P' ကန္"

သူတို႔ႏွစ္ေယာက္ကိုၾကည္ၿပီး ေဘးက လူေတြမ်က္ႏွာမွာ ၿပဳံးေယာင္သန္းလာသည္။ ခုပုံစံကိုၾကည့္ယုံနဲ႕ သူတို႔ဘယ္ေလာက္ ၾကည္ႏူးဖို႔ေကာင္းလဲဆိုတာ သိနိုင္သည္။Pahn က သူတို႔ကိုၾကည့္ၿပီး သေဘာက်ေနသည္။

"ႏွစ္ေယာက္လုံး ခ်စ္စရာေလးေတြ"

Chokun က

"အဲ့ဒါ ကန္တင္းက ထမင္းေရာင္းတဲ့အကိုႀကီးမလား"

"ဟုသားပဲ အဲ့တာေၾကာင့္ ေတြ႕ဖူးပါတယ္လို႔ ႏွစ္ေယာက္သား လိုက္ဖက္လိုက္တာ"

Fourth လည္း တကယ္ သူတို႔ႏွစ္ေယာက္ကိုသေဘာက်မိသည္။ ေယာက္်ားႏွစ္ေယာက္ ခ်စ္ႀကိဳက္တာကို မုန္းတဲ့ထဲမပါ ႀကိဳက္တဲ့ထဲလည္းမပါ။ ပုံမွန္အတြဲေတြလို ျမင္တဲ့သူမို႔လို႔ ဒါကိုသေဘာက်မိသည္။

____________

ေက်ာင္းဆင္းခ်ိန္တြင္ Fourth တစ္ေယာက္ မျပန္ေသးဘဲ ေဈး၀ယ္ဖို႔ ဆုံးျဖတ္လိုက္သည္။အိမ္မွာ သူတစ္ေယာက္တည္းေနတာဆိုေပမဲ့ အျပင္စာ စားတိုင္းမေကာင္းတာမို႔ သူကိုယ္တိုင္ခ်က္စားျဖစ္တာ မ်ားသည္။ အေမကလည္း ခ်က္ျပတ္နည္းသင္ေပးထားတာမို႔ ကြၽမ္းက်င္ေနသူလည္း ျဖစ္သည္။

Super Market မွာ သူလိုခ်င္တာေတြ၀ယ္ၿပီး အိမ္ျပန္ခ်ိန္တြင္ ညေနေစာင္းေက်ာ္ေနၿပီမို႔ ေမွာင္ေနၿပီပင္။ တျဖည္းျဖည္းနဲ႕ အိမ္ကိုေလွ်ာက္လာရင္း သူ႕အေနာက္မွာ လူလိုက္လာသလိုခံစားေနရသည္မို႔ ခပ္ျမန္ ျမန္ေလွ်ာက္လိုက္သည္။ ဒါေပမဲ့ သူမမွီေတာ့ သူ႕ေနာက္မွာ လူတစ္ေယာက္က ဓားနဲ႕ လည္ပင္းကို ေထာက္ထားသည္။ သူလည္း လက္ထဲက အထုတ္ေတြခ်လိဳက္ၿပီး လက္ျမႇောက္ထားလိုက္သည္။

"ရွိတာအကုန္ထုတ္ေပး"

သူျပန္ခုခံမည္ေတြးလိုက္ေပမဲ့ သူေနာက္မွ ေနာက္ထက္ လူႏွစ္ေယာက္ ထပ္ထြက္လာသည္။ သုံးေယာက္နဲ႕ တစ္ေယာက္ ဘယ္လိုမွ အင္အားမမွ်တာမို႔ သူလည္း လက္ေလွ်ာ့လိုက္ရသည္။

"ၾကာတယ္ အျမန္ထုတ္စမ္းပါ ထားလိုက္ေတာ့ ေဟ်ာင့္ေတြ ပါတာ အကုန္ ယူလိုက္ေတာ့"

"ဘာ! မင္းတို႔ "

သူတို႔ယူမည့္အလုပ္ Gemini ေရာက္ခ်လာၿပီး ဓားျပ သုံးေယာက္ကို ၀င်ချပါတော့သည်။  ဟိုဖက္က သုံးေယာက္ ဆိုေပမဲ့ Gem က နိုင္ေနသည္။ ျဖစ္ေနရင္း ေနာက္ဆုံးတြင္ အဲ့ထဲက တစ္ေယာက္ က Gemin ကိုထိုးလိုက္သည္မို႔ ေအာက္ကိုပစ္လဲခ်သြားသည္။ Gemini သူ႕ပါးစပ္နားက ေသြးေတြကို လက္မနဲ႕ သုတ္ကာ သူ႕ေဘးနားက ဓားကိုယူၿပီး သူ႕ကိုထိုးတဲ့ သူရဲ႕ ခါးကို အရွိန္နဲ႕၀င္ထိုးလိုက္၏။ အျဖစ္အပ်က္ေတြက ျမန္ဆန္လြန္းလို႔ Fourth လဲ ထိန႔္လန႔္သြားသည္။ သူ႕ေၾကာင့္ Gemini ေထာင္ခ်ေတာ့မွာလား?။ က်န္ႏွစ္ေယာက္က ဘာမွ ျပန္မလုပ္ဘဲ ထိုးခံရတဲ့သူကိုတြဲကာ ေျပးသြားၾကပါေတာ့သည္။

အဲ့အခ်ိန္ၾကမွ Fourth လည္း Gemini နားသြားၿပီး ေက်းဇူးတင္စကားေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္"

"မလိုပါဘူး"

"ဟိုေလ ဒဏ္ရာ.."

"ရတယ္ ကိစၥမရွိဘူး"

"မဟုတ္တာ လိုက္ခဲ့"

Fourth လည္း ခုခ်ိန္က သူ႕ကိုကယ္ထားတဲ့ေက်းဇူးရွင္ သူ႕ေၾကာင့္ ဒဏ္ရာ ရသြားတာမၾကည့္ရက္လို႔ တာ၀န္ယူေပးခ်င္မိသည္။

သူလည္း အထုတ္ေတြ မီးဖိုေခ်ာင္ေပၚတင္လိုက္ၿပီး ေဆးေသတၱာ သြားယူကာ Gemini ေဘးနား၀င္ထိုင္လိုက္သည္။ တုတ္ေခ်ာင္းဂြမ္းေလးကို ေဆးနီသုတ္ကာ ပါးစပ္နား တို႔ေပးလိုက္သည္။

"နာရင္ေျပာ"

မေျခာက္မွာစိုးလို႔ Fourth ႏႈတ္ခမ္းေလးနဲ႕ ဖြဖြေလးမႈတ္ေပးေနသည္။ ေရွ႕ကို စူေနတဲ့ ႏႈတ္ခမ္းကိုၾကည့္ကာ Gemini တစ္ေယာက္ အာေခါင္ေျခာက္လာသလို ခံစားရသည္။ ဆက္သည္းမခံနိုင္ေတာ့တာမို႔ မ်က္ႏွာလြဲလိုက္၏။

"ရၿပီ"

"အင္း"

"ၿပီးၿပီမလား ျပန္ၿပီ"

Fourth လည္း ေခါင္းတခ်က္ၿငိမ့္ျပလိုက္ၿပီး အိမ္ေရွ႕ထိလိုက္ပို႔ကာ အိမ္ထဲျပန္၀င္လာသည္။ ရင္ထဲမွာ အမည္မသိခံစားခ်က္ တစ္ခုတိုး၀င္လာၿပီး ႏွလုံးသားကို လႈပ္ခတ္သြားေစသည္။

_______________________

SK AA တို႔ပြဲသြားရင္း သေဘာက်လြန္းလို႔ ထည့္ေရးထားတာ 😭

VOTE!!!!

[text_hash] => dbaa056b
)

Comments

What do you think?

0 reactions
Upvote
Funny
Love
Surprised
Angry
Sad


  • No comments yet.

Login





Loading...