Array
(
[text] =>
ရေးးးးးး!!
ကျောင်းဘောလုံးကွင်းတစ်ခုတွင် စုပုံသော လူများ၏ အော်သံတွေကြောင့် ဆူညံနေသည်။ အဓိကအကြောင်းရင်းက ကွင်းထဲက ဘောလုံးကန်နေတဲ့ ကောင်လေးတစ်ယောက်ကြောင့်ဖြစ်သည်။ အရပ်မြင့်မြင့် အသားကညိုသလိုရှိသည်။ မျက်ခုံးသည်မထူမပါးရှိပြီး ညှို့ယူနိုင်သော မျက်လုံးတစ်စုံ ပိုင်ဆိုင်ထားသည်။ ကြည့်သူတိုင်း သဘောကျသည့် ရုပ်ရည်မျိုးနဲ့မို့ မိန်းကလေးများ၏ အသဲစွဲဖြစ်သည်။
" မြန်မြန်လာ "
"အေးပါ"
ထိုမိန်းကလေးများထဲတွင် Pahn အပါအဝင်ဖြစ်သည်။ ခုလည်း ကစားနေတဲ့ ကွင်းအနားကို သူ့လက်တစ်ဖက်ဆွဲကာ တိုးဝင်နေသည်။ Fourth သည် ယောက်ျားလေးတစ်ယောက်ဖြစ်သော်လည်း ဘောလုံးပွဲကိုသိပ်သဘောမကျပေ။ ဒါပေမဲ့ ဘောလုံးပွဲအကြောင်းတော့ သိ၏။ ခုလည်း သူငယ်ချင်းဖြစ်သူ ခေါ်လာလို့လိုက်လာရတာ အနားမှာ မိန်းကလေးကတွေနဲ့ ယောက်ျားလေး အနည်းငယ်သာရှိသည်။
သူကွင်းထဲရှိ ထိုယောက်ျားလေးကို ကြည့်နေလိုက်သည်။ ဘောလုံးကစားသည်ကို အလွန်ကျွမ်းကျင်ပုံ ရသည်။ သူဘက်အဖွဲ့က သူကပဲ ဂိုးသွင်းနေသည်ကိုတွေ့ရ၍ တခြားအဖွဲ့ကသွင်းသည်ကို သိပ်မတွေ့ရ။ ဘောလုံးကစားနေသည့်ပုံမှာလည်း ချွေးများထွက်နေပေမဲ့ ဆွဲဆောင်မူရှိနေ၏။ ထိုယောက်ျားလေးက ကျောင်းရဲ့ King ဖြစ်တဲ့ Gemini Norawit ပင်ဖြစ်သည်။
ခုနကြာတော့ ကစားပွဲ ပြီးဆုံးသွားတော့သည်။ Gemin သည် ခုံပေါ်မှာတင်ထားတဲ့ ရေဘူးကိုယူကာ သောက်ပြီး ကျန်တစ်ဝက်ကို ခေါင်းပေါ်ကလောင်းချလိုက်သည်။ ရေစိုသွားသော သူရဲ့ ဆံပင်တွေကို လက်တစ်ဖက်နဲ့ အပေါ်လှန်သတ် လိုက်သည်။ ထိုအချိန် အနားမှာရှိတဲ့ မိန်းကလေးများကလည်း ထအော်ကြပါလေရော။ သူတို့ အသံပျောက်သည်အထိ အော်ပြီးခေါ်နေပါစေ Gemini ကတော့ ပြုံးဖို့နေသာ တစ်ချက်တောင် လှည့်မကြည့်ခဲ့ပါ။ King ဆိုတဲ့နာမည်နဲ့အလိုက် မာနကြီးသောသူဖြစ်၏။
ရေဘူးကို ပြန်ချထားကာ သူတို့ဘက် တစ်ချက်မျှ မကြည့်ဘဲ သူလမ်းသူသာသွားသည်။ ဘယ်လောက်တောင် ဘဝင်မြင့်လိုက်လဲ။ မိန်းကလေးများသည်လည်း သူ့နောက်လိုက်သွားကြသည်။ သူတောင် Pahn ကိုအတင်းပြန်ခေါ်၍ နှစ်ယောက်သား အတန်းသွားတတ်ကြရတော့သည်။
Gem သည် သူ့နောက်လိုက်လာသည့် မိန်းကလေးများအား လျစ်လျူရှုကာ အဆောင်ထဲ သို့ ဝင်သွားသည်။အခန်းမှာ နှစ်ယောက်အတူနေရသည့််အခန်းမို့ ပစ္စည်းတွေခွဲထားရ၏။ သူဗီရိုနားသွားပြီး တစ်ဘတ်တစ်ထည်ကို ယူလိုက်သည်။ ခုနက ဘောလုံးကန်ထားသည့် အရှိန်ဖြင့် ချွေးများထွက်နေပြီးဖြစ်သည်။ အသန့်ကြိုက်တဲ့သူမို့ ခန္တာကိုယ် ညစ်ပတ်နေရင်တောင်မှ သဘောမကျပေ။
ထို့နောက် တံခါးဖွင့်သံကြားတော့ သူဝင်လာပြီးမှန်းသိလေသည်။အနောက်လှည့်ကြည့်လိုက်တော့ aungpao တစ်ယောက် မုန့်တွေ မနိုမ်မနှိင်း သယ်ယူလာပြီး စားပွဲပေါ်ကိုတင်လိုက်သည်။
"မင်းကောင်မလေးတွေပေးလိုက်တာ"
"အင်း"
"မင်းကမစောင့်ဘဲအရှေ့ကအမြန်သွားတာကို ငါက နောက်မှကျန်ခဲ့တော့ ငါ့စီပဲထိုးပေးကြတာ"
"အော် မင်းစားချင်တာရှိရင်ယူထားလိုက် ကျန်တာ အသင်းထဲကလူတွေပေးလိုက်လေ"
Gemini သည် ထိုသို့ပြောပြီး တစ်ဘတ်ကို ပုခုံးပေါ်တင်ကာ ရေချိုးခန်းထဲဝင်သွားသည်။ aungpao အနောက်မှာ ကျန်ခဲ့တဲ့ ကတော့ မုန့်တွေကို ဝေစုခွဲပြီး သူ့မုန့်တွေကို စားပွဲပေါ်တင်ထားလိုက်သည်။
Gemini ရေချိုးခန်းထဲက ထွက်လာတော့ aungpao ကိုမတွေ့တော့ပေ။ သူမုန့်တွေလိုက်ပေးနေပြီ ထင်တယ်။ တခြားကိစ္စတွေ မစဉ်းစားတော့ဘဲ သူ့စားပွဲပေါ်က hairhyar ကိုယူပြီး မှန်ရှေ့တွင်ရပ်ကာ ဆံပင်ကိုခြောက်အောင်ပြုလုပ်နေလိုက်သည်။
ရုတ်တရပ် ဘေးနားက ဖုန်းက ထမြည်လာတော့ ဖုန်းကိုလက်တစ်ဖက်နဲ့ကိုင်လိုက်ပြီး ဆံပင်ကိုဆက်လုပ်နေလိုက်သည်။
"Gem!"
Gemini ရဲ့ဝမ်းကွဲအကို Phuwin စီက ဖုန်းဖြစ်သည်။ Phuwin သည် အခုနိုင်ငံခြားမှာဖြစ်သည်။ ငယ်ငယ်တုန်းက အတူတူဆော့ခဲ့ကြတာမို့ အခုထိရင်းရင်းနှီးနှီး ရှိကြသည်။
"ဘာပြောမလို့လဲ"
"ဘာလဲ မင်းက အဲ့ဒီမှာကောင်မလေးတွေကြည်နေတော့ ဒီကအကို ကိုမေ့နေပြီပေါ့"
"မဟုတ်တာ"
"အမေက သတိရလို့ ဖုန်းဆက်လိုက်ပါအုံး ဆိုလို့"
"ဒါဆို အဒေါ်ကိုလည်း သတိရတယ်လို့ပြောပေးအုံး"
"ပြောလိုက်မယ် ခုအိမ်မှာတော့မရှိဘူး"
"အော် အဲ့တာဆိုညကြမှပြန်ခေါ်လိုက်မယ်နော် နေ့လည်အတန်းရှိလို့"
"ဟုတ်ပြီ အေးပါ"
ဖုန်းကို ချလိုက်ပြီး သူလုပ် စရာရှိတာတွေ လက်စသတ်ကာ အတန်းတတ်ဖို့ သွားရန် ပြင်ဆင်လိုက်တော့သည်။
ကျောင်းဝန်းထဲရောက်တော့ လက်ထဲက နာရီတချက်ကြည့်လိုက်ကာ အတန်းစဖို့ နာရီဝက်လိုသေးတာနဲ့ သူဗိုက်ဖြည့်ဖို့ ကန်တင်းအရင်သွားလိုက်သည်။
______
"အားလုံးပဲ မင်္ဂလာပါ"
"မင်္ဂလာပါ ဆရာမ"
နေ့လည်အတန်းပြီးပြီမို့ သူတို့ကန်တင်းသွားဖို့ ပစ္စည်းတွေသိမ်းနေကြသည်။ pahn က စာသင်နေကတည်းကပင် ပြုံးစိပြုံးစိ ဖြစ်နေသည်။ ခုလဲ တစ်ယောက်တည်း ဘာတွေသဘောကျနေလဲမသိ။
"Phan!!"
"ဟမ် ဟင်"
chokun ရဲ့အော်သံကြောင့် phan သတိရတော့သည်။ chokun pahn နဲ့ fot တို့သုံးယောက် အထက်တန်းအစတည်း ကပေါင်းလာတဲ့သူတွေ ဖြစ်ကြသည်။
"နင် ဘယ်လိုဖြစ်နေတာလဲ "
"အာ...ခနလေး"
Phan သည် သူ့ဖုန်းကိုထုတ်ကာ ပြန်ပြီးတော့ ပြုံးနေပြန်သည်။ Chokun သည် သူကြည့်နေတဲ့ ဖုန်းကိုလုပြီး ကြည့်လိုက်တော့ သူက social တွေမှာ Gemini fan page တွေထောင်ပြီး admin လုပ်နေလေရဲ့။ ခုလည်း မနက်တုန်းက ဘောလုံးကန်နေတဲ့ပုံတွေကို ရိုက်ပြီး သူpage တွေမှာ တင်ထားပြီးနေလေသည်။ gp တွေဝင်ထားတာမို့ message တွေကလည်း အဆက်မပြတ်ဝင်နေသည်။ ဒါတောင် သူဖုန်းကောင်းလို့ပေါ့။ မကောင်းတဲ့ဖုန်းအမျိုးအစားသာရင် ပျက်တာကြာနေလောက်ပြီ။
"ငါ့ဖုန်းပြန်ပေး"
"မပေးဘူး"
ထိုသို့ပြောပြီး Chokun သည် phan ဖုန်းကို အပေါ်မြင့်ထားပြီး တစ်ခုပြီးတစ်ခုဝင်ကြည့်နေသည်။ Phan ကလည်း လှမ်းယူပေမဲ့ Chokun အရပ်က သူ့ထက်မြင့်နေတာကြောင့် ယူလို့မရဖြစ်နေသည်။
သူတို့နှစ်ယောက်ဖြစ်နေတဲ့ကြားထဲမှာ Fourth ကတော့ ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။ ဒါပေမဲ့ သူအရမ်းဗိုက်ဆာနေပြီဖြစ်တာကြောင့် မတ်တပ်ထရပ်လိုက်သည်။ ထိုအခါမှ Chokun နဲ့ Phan တို့ငြိမ်သွားသည်။
"မင်းတို့ဖြစ်ချင်ဆက်ဖြစ်ကြ ငါတော့ ဗိုက်ဆာလို့သွားပြီ"
သူအဲ့လိုပြောပြီး အခန်းပြင်သို့ထွက်သွားသည်။ နောက်ကနှစ်ယောက်က ပစ္စည်းတွေအမြန်သိမ်းကာ Fourth နောက်လိုက်သွားလေသည်။
ကန်တင်းရောက်တော့ သုံးယောက်သား ပန်းကန်အသီးသီးယူကာ လွတ်နေတဲ့ ခုံမှာဝင်ထိုင်လိုက်ကြသည်။ Chokun က...။
"ငါ အအေးဝယ်မို့ မှာအုံးမလား"
"ငါက စတော်ဘယ်ရီ Phan ကရော"
"နာနတ်"
သူတို့ပြောတာကို Chokun ကမှတ်ပြီး အအေးဝယ်ရန်ထွက်သွားတော့သည်။ Chokun မလာသေးတာမို့ ထမင်းမစားကြသေးဘဲ နေနေကြသည်။ Fourth ကတော့ ဖုန်းသုံးကာ Pahn က ဒီတိုင်း ဟိုငေးဒီငေးကြည့်နေသည်။ Fourth Fb ကြည့်နေရင်း Gemin post တစ်ခုတင်ထားတာတွေ့လိုက်သည်။ ဖုန်းကို Phan စီလှည့်ပြလိုက်ပြီး...။
"နင့် Gemini post တင်ထားတာတွေ့ပြီးပြီလား"
"ဟယ် ငါလွတ်သွားပြီ ခနလေး "
ထိုသို့ပြောပြီး Phan သူအိတ်ထဲက ဖုန်းကိုဖွင့်လိုက်ချိန်မှာ ဖုန်းက ပိတ်သွားခဲ့သည်။ ပြန်ဖွင့်လို့လည်း မရတော့ပေ။ သူ မျက်နှာ ရှုံ့မဲ့ကာ ဖုန်းဘတ်ထရီကုန်သွားမှန်းသိလိုက်ရသည်။
"Fourth ပါဝါဘတ်ပါလား"
"ဟင့်အင်း မပါဘူး"
"အာ..ဒါဆိုဘယ်လိုလုပ်မလဲ ငါ့ဖုန်းအားကုန်သွားပြီ"
Pahn ၏ မျက်နှာသည်ငိုမဲ့မဲ့ဖြစ်သွားသည်။
"အမ်း ရော့ရော့ ငါဖုန်းနဲ့ယူကြည့်"
"တကယ်လား"
"အေး လျှောက်တော့မနိုပ်နဲ့နော်"
"အေးပါ"
Pahn သည် Fourth ဖုန်းထဲမှ Gemini post ကိုကြည့်လိုက်တော့ Gem ကျောင်းဝန်းထဲက သူတို့မေဂျာနားမှာရိုက်ထားတဲ့ပုံဖြစ်သည်။ phan တစ်ချက်စဉ်းစားကြည့်တော့ Gem ကအတန်းက ခနနေမှစမှာဆိုတော့ သူအခု ကန်တင်းလာလောက်မလား?။
"fourth နင်ပြောကြည့် "
"အင်း"
"သူအတန်းမတတ်ခင် ကန်တင်းလာလောက်မလား"
"မသိဘူးလေ သူလာရင်လာမှာပေါ့"
သူတို့စကားပြောနေတုန်း ကန်တင်းက မိန်းကလေးတွေအော်သံကြားလိုက်သည်။ ဒါဆိုသဘောက Gem တို့အဖွဲ့က သူတို့ကန်တင်း ရောက်လာလို့ပင်ဖြစ်သည်။ နောက်လှည့်ကြည့်လိုက်တော့ တကယ် မိန်းကလေးများ၏ Dream boyy အဖွဲ့လိုပင်ပြောလို့ရသည်။
အဖွဲ့ထဲမှာ အရှေ့ဆုံးက လျှောက်လာတဲ့ Gemin က အဖွဲ့ထဲမှာ အထင်းဆုံးဖြစ်နေသည်။ ကျန်တဲ့သူတွေကလည်း ကျောင်းမှာအေချာဆုံးနဲ့ နာမည်ကြီးသူတွေဖြစ်ကြသည်။ Satang, winny, Aungpao, Gemin တို့သည် ကျောင်းရဲ့ နာမည်အကြီးဆုံးအဖွဲ့ပင်ဖြစ်သည်။
Chokun က အအေးခွက်တွေမှောက်မှာစိုးလို့ သေချာကြည့်ကာ လမ်းလျှောက်လာသည်။ သူမိန်းကလေးတွေအသံကြားရတည်းက Gem တို့အဖွဲ့ရောက်နေပြီဆိုမှန်းသိပေမဲ့ ဘယ်နားမှာလဲ သူမသိပါ။
တဖြည်းဖြည်းနဲ့ Fourth တို့ခုံအနားရောက်ခံနီးမှာ လူတစ်ယောက်နဲ့ တိုက်မိလေသည်။ ထိုသူအင်္ကျီတွင် အအေးများမှောက်ကျကုန်တော့သည်။ Fourth နဲ့ Pahn တို့လည်း အလန့်တကြား ထရပ်လိုက်ပြီး Chokun နားသွားလိုက်ကြသည်။ သူ တိုက်မိတဲ့သူက Gemini ပင်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
"အာ ဆောရီး တကယ်တောင်းပန်ပါတယ် မရည်ရွယ်ပါဘူး"
Gemin က သူအင်္ကျီပေါ်က အချိုရည်တွေကို ညစ်ချနေသည်။ Choukun တို့သုံးယောက်ကလည်း လက်အုပ်လေးတွေချီကာ တောင်းပန်နေကြသည်။ သူဘေးနားက Aungpao ဆိုတဲ့တစ်ယောက်က သူ့ကိုမကျေနပ်သည့်ပုံစံဖြင့် ကြည့်ကာ ပြောလိုက်သည်။
"မင်းကိုခွင့်လွတ်ပေးစေချင်ရင် သူဖိနပ်ပေါ်က အချိုရည်တွေကို မင်းလျှာနဲ့လျက်လိုက်"
ကျန်သော သူတွေကလည်း aungpao ပြောတဲ့စကားကို ကျေနပ်ကြပြီး "လျက်လိုက်" ဟု အကြိမ်ပေါင်းများစွာ လက်ခုပ်တီးကာ အော်ပြောနေကြသည်။ Chokun တစ်ယောက်မှာလည်း ကြောက်လွန်းလို့ ဒူးတောင်မခိုင်ချင်တော့ပေ။
ဒါပေမဲ့ သူတို့လုပ်နေတဲ့လုပ်ရပ်တွေကို Fourth တစ်ယောက်မခံနိုင်တော့တာကြောင့် ထအော်လိုက်သည်။
"ရပ်တော့"
သူအော်တော့ ကန်တင်းတစ်ခုလုံးတတိဆိတ်သွားခဲ့သည်။
"ကျွန်တော်တို့ဘက်ကမှားတာမို့ လျှော်ပေးပါ့မယ် ဒီလောက်ထိလုပ်စရာမလိုဘူးလို့တော့ထင်တယ်"
"ဒိအင်္ကျီက မင်းတစ်လရတဲ့ မုန့်ဖိုးနဲ့တောင် လျော်နိုင်မှာမဟုတ်ဘူး"
"ကျွန်တော်တို့အတက်နိုင်ဆုံးကြိုးစားပြီး လျော်ပေးပါ့မယ် ပြီးတော့ ကျွန်တော်တို့က အဲ့လောက်ထိအောက်တန်းမကျပါဘူးနော်"
Fourth ပြောတဲ့စကားတွေကို Gemin ကဘာမှမပြောဘဲကြည့်နေသည်။ ဘေးနားကသူ့သူငယ်ချင်းတွေကတော့ သူ့အစားမကျေနပ်ပုံရသည်။ ခုလည်း သူတို့ကို လုပ်ခိုင်းတဲ့လုပ်ရပ်က မှန်ကန်လို့လား?။ လျော်ကြေးပေးရင် ပြီးပြီကို။
"အိုခေ မင်းပါးစပ်ကမလုပ်ဘဲ လက်ကသက်သေပြလိုက် ပိုက်ဆံက မနက်ဖြန်လိုချင်တယ်"
"အင်း"
fourth တို့ ဆက်သည်းမခံနိုင်တော့တာကြောင့် ခေါင်းတချက်ငြိမ့်ပြကာ ထိုနေရာက ထွက်လာခဲ့ကြသည်။ Gemin သည် သူတို့ထွက်သွားတာကိုကြည့်ပြီး နှုတ်ခမ်းတစ်ဖက်မသိမသာပြုံးလိုက်သည်။ လှည့်ထွက်သွားတဲ့ကောင်လေးကတော့ မြင်မယ်မထင်။
_______________________
ဆန်မ်မင် ပြန်လာပါပြီ ဒီတစ်ခေါက်က Red flag ကြီးမို့ အချစ်ကလေးတို့ကြိုက်ဖို့မျှော်လင့်ပါတယ်။ အက်ပုဒိတ်ကတော့ တစ်ပတ်တစ်ပိုင်း။ vote တွေများရင် နှစ်ပိုင်းတင်ပေးမယ် >3<
9.9.24Mon
ေရးးးးးး!!
ေက်ာင္းေဘာလုံးကြင္းတစ္ခုတြင္ စုပုံေသာ လူမ်ား၏ ေအာ္သံေတြေၾကာင့္ ဆူညံေနသည္။ အဓိကအေၾကာင္းရင္းက ကြင္းထဲက ေဘာလုံးကန္ေနတဲ့ ေကာင္ေလးတစ္ေယာက္ေၾကာင့္ျဖစ္သည္။ အရပ္ျမင့္ျမင့္ အသားကညိုသလိုရွိသည္။ မ်က္ခုံးသည္မထူမပါးရွိၿပီး ညွို႔ယူနိုင္ေသာ မ်က္လုံးတစ္စုံ ပိုင္ဆိုင္ထားသည္။ ၾကည့္သူတိုင္း သေဘာက်သည့္ ႐ုပ္ရည္မ်ိဳးနဲ႕မို႔ မိန္းကေလးမ်ား၏ အသဲစြဲျဖစ္သည္။
" ျမန္ျမန္လာ "
"ေအးပါ"
ထိုမိန္းကေလးမ်ားထဲတြင္ Pahn အပါအဝင္ျဖစ္သည္။ ခုလည္း ကစားေနတဲ့ ကြင္းအနားကို သူ႕လက္တစ္ဖက္ဆြဲကာ တိုးဝင္ေနသည္။ Fourth သည္ ေယာက္်ားေလးတစ္ေယာက္ျဖစ္ေသာ္လည္း ေဘာလုံးပြဲကိုသိပ္သေဘာမက်ေပ။ ဒါေပမဲ့ ေဘာလုံးပြဲအေၾကာင္းေတာ့ သိ၏။ ခုလည္း သူငယ္ခ်င္းျဖစ္သူ ေခၚလာလို႔လိုက္လာရတာ အနားမွာ မိန္းကေလးကေတြနဲ႕ ေယာက္်ားေလး အနည္းငယ္သာရွိသည္။
သူကြင္းထဲရွိ ထိုေယာက္်ားေလးကို ၾကည့္ေနလိုက္သည္။ ေဘာလုံးကစားသည္ကို အလြန္ကြၽမ္းက်င္ပုံ ရသည္။ သူဘက္အဖြဲ႕က သူကပဲ ဂိုးသြင္းေနသည္ကိုေတြ႕ရ၍ တျခားအဖြဲ႕ကသြင္းသည္ကို သိပ္မေတြ႕ရ။ ေဘာလုံးကစားေနသည့္ပုံမွာလည္း ေခြၽးမ်ားထြက္ေနေပမဲ့ ဆြဲေဆာင္မူရွိေန၏။ ထိုေယာက္်ားေလးက ေက်ာင္းရဲ႕ King ျဖစ္တဲ့ Gemini Norawit ပင္ျဖစ္သည္။
ခုနၾကာေတာ့ ကစားပြဲ ၿပီးဆုံးသြားေတာ့သည္။ Gemin သည္ ခုံေပၚမွာတင္ထားတဲ့ ေရဘူးကိုယူကာ ေသာက္ၿပီး က်န္တစ္ဝက္ကို ေခါင္းေပၚကေလာင္းခ်လိဳက္သည္။ ေရစိုသြားေသာ သူရဲ႕ ဆံပင္ေတြကို လက္တစ္ဖက္နဲ႕ အေပၚလွန္သတ္ လိုက္သည္။ ထိုအခ်ိန္ အနားမွာရွိတဲ့ မိန္းကေလးမ်ားကလည္း ထေအာ္ၾကပါေလေရာ။ သူတို႔ အသံေပ်ာက္သည္အထိ ေအာ္ၿပီးေခၚေနပါေစ Gemini ကေတာ့ ၿပဳံးဖို႔ေနသာ တစ္ခ်က္ေတာင္ လွည့္မၾကည့္ခဲ့ပါ။ King ဆိုတဲ့နာမည္နဲ႕အလိုက္ မာနႀကီးေသာသူျဖစ္၏။
ေရဘူးကို ျပန္ခ်ထားကာ သူတို႔ဘက္ တစ္ခ်က္မွ် မၾကည့္ဘဲ သူလမ္းသူသာသြားသည္။ ဘယ္ေလာက္ေတာင္ ဘဝင္ျမင့္လိုက္လဲ။ မိန္းကေလးမ်ားသည္လည္း သူ႕ေနာက္လိုက္သြားၾကသည္။ သူေတာင္ Pahn ကိုအတင္းျပန္ေခၚ၍ ႏွစ္ေယာက္သား အတန္းသြားတတ္ၾကရေတာ့သည္။
Gem သည္ သူ႕ေနာက္လိုက္လာသည့္ မိန္းကေလးမ်ားအား လ်စ္လ်ဴရႈကာ အေဆာင္ထဲ သို႔ ဝင္သြားသည္။အခန္းမွာ ႏွစ္ေယာက္အတူေနရသည့္္အခန္းမို႔ ပစၥည္းေတြခြဲထားရ၏။ သူဗီရိုနားသြားၿပီး တစ္ဘတ္တစ္ထည္ကို ယူလိုက္သည္။ ခုနက ေဘာလုံးကန္ထားသည့္ အရွိန္ျဖင့္ ေခြၽးမ်ားထြက္ေနၿပီးျဖစ္သည္။ အသန့္ႀကိဳက္တဲ့သူမို႔ ခႏၱာကိုယ္ ညစ္ပတ္ေနရင္ေတာင္မွ သေဘာမက်ေပ။
ထို႔ေနာက္ တံခါးဖြင့္သံၾကားေတာ့ သူဝင္လာၿပီးမွန္းသိေလသည္။အေနာက္လွည့္ၾကည့္လိုက္ေတာ့ aungpao တစ္ေယာက္ မုန့္ေတြ မနိုမ္မႏွိင္း သယ္ယူလာၿပီး စားပြဲေပၚကိုတင္လိုက္သည္။
"မင္းေကာင္မေလးေတြေပးလိုက္တာ"
"အင္း"
"မင္းကမေစာင့္ဘဲအေရွ႕ကအျမန္သြားတာကို ငါက ေနာက္မွက်န္ခဲ့ေတာ့ ငါ့စီပဲထိုးေပးၾကတာ"
"ေအာ္ မင္းစားခ်င္တာရွိရင္ယူထားလိုက္ က်န္တာ အသင္းထဲကလူေတြေပးလိုက္ေလ"
Gemini သည္ ထိုသို႔ေျပာၿပီး တစ္ဘတ္ကို ပုခုံးေပၚတင္ကာ ေရခ်ိဳးခန္းထဲဝင္သြားသည္။ aungpao အေနာက္မွာ က်န္ခဲ့တဲ့ ကေတာ့ မုန့္ေတြကို ေဝစုခြဲၿပီး သူ႕မုန့္ေတြကို စားပြဲေပၚတင္ထားလိုက္သည္။
Gemini ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ aungpao ကိုမေတြ႕ေတာ့ေပ။ သူမုန့္ေတြလိုက္ေပးေနၿပီ ထင္တယ္။ တျခားကိစၥေတြ မစဥ္းစားေတာ့ဘဲ သူ႕စားပြဲေပၚက hairhyar ကိုယူၿပီး မွန္ေရွ႕တြင္ရပ္ကာ ဆံပင္ကိုေျခာက္ေအာင္ျပဳလုပ္ေနလိုက္သည္။
႐ုတ္တရပ္ ေဘးနားက ဖုန္းက ထျမည္လာေတာ့ ဖုန္းကိုလက္တစ္ဖက္နဲ႕ကိုင္လိုက္ၿပီး ဆံပင္ကိုဆက္လုပ္ေနလိုက္သည္။
"Gem!"
Gemini ရဲ႕ဝမ္းကြဲအကို Phuwin စီက ဖုန္းျဖစ္သည္။ Phuwin သည္ အခုနိုင္ငံျခားမွာျဖစ္သည္။ ငယ္ငယ္တုန္းက အတူတူေဆာ့ခဲ့ၾကတာမို႔ အခုထိရင္းရင္းႏွီးႏွီး ရွိၾကသည္။
"ဘာေျပာမလို႔လဲ"
"ဘာလဲ မင္းက အဲ့ဒီမွာေကာင္မေလးေတြၾကည္ေနေတာ့ ဒီကအကို ကိုေမ့ေနၿပီေပါ့"
"မဟုတ္တာ"
"အေမက သတိရလို႔ ဖုန္းဆက္လိုက္ပါအုံး ဆိုလို႔"
"ဒါဆို အေဒၚကိုလည္း သတိရတယ္လို႔ေျပာေပးအုံး"
"ေျပာလိုက္မယ္ ခုအိမ္မွာေတာ့မရွိဘူး"
"ေအာ္ အဲ့တာဆိုညၾကမွျပန္ေခၚလိုက္မယ္ေနာ္ ေန႕လည္အတန္းရွိလို႔"
"ဟုတ္ၿပီ ေအးပါ"
ဖုန္းကို ခ်လိဳက္ၿပီး သူလုပ္ စရာရွိတာေတြ လက္စသတ္ကာ အတန္းတတ္ဖို႔ သြားရန္ ျပင္ဆင္လိုက္ေတာ့သည္။
ေက်ာင္းဝန္းထဲေရာက္ေတာ့ လက္ထဲက နာရီတခ်က္ၾကည့္လိုက္ကာ အတန္းစဖို႔ နာရီဝက္လိုေသးတာနဲ႕ သူဗိုက္ျဖည့္ဖို႔ ကန္တင္းအရင္သြားလိုက္သည္။
______
"အားလုံးပဲ မဂၤလာပါ"
"မဂၤလာပါ ဆရာမ"
ေန႕လည္အတန္းၿပီးၿပီမို႔ သူတို႔ကန္တင္းသြားဖို႔ ပစၥည္းေတြသိမ္းေနၾကသည္။ pahn က စာသင္ေနကတည္းကပင္ ၿပဳံးစိၿပဳံးစိ ျဖစ္ေနသည္။ ခုလဲ တစ္ေယာက္တည္း ဘာေတြသေဘာက်ေနလဲမသိ။
"Phan!!"
"ဟမ္ ဟင္"
chokun ရဲ႕ေအာ္သံေၾကာင့္ phan သတိရေတာ့သည္။ chokun pahn နဲ႕ fot တို႔သုံးေယာက္ အထက္တန္းအစတည္း ကေပါင္းလာတဲ့သူေတြ ျဖစ္ၾကသည္။
"နင္ ဘယ္လိုျဖစ္ေနတာလဲ "
"အာ...ခနေလး"
Phan သည္ သူ႕ဖုန္းကိုထုတ္ကာ ျပန္ၿပီးေတာ့ ၿပဳံးေနျပန္သည္။ Chokun သည္ သူၾကည့္ေနတဲ့ ဖုန္းကိုလုၿပီး ၾကည့္လိုက္ေတာ့ သူက social ေတြမွာ Gemini fan page ေတြေထာင္ၿပီး admin လုပ္ေနေလရဲ႕။ ခုလည္း မနက္တုန္းက ေဘာလုံးကန္ေနတဲ့ပုံေတြကို ရိုက္ၿပီး သူpage ေတြမွာ တင္ထားၿပီးေနေလသည္။ gp ေတြဝင္ထားတာမို႔ message ေတြကလည္း အဆက္မျပတ္ဝင္ေနသည္။ ဒါေတာင္ သူဖုန္းေကာင္းလို႔ေပါ့။ မေကာင္းတဲ့ဖုန္းအမ်ိဳးအစားသာရင္ ပ်က္တာၾကာေနေလာက္ၿပီ။
"ငါ့ဖုန္းျပန္ေပး"
"မေပးဘူး"
ထိုသို႔ေျပာၿပီး Chokun သည္ phan ဖုန္းကို အေပၚျမင့္ထားၿပီး တစ္ခုၿပီးတစ္ခုဝင္ၾကည့္ေနသည္။ Phan ကလည္း လွမ္းယူေပမဲ့ Chokun အရပ္က သူ႕ထက္ျမင့္ေနတာေၾကာင့္ ယူလို႔မရျဖစ္ေနသည္။
သူတို႔ႏွစ္ေယာက္ျဖစ္ေနတဲ့ၾကားထဲမွာ Fourth ကေတာ့ ၿငိမ္ၿငိမ္ေလးထိုင္ၾကည့္ေနသည္။ ဒါေပမဲ့ သူအရမ္းဗိုက္ဆာေနၿပီျဖစ္တာေၾကာင့္ မတ္တပ္ထရပ္လိုက္သည္။ ထိုအခါမွ Chokun နဲ႕ Phan တို႔ၿငိမ္သြားသည္။
"မင္းတို႔ျဖစ္ခ်င္ဆက္ျဖစ္ၾက ငါေတာ့ ဗိုက္ဆာလို႔သြားၿပီ"
သူအဲ့လိုေျပာၿပီး အခန္းျပင္သို႔ထြက္သြားသည္။ ေနာက္ကႏွစ္ေယာက္က ပစၥည္းေတြအျမန္သိမ္းကာ Fourth ေနာက္လိုက္သြားေလသည္။
ကန္တင္းေရာက္ေတာ့ သုံးေယာက္သား ပန္းကန္အသီးသီးယူကာ လြတ္ေနတဲ့ ခုံမွာဝင္ထိုင္လိုက္ၾကသည္။ Chokun က...။
"ငါ အေအးဝယ္မို႔ မွာအုံးမလား"
"ငါက စေတာ္ဘယ္ရီ Phan ကေရာ"
"နာနတ္"
သူတို႔ေျပာတာကို Chokun ကမွတ္ၿပီး အေအးဝယ္ရန္ထြက္သြားေတာ့သည္။ Chokun မလာေသးတာမို႔ ထမင္းမစားၾကေသးဘဲ ေနေနၾကသည္။ Fourth ကေတာ့ ဖုန္းသုံးကာ Pahn က ဒီတိုင္း ဟိုေငးဒီေငးၾကည့္ေနသည္။ Fourth Fb ၾကည့္ေနရင္း Gemin post တစ္ခုတင္ထားတာေတြ႕လိုက္သည္။ ဖုန္းကို Phan စီလွည့္ျပလိုက္ၿပီး...။
"နင့္ Gemini post တင္ထားတာေတြ႕ၿပီးၿပီလား"
"ဟယ္ ငါလြတ္သြားၿပီ ခနေလး "
ထိုသို႔ေျပာၿပီး Phan သူအိတ္ထဲက ဖုန္းကိုဖြင့္လိုက္ခ်ိန္မွာ ဖုန္းက ပိတ္သြားခဲ့သည္။ ျပန္ဖြင့္လို႔လည္း မရေတာ့ေပ။ သူ မ်က္ႏွာ ရႈံ႕မဲ့ကာ ဖုန္းဘတ္ထရီကုန္သြားမွန္းသိလိုက္ရသည္။
"Fourth ပါဝါဘတ္ပါလား"
"ဟင့္အင္း မပါဘူး"
"အာ..ဒါဆိုဘယ္လိုလုပ္မလဲ ငါ့ဖုန္းအားကုန္သြားၿပီ"
Pahn ၏ မ်က္ႏွာသည္ငိုမဲ့မဲ့ျဖစ္သြားသည္။
"အမ္း ေရာ့ေရာ့ ငါဖုန္းနဲ႕ယူၾကည့္"
"တကယ္လား"
"ေအး ေလွ်ာက္ေတာ့မနိုပ္နဲ႕ေနာ္"
"ေအးပါ"
Pahn သည္ Fourth ဖုန္းထဲမွ Gemini post ကိုၾကည့္လိုက္ေတာ့ Gem ေက်ာင္းဝန္းထဲက သူတို႔ေမဂ်ာနားမွာရိုက္ထားတဲ့ပုံျဖစ္သည္။ phan တစ္ခ်က္စဥ္းစားၾကည့္ေတာ့ Gem ကအတန္းက ခနေနမွစမွာဆိုေတာ့ သူအခု ကန္တင္းလာေလာက္မလား?။
"fourth နင္ေျပာၾကည့္ "
"အင္း"
"သူအတန္းမတတ္ခင္ ကန္တင္းလာေလာက္မလား"
"မသိဘူးေလ သူလာရင္လာမွာေပါ့"
သူတို႔စကားေျပာေနတုန္း ကန္တင္းက မိန္းကေလးေတြေအာ္သံၾကားလိုက္သည္။ ဒါဆိုသေဘာက Gem တို႔အဖြဲ႕က သူတို႔ကန္တင္း ေရာက္လာလို႔ပင္ျဖစ္သည္။ ေနာက္လွည့္ၾကည့္လိုက္ေတာ့ တကယ္ မိန္းကေလးမ်ား၏ Dream boyy အဖြဲ႕လိုပင္ေျပာလို႔ရသည္။
အဖြဲ႕ထဲမွာ အေရွ႕ဆုံးက ေလွ်ာက္လာတဲ့ Gemin က အဖြဲ႕ထဲမွာ အထင္းဆုံးျဖစ္ေနသည္။ က်န္တဲ့သူေတြကလည္း ေက်ာင္းမွာေအခ်ာဆုံးနဲ႕ နာမည္ႀကီးသူေတြျဖစ္ၾကသည္။ Satang, winny, Aungpao, Gemin တို႔သည္ ေက်ာင္းရဲ႕ နာမည္အႀကီးဆုံးအဖြဲ႕ပင္ျဖစ္သည္။
Chokun က အေအးခြက္ေတြေမွာက္မွာစိုးလို႔ ေသခ်ာၾကည့္ကာ လမ္းေလွ်ာက္လာသည္။ သူမိန္းကေလးေတြအသံၾကားရတည္းက Gem တို႔အဖြဲ႕ေရာက္ေနၿပီဆိုမွန္းသိေပမဲ့ ဘယ္နားမွာလဲ သူမသိပါ။
တျဖည္းျဖည္းနဲ႕ Fourth တို႔ခုံအနားေရာက္ခံနီးမွာ လူတစ္ေယာက္နဲ႕ တိုက္မိေလသည္။ ထိုသူအကၤ်ီတြင္ အေအးမ်ားေမွာက္က်ကဳန္ေတာ့သည္။ Fourth နဲ႕ Pahn တို႔လည္း အလန့္တၾကား ထရပ္လိုက္ၿပီး Chokun နားသြားလိုက္ၾကသည္။ သူ တိုက္မိတဲ့သူက Gemini ပင္။
"မင္း ဘယ္လိုလုပ္လိုက္တာလဲ"
"အာ ေဆာရီး တကယ္ေတာင္းပန္ပါတယ္ မရည္႐ြယ္ပါဘူး"
Gemin က သူအကၤ်ီေပၚက အခ်ိဳရည္ေတြကို ညစ္ခ်ေနသည္။ Choukun တို႔သုံးေယာက္ကလည္း လက္အုပ္ေလးေတြခ်ီကာ ေတာင္းပန္ေနၾကသည္။ သူေဘးနားက Aungpao ဆိုတဲ့တစ္ေယာက္က သူ႕ကိုမေက်နပ္သည့္ပုံစံျဖင့္ ၾကည့္ကာ ေျပာလိုက္သည္။
"မင္းကိုခြင့္လြတ္ေပးေစခ်င္ရင္ သူဖိနပ္ေပၚက အခ်ိဳရည္ေတြကို မင္းလွ်ာနဲ႕လ်က္လိုက္"
က်န္ေသာ သူေတြကလည္း aungpao ေျပာတဲ့စကားကို ေက်နပ္ၾကၿပီး "လ်က္လိုက္" ဟု အႀကိမ္ေပါင္းမ်ားစြာ လက္ခုပ္တီးကာ ေအာ္ေျပာေနၾကသည္။ Chokun တစ္ေယာက္မွာလည္း ေၾကာက္လြန္းလို႔ ဒူးေတာင္မခိုင္ခ်င္ေတာ့ေပ။
ဒါေပမဲ့ သူတို႔လုပ္ေနတဲ့လုပ္ရပ္ေတြကို Fourth တစ္ေယာက္မခံနိုင္ေတာ့တာေၾကာင့္ ထေအာ္လိုက္သည္။
"ရပ္ေတာ့"
သူေအာ္ေတာ့ ကန္တင္းတစ္ခုလုံးတတိဆိတ္သြားခဲ့သည္။
"ကြၽန္ေတာ္တို႔ဘက္ကမွားတာမို႔ ေလွ်ာ္ေပးပါ့မယ္ ဒီေလာက္ထိလုပ္စရာမလိုဘူးလို႔ေတာ့ထင္တယ္"
"ဒိအကၤ်ီက မင္းတစ္လရတဲ့ မုန့္ဖိုးနဲ႕ေတာင္ ေလ်ာ္နိုင္မွာမဟုတ္ဘူး"
"ကြၽန္ေတာ္တို႔အတက္နိုင္ဆုံးႀကိဳးစားၿပီး ေလ်ာ္ေပးပါ့မယ္ ၿပီးေတာ့ ကြၽန္ေတာ္တို႔က အဲ့ေလာက္ထိေအာက္တန္းမက်ပါဘူးေနာ္"
Fourth ေျပာတဲ့စကားေတြကို Gemin ကဘာမွမေျပာဘဲၾကည့္ေနသည္။ ေဘးနားကသူ႕သူငယ္ခ်င္းေတြကေတာ့ သူ႕အစားမေက်နပ္ပုံရသည္။ ခုလည္း သူတို႔ကို လုပ္ခိုင္းတဲ့လုပ္ရပ္က မွန္ကန္လို႔လား?။ ေလ်ာ္ေၾကးေပးရင္ ၿပီးၿပီကို။
"အိုေခ မင္းပါးစပ္ကမလုပ္ဘဲ လက္ကသက္ေသျပလိုက္ ပိုက္ဆံက မနက္ျဖန္လိုခ်င္တယ္"
"အင္း"
fourth တို႔ ဆက္သည္းမခံနိုင္ေတာ့တာေၾကာင့္ ေခါင္းတခ်က္ၿငိမ့္ျပကာ ထိုေနရာက ထြက္လာခဲ့ၾကသည္။ Gemin သည္ သူတို႔ထြက္သြားတာကိုၾကည့္ၿပီး ႏႈတ္ခမ္းတစ္ဖက္မသိမသာၿပဳံးလိုက္သည္။ လွည့္ထြက္သြားတဲ့ေကာင္ေလးကေတာ့ ျမင္မယ္မထင္။
_______________________
ဆန္မ္မင္ ျပန္လာပါၿပီ ဒီတစ္ေခါက္က Red flag ႀကီးမို႔ အခ်စ္ကေလးတို႔ႀကိဳက္ဖို႔ေမွ်ာ္လင့္ပါတယ္။ အက္ပုဒိတ္ကေတာ့ တစ္ပတ္တစ္ပိုင္း။ vote ေတြမ်ားရင္ ႏွစ္ပိုင္းတင္ေပးမယ္ >3<
9.9.24Mon
[text_hash] => 68aa1222
)
What do you think?