Array
(
[text] =>
Fourth တစ်ယောက်အိပ်ရာထလာခြင်း ဘေးကိုကြည့်လိုက်တော့ Gem ကမရှိပေ။ အဲ့ဒါနဲ့ပင် အိမ်ရှေ့သို့ထွက်လာတော့ မနက်စာပြင်နေတဲ့ Gem ကိုတွေ့လိုက်သည်။ Fourth တစ်ယောက် ဒီရက်ပိုင်း Gem အိမ်လိုက်နေတာဖြစ်သည်။ Gemini အရင်နေ နေကြ အဆောင်မှာ မနေတော့ပဲ ကိုယ်ပိုင်အိမ်မှာဘဲ ပြောင်းနေဖြစ်တော့သည်။
"Gem~"
Gemini မနက်စာလုပ်နေရင်း အနောက်က အသံပိစိလေးကြားလိုက်တာကြောင့် နောက်လှည့်ကြည့်လိုက်တော့ ညအိပ်၀တ်စုံ အဖြူရောင်လေးနဲ့fourthက သူကိုလှမ်းခေါ်နေသည်။ အိပ်ရာထထခြင်း မျက်လုံးစပ်လို့ထင်တယ် မျက်လုံးကို လက်နဲ့ပွတ်နေတော့ အနားကိုသွားလိုက်ပြီး ပွတ်နေတဲ့ လက်ကိုဖွဖွလေးဖယ်လေးသည်။
"မျက်လုံးကို လက်နဲ့မပွတ်ရဘူးလေ ပိုဆိုးမယ်"
"အင်း~"
ပြောလိုက်တော့ ထက်မလုပ်တော့ဘဲနဲ့ သူ့ကိုဖတ်လာသည်။ ခေါင်းလေးကိုလက်နဲ့ပွတ်ပေးလိုက်တော့ ရင်ခွင်ထဲ ပိုပြီးတော့ တိုးလာသည်။ သူပြုံးလိုက်မိသည်။
"အိပ်ရေးမ၀သေးတာလား Bae"
သူမေးလိုက်တော့ ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ပြလာသည်။
"ဒါဆို မျက်နှာသွားသစ်လိုက်နော် ပြီးရင်မနက်စာလာစား"
ဖတ်ထားရာမှ လွှတ်လိုက်ပြီး နဖူးကိုတစ်ချက်နမ်းလိုက်သည်။
"အင်း အမြန်ပြန်လာခဲ့မယ်"
"ဟုတ်ပါပြီဗျာ"
သူ့ကိုပြောပြီး လှေကားပေါ်ကို တတ်သွားသည်။ သူလည်း လုပ်လက်စ အလုပ်ကိုဆက်လုပ်ကာ ခနကြာတော့ ပန်းကန်ပေါ်မှာ ခေါက်ဆွဲကြော်ကို ချစ်စရာကောင်းအောင်ပြင်ဆင်ထား၏။
သူလည်းလုပ်ပြီးတော့ အပေါ်ထပ်ကနေ ကျောင်း၀တ်စုံ၀တ်ကာ ပြေးဆင်းလာသည်။ မျက်နှာက ခုနကနဲ့မတူတော့ ရေချိုးလိုက်တော့ လန်းဆန်းနေသည့်ပုံပေါ်သည်။
"Baeချော်လဲမယ်ဖြေးဖြေး"
"မနက်စာဘာပြင်ထားလဲ Gem"
Fourth ကြည့်လိုက်ပြီး သဘောကျသွားတော့ ထိုင်ကာ ဘာမှမပြောတော့ဘဲ စားနေလိုက်သည်။ပြီးမှ သူ့ကိုသတိရကာ လှမ်းခေါ်လာ၏။
"Gem လာစားလေ"
"မေ့သွားပြီမှတ်တာ"
"မေ့စရာလား ဒီတစ်ယောက်တည်းရှိတာကို"
အဲ့လိုအဲ့လို။ သူသဘောကျတာတွေ့ရင် လူကိုမေ့သွားတာ။ ပြီးတော့မှ အဲ့အပြောချိုချိုလေးနဲ့ပြောတော့ စိတ်မဆိုးတဲ့အပြင် အသဲယားနေသေးသည်။မနက်စာစားနေတုန်း Gemက စကားစလာသည်။
"ပြီးရင် ကျောင်းတန်းသွားမှာလား"
"ဟုတယ် မနက်ပိုင်းက မတတ်လို့မရလို့"
"လိုက်ပို့ပေးရအုံးမလား"
"တက်စီနဲ့သွားမှာ Gem အတန်းက နေ့လည်မှမလား ပြန်အိပ်လိုက်အုံးလေ တော်ကြာ မျက်တွင်းညိုနေအုံးမယ် စိတ်ပူတယ်"
"ဟုတ်ကဲ့ပါဗျ"
သူတို့နှစ်ယောက် ပြုံးလိုက်ကြပြီး ပြောနေတာရပ်လိုက်ကာ ဆက်စားနေလိုက်ကြသည်။ မနက်စာစားပြီးတော့ Gem က ပန်းကန်တွေသွားဆေးပြီး Fourth နား သွားလိုက်သည်။ဆံပင်ကို သေချာလုပ်ပေးတော့ သူ့ကိုကြည့်နေတဲ့ မျက်၀န်းလေးနဲ့အကြည့်ချင်းဆုံသွားသည်။
"Bae ဒီလောက်ချစ်ဖို့ကောင်းနေရင် ငါဘယ်လိုလုပ် စိတ်ချရမှာလဲ"
"စိတ်မချရင် အနားမှာထားထားလေ"
"ဒါဆို ဒီနေ့ငါ့အနားမှာပဲနေတော့"
"မရဘူးလေ Gem လည်းအတန်းတတ်ရမဲ့ဟာကို"
"ကိုယ်က နှစ်ချိန်လောက်ပဲတတ်ရမှာ ပြီးရင် ဘောလုံးကန်ရအုံးမယ်"
"ဘယ်ချိန်လဲ"
"မသေချာသေးဘူး သေချာရင်လှမ်းပြောမယ်လေ"
"Darling ဘောလုံးကန်ရင် အရမ်းဆွဲဆောင်မူရှိတာသိလား"
ရုတ်တရပ် Darling လို့ခေါ်လိုက်ပြီး ချစ်စရာကောင်းတဲ့ မျက်လုံးလေးတွေနဲ့ကြည့်ပြီးပြောလာတဲ့ fourth ကြောင့် ရင်ထဲကယားကျိယားကျိ ဖြစ်လာသည်။
"အာ...Bae ကိုယ့်သမာဓိ စမ်းနေတာလား"
"စတာစတာ ဒါဆိုသွားတော့မယ်နော်"
Fourth ကလက်ပြပြီး နောက်ကိုလှည့်လိုက်ကာ သွားတော့မဲ့အချိန် Gem က fourth လက်ကိုဆွဲလိုက်ပြီး နှုတ်ခမ်းနှစ်ခု ထပ်တူကျစေသည်။
အစတုန်းက fourth လန့်သွားပေမဲ့ကြာလာ နှစ်ယောက်သား အရှိန်ရလာပြီး Fourth လက်တွေက Gem လည်ပင်းကိုတွယ်လာပြီး Gem လက်တွေက fourth ခါးကိုဖတ်ထားသည်။သူတို့နှစ်ယောက် အသက်ရှူရပ်တဲ့အထိ နမ်းနေကြရင်း အိမ်ရှေ့က ကားဟွန်းတီးသံကိုကြားလိုက်ရသည်။ ခေါ်ထားသည့်ကား ရောက်သည်ထင်သည်။
ကားသံကြားတော့ နမ်းနေရာမှ ရပ်လိုက်ကြပြီး ပါးစပ်မှာ ပေနေတဲ့ အရည်တွေသုတ်ကာ Gem ကို လက်ပြန်ပြီး ထွက်လာခဲ့သည်။
-----------------
သူကျောင်းကိုလာခဲ့ပြီး အတန်းဘက်သို့ သွားလိုက်သည်။ ရက်တွေက ပုံမှန်လိုတောင် နေသားကျသွားခဲ့ပြီ။ Pahn က ဟိုမှာ ကောင်လေးရနေပြီဖြစ်သည်။ စသိသိချင်း Chokun က ခံစားရပေမဲ့ နောက်ပိုင်း သူငယ်ချင်းလိုပဲပြန်ပေါင်းနေကြသည်။ အမှန်တော့ Pahn ဖက်က Chokun ကို မေ့နိုင်အောင် ထားလိုက်ရင်း တကယ်ချစ်မိသွားပြီလို့ Fourth ကို လာရင်ဖွင့်သည်။
အချိန်တိုတိုလေးအတွင်းမှာ အဖြစ်အပျက်တွေက လိုက်လို့မမှီအောင် မြန်ဆန်လွန်းသည်။ ဖြစ်ပျက်ပြီးခဲ့တာတွေ မေ့လိုက်ပြီး နဂိုဘ၀မှာ ပျော်ရွှင်စွာ ဖြတ်သန်းနေလိုက်သည်။အတန်းထဲ၀င်တော့ Chokun ကိုတွေ့လိုက်သည်။
"ဆရာ မနေ့က ပေးသွားတဲ့ project ပြီးပြီလား"
"အင်း ပြီးပြီ "
"ဒါဆို အတန်းတွေပြီးရင် ကျောင်းနားက ဆိုင်တစ်ဆိုင်မှာ အတူလုပ်ကြတာပေါ့ Mark ကိုပါခေါ်ထားတယ်"
Pahn မရှိတော့တဲ့နောက်ပိုင်း 3ယောက် Project တွေလုပ်ရရင် အတန်းထဲက Mark ဆိုတဲ့ကောင်လေးနဲ့ သုံးယောက်သား အတူလုပ်ကြရသည်။
"အယ် ငါကပြီးရင် ဘောလုံးကွင်းသွားရအုံးမယ် ငါမလိုက်တော့ဘူး"
"မင်းတို့လဲနော် အိမ်မှာတွေ့တာတောင် မကျေနပ်နိုင်သေး"
Chokun စကားကြောင့် Fourth ပြုံးလိုက်သည်။ သူတို့နှစ်ယောက် တွဲနေတဲ့အကြောင်း သူငယ်ချင်းတွေကို မလိမ်ချင်တာကြောင့် ဖွင့်ပြောထား၏။ ယုံကြည်စိတ်ချတာလည်း ပါတာပေါ့။ တွဲနေတဲ့အကြောင်းကို Chokun နဲ့ Pahn အပြင် Gem ရဲ့ စိတ်ချရတဲ့ လူတွေပါသိထားသည်။
"ကဲ ထားပါ အတန်းစတော့မယ်"
သူတို့နှစ်ယောက် အတန်းတွေ အကုန်ပြီးရော လူစုခွဲလိုက်ကြပြီး Fourth က ဘောလုံးကွင်းစီ သွားလိုက်သည်။ လူကြားထဲတိုး၀င်လိုက်ပြီး ရှေ့ဆုံးနေရာက ရပ်လိုက်သည်။
တွေ့ပါပြီ။ ငါ့ရဲ့ ဆွဲဆောင်မူရှိတဲ့အမျိုးသား။ သူမလာခင်ကတည်းက ပွဲစနေတာထင်သည် gem ရဲ့ နဖူးမှာ ချွေးတွေစီးကျနေသည်။ ဒါကလည်း အန္တရာယ်များတဲ့ ညှို့ယူမူတစ်မျိုးလိုပဲ။
ပွဲပြီးသွားတော့ Gem ကို သူ့ကိုမြင်သွားပြီး မျက်စိတစ်ဖက်ကို မသိမသာ မှိတ်ပြသည်။ ထို့နောက် ဖုန်းပေါ်မှာ သူ့လက်ချောင်းသွယ်သွယ်တွေ လှုပ်ရှားလိုက်ပြီး မကြာခင်မှာ ငါ့ဖုန်းထဲ စာရောက်လာသည်။ "ကျောင်းနောက်ဖက်မှာ စောင့်နေ" တဲ့။
Fourth ကျောင်းနောက်ဖက်က ထိုင်ခုံမှာထိုင်စောင့်နေပြီး ခနနေတော့ Gem ရောက်လာကာ သူ့ဘေးမှာ လာထိုင်သည်။
"ကြာသွားလား"
"မကြာပါဘူး ပင်ပန်သွားပြီလား"
"အင်း ဒါကြောင့် အားလေးဖြည့်ပေးပါအုံး"
Gem တစ်ယောက် လက်နှစ်ဖက်ကို ဆန့်ကာ Fourth ကိုဖက်လိုက်သည်။ ဖက်လို့၀သွားမှ Fourth နှုတ်ခမ်းကို ဖြတ်ခန နမ်းလိုက်သည်။
ပြွတ်စ်
"Gem သူများတွေမြင်မယ်"
"စိတ်ချ ဒီနေရာ ဘယ်သူမှ မလာဘူး"
Gem တစ်ယောက်ပြောပြီး ခုနက အနမ်းတွေကို ပြန်ဆက်လိုက်သည်။ အချိန်အတော်တန်ကြာတဲ့အထိ အနမ်းတွေထဲမှာ နစ်မြောနေကြပြီး အောက်ဆီဂျင်ရတော့မှ ရပ်လိုက်ကြသည်။
"သီချင်းအတူနားထောင်ကြမလား"
"အင်း "
နားကြပ်တစ်စုံကို တစ်ယောက်တစ်ဖက်စီ တပ်ထားကာ အတွေးတွေက သူတို့ဖွင့်ထားတဲ့ city ဆိုတဲ့ သီချင်းလေးနဲ့ စီး၀င်နေကြ၏။
---------------
သူတို့နှစ်ယောက် Gem ကားနဲ့အတူ အိမ်ပြန်ရောက်လာခဲ့ကြသည်။
"Gem ငါဗိုက်ဆာနေပြီ စားစရာတစ်ခုခုမှာပေးပါ"
"ဘာစားမလဲ"
"ကြက်ကြော်"
"ညဘက်ကြီး ရင်ပြည့်အုံးမယ်"
"ရတယ် မှာလိုက်နော်"
Fourth တစ်ယောက် အော်ကာ အပေါ်ထပ် အခန်းထဲသွားပြီး ရေချိုးလိုက်သည်။ ရေချိုးပြီး ခေါင်းပါလျှော်လိုက်တော့ တဘတ်တစ်ထည်နဲ့ ခေါင်းကို သုတ်ကာ ထွက်လာသည်။ သူထွက်လာတော့ Gem က ကုတင်ပေါ်မှာ ထိုင်ကာ သူ့ကိုကြည့်နေ၏။
"ဘာလို့ ညဘက်ခေါင်းလျော်တာလဲ ဖျားအုံးမယ်"
"ဖျားလဲ ငါ့မှာ Gem ရှိနေတာပဲ"
"ဟော လာဒီနား ခေါင်းသုတ်ပေးမယ်"
Gem အနားသွားကာ ဘေးမှာ ၀င်ထိုင်လိုက်တော့ တဘတ်ကို ယူကာသူ့ခေါင်းကို ငြင်သာစွာ သုတ်ပေးလာသည်။
"နောက်ခါမလျှော်နဲ့နော် ကိုယ်စိတ်ပူတယ်"
Fourth က အပူဒဏ်ခံနိုင်ပေမဲ့ အအေးဒဏ်သိပ်မခံနိုင်ဘူး အကြာကြီး အအေးခံမိတာနဲ့ စဖျားတော့တာပဲ။ ဖျားပြီဆိုလည်း ဆေးကမသောက်ချင် အတင်းချော့ပြီး ဆေးတိုက်ရသည်။ ဒါကြောင့် Fourth ကို စိတ်ပူလို့ပြောနေတာကို ဒီကလေးက နားမထောင်။
"သိပါပြီ"
"လိမ္မာလိုက်တာ"
Gem တစ်ယောက် Fourth ခေါင်းကို လက်နဲ့ဖွလိုက်ပြီး တဘက်တစ်ထည်ယူကာ ထလိုက်သည်။
"ဒါဆို ရေချိုးလိုက်အုံးမယ်နော် အစားအသောက်လာပို့နေပြီထင်တယ် ဧည်ခန်းနားက စောင့်နေ အပြင်မထွက်နဲ့နော် လာရင် အမြန်ထွက်ပြီး အမြန်ပြန်၀င် လေတိုက်မခံမိစေနဲ့"
"သိပါတယ်လို့ ချိုးစရာရှိတာ ချိုးပါ"
"ကိုယ် စိတ်ချမယ်နော်"
"အင်း"
"အမြန်နော်"
"နောက်တစ်ခေါက်ထက်ပြောရင် စိတ်ကောက်တော့မှာ"
သူပြောလိုက်မှာ ဘာမှမပြောတော့ဘဲ ရေချိုးခန်းထဲ၀င်သွားတဲ့ gem ကိုကြည့်ပြီး ပြုံးမိသည်။
အ၀တ်အစား၀တ်လိုက်ကာ အောက်ထပ်ဆင်းပြီး တီဗီကြည့်ကာ စောင့်နေသည်။ ခနကြာတော့ ဘဲလ်သံမြည်လာပြီး အစားစာလာပို့ပြီဆိုတာသိလိုက်သည်။ ဒါကြောင့် အင်္ကျီအပေါ်ထပ်၀တ်ကာ အိမ်ရှေ့ထွက်ပြီး ယူလိုက်သည်။အစားစာယူပြီး ပြန်လာတော့ Gem က ထိုင်ခုံမှာထိုင်ကာ သူ့ကို ကြည့်နေသည်။
"လာ ဒီနားကို"
Gemini ဘေးနား၀င်ထိုင်လိုက်ပြီး အထုတ်ကို ဘေးနားမှာချတော့ Gem က ဝိုင်းဖြည်ပေး၏။
"ပန်းကန်သွားယူလိုက်ရမလား"
"ဒီလိုပဲ စားမယ်လေ"
"အာ ဟုတ်ပြီ ဘာကားကြည့်ကြမလဲ"
"အဆင်ပြေတဲ့ကားကြည့်မယ်"
"သရဲကားဆိုရင်ရော"
"Gem နော်"
"အမ်း...မစတော့ဘူး"
တီဗီတွင် K-drama ကားကိုဖွင့်ထားကာ မုန့်စားရင်းကြည့်နေကြသည်။ Gem တစ်ယောက်မှာ ဖွင့်တာ ဖွင့်ပေးရတာ မျက်လုံးက တီဗီတွင်မရှိဘဲ fourth စီမှာပင်။ လက်ကနေ အငြိမ်မနေ။ Fourth ပါးစပ်ပေနေရင် သုတ်ပေးလိုက်။ ကြက်ကြော်ခွံကျွေးလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ ဘယ်လောက်ပဲရှုပ်ပါစေ ဒီအလုပ်ကိုသာ တစ်သက်လုံး လုပ်ရမယ်ဆိုရင်တောင် သူမငြိုငြင်ရက်။
Fourth ဇာတ်ကားကြည့်နေရင်း လက်နဲ့စမ်းတာ ကြက်ကြော်မတွေ့တာကြောင့် Gem ကို ပါးစပ်ဟပေးကာ လှမ်းပြောသည်။ခွံကျွေးပါအုံး ဆိုသည့်သဘော။ မျက်လုံးကလည်းအကြည့်မပျက်ပါ။
"Gem~ "
"ကုန်သွားပြီ"
"ဟာ ဘယ်လောက်မှလဲမစားလိုက်ရဘူး"
ကြက်ကြော် ၃တုံးမှာတာ Gem နည်းနည်းပဲစားပြီး ကျန်တာ Bae အတွက်ပဲဆိုပြီး ခွံကျွေးနေတာ။ ဒါတောင် သူလေးက မ၀ဘူးတဲ့။ ဟက်! တကယ်အစားပုတ်လေး။
"များများစားရင်မကောင်းဘူးလေ လာ ကိုယ့်ပေါင်ပေါ်မှာလှဲ ခေါင်းပွတ်ပေးမယ်"
အဲ့အခါကြမှ သူ့ကို ပြုံးပြကာ ပေါင်ပေါ်မှာလှဲလာသည်။ Fourth သူ့ခေါင်းကို ပွတ်ပေးရင် ကြောင်လေးတစ်ကောင်လိုပဲ သဘောကျသည်။ ဒါက Gem အကြိုက်ဆုံး Fot ရဲ့အနူးညံ့ဆုံးဘက်ခြမ်းလေးတစ်ခု။ Fourth ခေါင်းကိုပွတ်နေတုန်း လက်က နဖူးကိုသွားစမ်းလိုက်သည်။
"Fourth! Baby က ကိုယ့်စကားနားမထောင်ဘူးကွာ ကိုယ်တွေပူနေပြီ"
"ပြီးမှ ဆေးသောက်မယ်လေနော့်"
"...."
"နော့် Darling ကလဲ~"
"Baby မင်းကွာ"
"ဟီး"
တကယ် Gem Fourth ရဲ့ချွဲတာကို မခံနိုင်ပါ။ နည်းနည်းလောက် စကားကိုချိုသာစွာပြောရင်တောင် ရင်ထဲမှာ အသည်းယားနေတာ။ ဒီလိုမျိုးချွဲတာဆိုရင်တော့ တကယ် ရူးတော့မယ်။သူတို့နှစ်ယောက် စကားပြောနေတုန်း အိမ်ရှေ့က ဘဲလ်တီးသံကြားလိုက်သည်။
"Gem အိမ်ရှေ့က ဘယ်သူလဲမသိဘူး"
"ကိုယ်သွားကြည့်လိုက်အုံးမယ်နော်"
"အင်း မြန်မြန်"
Gem တစ်ယောက် အိမ်ရှေ့ထွက်ကာ ခြံတံခါးဖွင့်လိုက်တော့ မိန်းကလေးတစ်ယောက်ကိုတွေ့တာကြောင့် သူခနဆွံ့အသွားသည်။ သူအသိစိတ်ပြန်ရတဲ့အချိန် ထိုမိန်းကလေးက သူ့ဘက်ကို ကိုင်ပြီး ပြောလာသည်။
"Gem~ ဒီအတောအတွင်းအဆင်ပြေရဲ့လား"
သူမပြန်မပြောခင်မှာ Fourth ရောက်လာပြီး လာပြောတော့ ထိုမိန်းကလေးကိုင်ထားတဲ့ လက်ကိုခါလိုက်သည်။
"Gem~ ဒါဘယ်သူလဲ"
"မင်္ဂလာပါ ကျွန်မ Daisy ပါ Gemin ရဲ့ရည်းစားဟောင်းပေါ့"
______________________
အချစ်ကလေးတို့နောက်အပတ်ကြ ခွဲရတော့မယ် :((
Fourth တစ္ေယာက္အိပ္ရာထလာျခင္း ေဘးကိုၾကည့္လိုက္ေတာ့ Gem ကမရွိေပ။ အဲ့ဒါနဲ႕ပင္ အိမ္ေရွ႕သို႔ထြက္လာေတာ့ မနက္စာျပင္ေနတဲ့ Gem ကိုေတြ႕လိုက္သည္။ Fourth တစ္ေယာက္ ဒီရက္ပိုင္း Gem အိမ္လိုက္ေနတာျဖစ္သည္။ Gemini အရင္ေန ေနၾက အေဆာင္မွာ မေနေတာ့ပဲ ကိုယ္ပိုင္အိမ္မွာဘဲ ေျပာင္းေနျဖစ္ေတာ့သည္။
"Gem~"
Gemini မနက္စာလုပ္ေနရင္း အေနာက္က အသံပိစိေလးၾကားလိုက္တာေၾကာင့္ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ညအိပ္၀တ္စုံ အျဖဴေရာင္ေလးနဲ႕fourthက သူကိုလွမ္းေခၚေနသည္။ အိပ္ရာထထျခင္း မ်က္လုံးစပ္လို႔ထင္တယ္ မ်က္လုံးကို လက္နဲ႕ပြတ္ေနေတာ့ အနားကိုသြားလိုက္ၿပီး ပြတ္ေနတဲ့ လက္ကိုဖြဖြေလးဖယ္ေလးသည္။
"မ်က္လုံးကို လက္နဲ႕မပြတ္ရဘူးေလ ပိုဆိုးမယ္"
"အင္း~"
ေျပာလိုက္ေတာ့ ထက္မလုပ္ေတာ့ဘဲနဲ႕ သူ႕ကိုဖတ္လာသည္။ ေခါင္းေလးကိုလက္နဲ႕ပြတ္ေပးလိုက္ေတာ့ ရင္ခြင္ထဲ ပိုၿပီးေတာ့ တိုးလာသည္။ သူၿပဳံးလိုက္မိသည္။
"အိပ္ေရးမ၀ေသးတာလား Bae"
သူေမးလိုက္ေတာ့ ေခါင္းေလးတစ္ဆက္ဆက္ၿငိမ့္ျပလာသည္။
"ဒါဆို မ်က္ႏွာသြားသစ္လိုက္ေနာ္ ၿပီးရင္မနက္စာလာစား"
ဖတ္ထားရာမွ လႊတ္လိုက္ၿပီး နဖူးကိုတစ္ခ်က္နမ္းလိုက္သည္။
"အင္း အျမန္ျပန္လာခဲ့မယ္"
"ဟုတ္ပါၿပီဗ်ာ"
သူ႕ကိုေျပာၿပီး ေလွကားေပၚကို တတ္သြားသည္။ သူလည္း လုပ္လက္စ အလုပ္ကိုဆက္လုပ္ကာ ခနၾကာေတာ့ ပန္းကန္ေပၚမွာ ေခါက္ဆြဲေၾကာ္ကို ခ်စ္စရာေကာင္းေအာင္ျပင္ဆင္ထား၏။
သူလည္းလုပ္ၿပီးေတာ့ အေပၚထပ္ကေန ေက်ာင္း၀တ္စုံ၀တ္ကာ ေျပးဆင္းလာသည္။ မ်က္ႏွာက ခုနကနဲ႕မတူေတာ့ ေရခ်ိဳးလိုက္ေတာ့ လန္းဆန္းေနသည့္ပုံေပၚသည္။
"Baeေခ်ာ္လဲမယ္ေျဖးေျဖး"
"မနက္စာဘာျပင္ထားလဲ Gem"
Fourth ၾကည့္လိုက္ၿပီး သေဘာက်သြားေတာ့ ထိုင္ကာ ဘာမွမေျပာေတာ့ဘဲ စားေနလိုက္သည္။ၿပီးမွ သူ႕ကိုသတိရကာ လွမ္းေခၚလာ၏။
"Gem လာစားေလ"
"ေမ့သြားၿပီမွတ္တာ"
"ေမ့စရာလား ဒီတစ္ေယာက္တည္းရွိတာကို"
အဲ့လိုအဲ့လို။ သူသေဘာက်တာေတြ႕ရင္ လူကိုေမ့သြားတာ။ ၿပီးေတာ့မွ အဲ့အေျပာခ်ိဳခ်ိဳေလးနဲ႕ေျပာေတာ့ စိတ္မဆိုးတဲ့အျပင္ အသဲယားေနေသးသည္။မနက္စာစားေနတုန္း Gemက စကားစလာသည္။
"ၿပီးရင္ ေက်ာင္းတန္းသြားမွာလား"
"ဟုတယ္ မနက္ပိုင္းက မတတ္လို႔မရလို႔"
"လိုက္ပို႔ေပးရအုံးမလား"
"တက္စီနဲ႕သြားမွာ Gem အတန္းက ေန႕လည္မွမလား ျပန္အိပ္လိုက္အုံးေလ ေတာ္ၾကာ မ်က္တြင္းညိုေနအုံးမယ္ စိတ္ပူတယ္"
"ဟုတ္ကဲ့ပါဗ်"
သူတို႔ႏွစ္ေယာက္ ၿပဳံးလိုက္ၾကၿပီး ေျပာေနတာရပ္လိုက္ကာ ဆက္စားေနလိုက္ၾကသည္။ မနက္စာစားၿပီးေတာ့ Gem က ပန္းကန္ေတြသြားေဆးၿပီး Fourth နား သြားလိုက္သည္။ဆံပင္ကို ေသခ်ာလုပ္ေပးေတာ့ သူ႕ကိုၾကည့္ေနတဲ့ မ်က္၀န္းေလးနဲ႕အၾကည့္ခ်င္းဆုံသြားသည္။
"Bae ဒီေလာက္ခ်စ္ဖို႔ေကာင္းေနရင္ ငါဘယ္လိုလုပ္ စိတ္ခ်ရမွာလဲ"
"စိတ္မခ်ရင္ အနားမွာထားထားေလ"
"ဒါဆို ဒီေန႕ငါ့အနားမွာပဲေနေတာ့"
"မရဘူးေလ Gem လည္းအတန္းတတ္ရမဲ့ဟာကို"
"ကိုယ္က ႏွစ္ခ်ိန္ေလာက္ပဲတတ္ရမွာ ၿပီးရင္ ေဘာလုံးကန္ရအုံးမယ္"
"ဘယ္ခ်ိန္လဲ"
"မေသခ်ာေသးဘူး ေသခ်ာရင္လွမ္းေျပာမယ္ေလ"
"Darling ေဘာလုံးကန္ရင္ အရမ္းဆြဲေဆာင္မူရွိတာသိလား"
႐ုတ္တရပ္ Darling လို႔ေခၚလိုက္ၿပီး ခ်စ္စရာေကာင္းတဲ့ မ်က္လုံးေလးေတြနဲ႕ၾကည့္ၿပီးေျပာလာတဲ့ fourth ေၾကာင့္ ရင္ထဲကယားက်ိယားက်ိ ျဖစ္လာသည္။
"အာ...Bae ကိုယ့္သမာဓိ စမ္းေနတာလား"
"စတာစတာ ဒါဆိုသြားေတာ့မယ္ေနာ္"
Fourth ကလက္ျပၿပီး ေနာက္ကိုလွည့္လိုက္ကာ သြားေတာ့မဲ့အခ်ိန္ Gem က fourth လက္ကိုဆြဲလိုက္ၿပီး ႏႈတ္ခမ္းႏွစ္ခု ထပ္တူက်ေစသည္။
အစတုန္းက fourth လန႔္သြားေပမဲ့ၾကာလာ ႏွစ္ေယာက္သား အရွိန္ရလာၿပီး Fourth လက္ေတြက Gem လည္ပင္းကိုတြယ္လာၿပီး Gem လက္ေတြက fourth ခါးကိုဖတ္ထားသည္။သူတို႔ႏွစ္ေယာက္ အသက္ရႉရပ္တဲ့အထိ နမ္းေနၾကရင္း အိမ္ေရွ႕က ကားဟြန္းတီးသံကိုၾကားလိုက္ရသည္။ ေခၚထားသည့္ကား ေရာက္သည္ထင္သည္။
ကားသံၾကားေတာ့ နမ္းေနရာမွ ရပ္လိုက္ၾကၿပီး ပါးစပ္မွာ ေပေနတဲ့ အရည္ေတြသုတ္ကာ Gem ကို လက္ျပန္ၿပီး ထြက္လာခဲ့သည္။
-----------------
သူေက်ာင္းကိုလာခဲ့ၿပီး အတန္းဘက္သို႔ သြားလိုက္သည္။ ရက္ေတြက ပုံမွန္လိုေတာင္ ေနသားက်သြားခဲ့ၿပီ။ Pahn က ဟိုမွာ ေကာင္ေလးရေနၿပီျဖစ္သည္။ စသိသိခ်င္း Chokun က ခံစားရေပမဲ့ ေနာက္ပိုင္း သူငယ္ခ်င္းလိုပဲျပန္ေပါင္းေနၾကသည္။ အမွန္ေတာ့ Pahn ဖက္က Chokun ကို ေမ့နိုင္ေအာင္ ထားလိုက္ရင္း တကယ္ခ်စ္မိသြားၿပီလို႔ Fourth ကို လာရင္ဖြင့္သည္။
အခ်ိန္တိုတိုေလးအတြင္းမွာ အျဖစ္အပ်က္ေတြက လိုက္လို႔မမွီေအာင္ ျမန္ဆန္လြန္းသည္။ ျဖစ္ပ်က္ၿပီးခဲ့တာေတြ ေမ့လိုက္ၿပီး နဂိုဘ၀မွာ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေနလိုက္သည္။အတန္းထဲ၀င္ေတာ့ Chokun ကိုေတြ႕လိုက္သည္။
"ဆရာ မေန႕က ေပးသြားတဲ့ project ၿပီးၿပီလား"
"အင္း ၿပီးၿပီ "
"ဒါဆို အတန္းေတြၿပီးရင္ ေက်ာင္းနားက ဆိုင္တစ္ဆိုင္မွာ အတူလုပ္ၾကတာေပါ့ Mark ကိုပါေခၚထားတယ္"
Pahn မရွိေတာ့တဲ့ေနာက္ပိုင္း 3ေယာက္ Project ေတြလုပ္ရရင္ အတန္းထဲက Mark ဆိုတဲ့ေကာင္ေလးနဲ႕ သုံးေယာက္သား အတူလုပ္ၾကရသည္။
"အယ္ ငါကၿပီးရင္ ေဘာလုံးကြင္းသြားရအုံးမယ္ ငါမလိုက္ေတာ့ဘူး"
"မင္းတို႔လဲေနာ္ အိမ္မွာေတြ႕တာေတာင္ မေက်နပ္နိုင္ေသး"
Chokun စကားေၾကာင့္ Fourth ၿပဳံးလိုက္သည္။ သူတို႔ႏွစ္ေယာက္ တြဲေနတဲ့အေၾကာင္း သူငယ္ခ်င္းေတြကို မလိမ္ခ်င္တာေၾကာင့္ ဖြင့္ေျပာထား၏။ ယုံၾကည္စိတ္ခ်တာလည္း ပါတာေပါ့။ တြဲေနတဲ့အေၾကာင္းကို Chokun နဲ႕ Pahn အျပင္ Gem ရဲ႕ စိတ္ခ်ရတဲ့ လူေတြပါသိထားသည္။
"ကဲ ထားပါ အတန္းစေတာ့မယ္"
သူတို႔ႏွစ္ေယာက္ အတန္းေတြ အကုန္ၿပီးေရာ လူစုခြဲလိုက္ၾကၿပီး Fourth က ေဘာလုံးကြင္းစီ သြားလိုက္သည္။ လူၾကားထဲတိုး၀င္လိုက္ၿပီး ေရွ႕ဆုံးေနရာက ရပ္လိုက္သည္။
ေတြ႕ပါၿပီ။ ငါ့ရဲ႕ ဆြဲေဆာင္မူရွိတဲ့အမ်ိဳးသား။ သူမလာခင္ကတည္းက ပြဲစေနတာထင္သည္ gem ရဲ႕ နဖူးမွာ ေခြၽးေတြစီးက်ေနသည္။ ဒါကလည္း အႏၱရာယ္မ်ားတဲ့ ညွို႔ယူမူတစ္မ်ိဳးလိုပဲ။
ပြဲၿပီးသြားေတာ့ Gem ကို သူ႕ကိုျမင္သြားၿပီး မ်က္စိတစ္ဖက္ကို မသိမသာ မွိတ္ျပသည္။ ထို႔ေနာက္ ဖုန္းေပၚမွာ သူ႕လက္ေခ်ာင္းသြယ္သြယ္ေတြ လႈပ္ရွားလိုက္ၿပီး မၾကာခင္မွာ ငါ့ဖုန္းထဲ စာေရာက္လာသည္။ "ေက်ာင္းေနာက္ဖက္မွာ ေစာင့္ေန" တဲ့။
Fourth ေက်ာင္းေနာက္ဖက္က ထိုင္ခုံမွာထိုင္ေစာင့္ေနၿပီး ခနေနေတာ့ Gem ေရာက္လာကာ သူ႕ေဘးမွာ လာထိုင္သည္။
"ၾကာသြားလား"
"မၾကာပါဘူး ပင္ပန္သြားၿပီလား"
"အင္း ဒါေၾကာင့္ အားေလးျဖည့္ေပးပါအုံး"
Gem တစ္ေယာက္ လက္ႏွစ္ဖက္ကို ဆန႔္ကာ Fourth ကိုဖက္လိုက္သည္။ ဖက္လို႔၀သြားမွ Fourth ႏႈတ္ခမ္းကို ျဖတ္ခန နမ္းလိုက္သည္။
ႁပြတ္စ္
"Gem သူမ်ားေတြျမင္မယ္"
"စိတ္ခ် ဒီေနရာ ဘယ္သူမွ မလာဘူး"
Gem တစ္ေယာက္ေျပာၿပီး ခုနက အနမ္းေတြကို ျပန္ဆက္လိုက္သည္။ အခ်ိန္အေတာ္တန္ၾကာတဲ့အထိ အနမ္းေတြထဲမွာ နစ္ေျမာေနၾကၿပီး ေအာက္ဆီဂ်င္ရေတာ့မွ ရပ္လိုက္ၾကသည္။
"သီခ်င္းအတူနားေထာင္ၾကမလား"
"အင္း "
နားၾကပ္တစ္စုံကို တစ္ေယာက္တစ္ဖက္စီ တပ္ထားကာ အေတြးေတြက သူတို႔ဖြင့္ထားတဲ့ city ဆိုတဲ့ သီခ်င္းေလးနဲ႕ စီး၀င္ေနၾက၏။
---------------
သူတို႔ႏွစ္ေယာက္ Gem ကားနဲ႕အတူ အိမ္ျပန္ေရာက္လာခဲ့ၾကသည္။
"Gem ငါဗိုက္ဆာေနၿပီ စားစရာတစ္ခုခုမွာေပးပါ"
"ဘာစားမလဲ"
"ၾကက္ေၾကာ္"
"ညဘက္ႀကီး ရင္ျပည့္အုံးမယ္"
"ရတယ္ မွာလိုက္ေနာ္"
Fourth တစ္ေယာက္ ေအာ္ကာ အေပၚထပ္ အခန္းထဲသြားၿပီး ေရခ်ိဳးလိုက္သည္။ ေရခ်ိဳးၿပီး ေခါင္းပါေလွ်ာ္လိုက္ေတာ့ တဘတ္တစ္ထည္နဲ႕ ေခါင္းကို သုတ္ကာ ထြက္လာသည္။ သူထြက္လာေတာ့ Gem က ကုတင္ေပၚမွာ ထိုင္ကာ သူ႕ကိုၾကည့္ေန၏။
"ဘာလို႔ ညဘက္ေခါင္းေလ်ာ္တာလဲ ဖ်ားအုံးမယ္"
"ဖ်ားလဲ ငါ့မွာ Gem ရွိေနတာပဲ"
"ေဟာ လာဒီနား ေခါင္းသုတ္ေပးမယ္"
Gem အနားသြားကာ ေဘးမွာ ၀င်ထိုင်လိုက်တော့ တဘတ္ကို ယူကာသူ႕ေခါင္းကို ျငင္သာစြာ သုတ္ေပးလာသည္။
"ေနာက္ခါမေလွ်ာ္နဲ႕ေနာ္ ကိုယ္စိတ္ပူတယ္"
Fourth က အပူဒဏ္ခံနိုင္ေပမဲ့ အေအးဒဏ္သိပ္မခံနိုင္ဘူး အၾကာႀကီး အေအးခံမိတာနဲ႕ စဖ်ားေတာ့တာပဲ။ ဖ်ားၿပီဆိုလည္း ေဆးကမေသာက္ခ်င္ အတင္းေခ်ာ့ၿပီး ေဆးတိုက္ရသည္။ ဒါေၾကာင့္ Fourth ကို စိတ္ပူလို႔ေျပာေနတာကို ဒီကေလးက နားမေထာင္။
"သိပါၿပီ"
"လိမၼာလိုက္တာ"
Gem တစ္ေယာက္ Fourth ေခါင္းကို လက္နဲ႕ဖြလိုက္ၿပီး တဘက္တစ္ထည္ယူကာ ထလိုက္သည္။
"ဒါဆို ေရခ်ိဳးလိုက္အုံးမယ္ေနာ္ အစားအေသာက္လာပို႔ေနၿပီထင္တယ္ ဧည္ခန္းနားက ေစာင့္ေန အျပင္မထြက္နဲ႕ေနာ္ လာရင္ အျမန္ထြက္ၿပီး အျမန္ျပန္၀င္ ေလတိုက္မခံမိေစနဲ႕"
"သိပါတယ္လို႔ ခ်ိဳးစရာရွိတာ ခ်ိဳးပါ"
"ကိုယ္ စိတ္ခ်မယ္ေနာ္"
"အင္း"
"အျမန္ေနာ္"
"ေနာက္တစ္ေခါက္ထက္ေျပာရင္ စိတ္ေကာက္ေတာ့မွာ"
သူေျပာလိုက္မွာ ဘာမွမေျပာေတာ့ဘဲ ေရခ်ိဳးခန္းထဲ၀င္သြားတဲ့ gem ကိုၾကည့္ၿပီး ၿပဳံးမိသည္။
အ၀တ္အစား၀တ္လိုက္ကာ ေအာက္ထပ္ဆင္းၿပီး တီဗီၾကည့္ကာ ေစာင့္ေနသည္။ ခနၾကာေတာ့ ဘဲလ္သံျမည္လာၿပီး အစားစာလာပို႔ၿပီဆိုတာသိလိုက္သည္။ ဒါေၾကာင့္ အကၤ်ီအေပၚထပ္၀တ္ကာ အိမ္ေရွ႕ထြက္ၿပီး ယူလိုက္သည္။အစားစာယူၿပီး ျပန္လာေတာ့ Gem က ထိုင္ခုံမွာထိုင္ကာ သူ႕ကို ၾကည့္ေနသည္။
"လာ ဒီနားကို"
Gemini ေဘးနား၀င္ထိုင္လိုက္ၿပီး အထုတ္ကို ေဘးနားမွာခ်ေတာ့ Gem က ဝိုင္းျဖည္ေပး၏။
"ပန္းကန္သြားယူလိုက္ရမလား"
"ဒီလိုပဲ စားမယ္ေလ"
"အာ ဟုတ္ၿပီ ဘာကားၾကည့္ၾကမလဲ"
"အဆင္ေျပတဲ့ကားၾကည့္မယ္"
"သရဲကားဆိုရင္ေရာ"
"Gem ေနာ္"
"အမ္း...မစေတာ့ဘူး"
တီဗီတြင္ K-drama ကားကိုဖြင့္ထားကာ မုန႔္စားရင္းၾကည့္ေနၾကသည္။ Gem တစ္ေယာက္မွာ ဖြင့္တာ ဖြင့္ေပးရတာ မ်က္လုံးက တီဗီတြင္မရွိဘဲ fourth စီမွာပင္။ လက္ကေန အၿငိမ္မေန။ Fourth ပါးစပ္ေပေနရင္ သုတ္ေပးလိုက္။ ၾကက္ေၾကာ္ခြံေကြၽးလိုက္နဲ႕ တစ္ေယာက္တည္း အလုပ္ရႈပ္ေနသည္။ ဘယ္ေလာက္ပဲရႈပ္ပါေစ ဒီအလုပ္ကိုသာ တစ္သက္လုံး လုပ္ရမယ္ဆိုရင္ေတာင္ သူမၿငိဳျငင္ရက္။
Fourth ဇာတ္ကားၾကည့္ေနရင္း လက္နဲ႕စမ္းတာ ၾကက္ေၾကာ္မေတြ႕တာေၾကာင့္ Gem ကို ပါးစပ္ဟေပးကာ လွမ္းေျပာသည္။ခြံေကြၽးပါအုံး ဆိုသည့္သေဘာ။ မ်က္လုံးကလည္းအၾကည့္မပ်က္ပါ။
"Gem~ "
"ကုန္သြားၿပီ"
"ဟာ ဘယ္ေလာက္မွလဲမစားလိုက္ရဘူး"
ၾကက္ေၾကာ္ ၃တုံးမွာတာ Gem နည္းနည္းပဲစားၿပီး က်န္တာ Bae အတြက္ပဲဆိုၿပီး ခြံေကြၽးေနတာ။ ဒါေတာင္ သူေလးက မ၀ဘူးတဲ့။ ဟက္! တကယ္အစားပုတ္ေလး။
"မ်ားမ်ားစားရင္မေကာင္းဘူးေလ လာ ကိုယ့္ေပါင္ေပၚမွာလွဲ ေခါင္းပြတ္ေပးမယ္"
အဲ့အခါၾကမွ သူ႕ကို ၿပဳံးျပကာ ေပါင္ေပၚမွာလွဲလာသည္။ Fourth သူ႕ေခါင္းကို ပြတ္ေပးရင္ ေၾကာင္ေလးတစ္ေကာင္လိုပဲ သေဘာက်သည္။ ဒါက Gem အႀကိဳက္ဆုံး Fot ရဲ႕အႏူးညံ့ဆုံးဘက္ျခမ္းေလးတစ္ခု။ Fourth ေခါင္းကိုပြတ္ေနတုန္း လက္က နဖူးကိုသြားစမ္းလိုက္သည္။
"Fourth! Baby က ကိုယ့္စကားနားမေထာင္ဘူးကြာ ကိုယ္ေတြပူေနၿပီ"
"ၿပီးမွ ေဆးေသာက္မယ္ေလေနာ့္"
"...."
"ေနာ့္ Darling ကလဲ~"
"Baby မင္းကြာ"
"ဟီး"
တကယ္ Gem Fourth ရဲ႕ခြၽဲတာကို မခံနိုင္ပါ။ နည္းနည္းေလာက္ စကားကိုခ်ိဳသာစြာေျပာရင္ေတာင္ ရင္ထဲမွာ အသည္းယားေနတာ။ ဒီလိုမ်ိဳးခြၽဲတာဆိုရင္ေတာ့ တကယ္ ႐ူးေတာ့မယ္။သူတို႔ႏွစ္ေယာက္ စကားေျပာေနတုန္း အိမ္ေရွ႕က ဘဲလ္တီးသံၾကားလိုက္သည္။
"Gem အိမ္ေရွ႕က ဘယ္သူလဲမသိဘူး"
"ကိုယ္သြားၾကည့္လိုက္အုံးမယ္ေနာ္"
"အင္း ျမန္ျမန္"
Gem တစ္ေယာက္ အိမ္ေရွ႕ထြက္ကာ ၿခံတံခါးဖြင့္လိုက္ေတာ့ မိန္းကေလးတစ္ေယာက္ကိုေတြ႕တာေၾကာင့္ သူခနဆြံ႕အသြားသည္။ သူအသိစိတ္ျပန္ရတဲ့အခ်ိန္ ထိုမိန္းကေလးက သူ႕ဘက္ကို ကိုင္ၿပီး ေျပာလာသည္။
"Gem~ ဒီအေတာအတြင္းအဆင္ေျပရဲ႕လား"
သူမျပန္မေျပာခင္မွာ Fourth ေရာက္လာၿပီး လာေျပာေတာ့ ထိုမိန္းကေလးကိုင္ထားတဲ့ လက္ကိုခါလိုက္သည္။
"Gem~ ဒါဘယ္သူလဲ"
"မဂၤလာပါ ကြၽန္မ Daisy ပါ Gemin ရဲ႕ရည္းစားေဟာင္းေပါ့"
______________________
အခ်စ္ကေလးတို႔ေနာက္အပတ္ၾက ခြဲရေတာ့မယ္ :((
[text_hash] => dc6dbea2
)
What do you think?