Array
(
[text] =>
"Baby မဟုတ်ပါဘူးဆို "
"မဟုတ်ဘဲနဲ့ ဘာလို့သူက မင်းကိုလာရှာလဲ!"
"ကိုယ်က ဘယ်လိုလုပ်သိမှာလဲ"
"တွေ့လား မင်း ငါ့ ကိုအော်တယ်"
"ကိုယ်မအော်ပါဘူး Fourth ရာ"
ထိုနေ့ညက Gemini ရည်းစားဟောင်းက လာရှာတာကို Fourth က တွေ့ပြီး အထင်လွဲသွားသည်။ အဲ့ညက သူမောင်းထုတ်လိုက်ပေမဲ့ Fourth က စိတ်ကောက်ပြီး ခုထိ ရစ်နေတာပင်။
"တွေ့လား တွေ့လား ခုမင်း ငါ့ကိုBaby လို့တောင်မခေါ်တော့ဘူး! ဘာလဲ မတွေ့တာကြာလို့ ပြန်တွေ့တော့ စိတ်က သူ့ဘက်ယိုင်သွားတာလား?"
"မဟုတ်ရပါဘူး Baby ရာ ကိုယ့်မှာ baby ကို ချစ်လို့မ၀သေးတာ ရည်းစားဟောင်းဆိုတာ အတိတ်ကလူပါ ခု Baby က ကိုယ့်ရဲ့ ပစ္စုန်ပန် ရော အနာဂတ်ရောလူ "
"........"
"Baby ရာ ကိုယ့်ကို အဲ့လိုကြီးတော့ စိတ်မကောက်ပါနဲ့ ကိုယ်မနေတတ်ဘူး"
"စိတ်မကောက်ဘူး!"
"အဲ့ဆို ကိုယ့်ကလေးလေးက သ၀န်တိုနေတာလား"
Gemin Fourthရဲ့ ကိုယ်လုံးသေးသေးလေးကို သူ့ဘက်လှည့်လိုက်ပြီး Fourth ရုန်းနေပေမဲ့ Gemini အတွက်တော့ ရန်လိုနေတဲ့ကြောင်ပေါက်လေးကို ချော့မော့ပြီး ကိုင်ထားရသလို။ မေးဖျားလေးကို ကိုင်ကာ သူ့ကိုမော့ကြည့်စေသည်။
"ဟင်... ပြောပါအုံး"
"အင်း"
"အာ...ချစ်စရာလေး"
Fourth က ချက်ချင်း ၀မ်းနည်းတဲ့ ကြောင်ပေါက်လေးအသွင်ပြောင်းသွားကာ အင်မတန် ချစ်စရာကောင်းနေသည်။
"Gem ငြိုငြင်သွားမှာကြောက်လို့"
"ကိုယ်မှာ မငြိုငြင်ရက်တဲ့ အပြင် တစ်နေ့တစ်ခြား ပိုပိုချစ်မိလာတာရော သိရဲ့လား ဟမ်!"
"ဟင့်အင်း"
Fourth မျက်နှာနေထားနဲ့ ပြောပုံတွေကို ကြည့်ရင်း Gem တစ်ယောက် အသဲယားလာသည်။ တစ်နေ့တခြား ချစ်ဖို့ကောင်းလာတဲ့ကောင်လေးကို သူတစ်ယောက်တည်း ကြည့်ဖို့ သူများတွေမမြင်အောင် ဖွက်ထားချင်မိသည်။ သူ့မှာ မလျှော့ဘဲပိုပိုတိုးလာတဲ့ အချစ်တွေနဲ့ ချစ်ပေးနေပေမဲ့ Fourth မှာ သူ့အချစ်ကို မယုံတော့ စိတ်မကောင်းတော့ဖြစ်မိသည်။ ဒါပေမဲ့ baby သ၀န်တိုတာမြင်တော့ ကြည်နူးရသည်။
"Baby နောက်ခါ ကိုယ့်ကို စိတ်မကောင်းဖြစ်အောင် မလုပ်နဲ့တော့နော်"
"အင်း "
Fourth မှာ သူ့စကားတွေကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်ပြီး နားထောင်၍ ခေါင်းတဆက်ဆက်ငြိမ့်ပြလာသည်။
"လာ ဒီနေ့ ပိတ်ရက်ဘယ်သွားချင်လဲ"
"ရုပ်ရှင်ရုံ"
"အဲ့ဆို အင်္ကျီသွားလဲ စောင့်နေမယ်နော်"
"အိုခီပါ"
သူ့ကို လက်မနဲ့ လက်ညွန်းကို ထိပြီး လက်ထောင်ပြသွားကာ အပေါ်ထက် တက်သွားသည်။
--------------
ရုပ်ရှင်ရုံနားရောက်တော့ သူတို့ လက်မှတ်၀ယ်ပြီး စောင့်နေသည်။နှစ်ယောက်လုံး အစိမ်းနဲ့အဖြူတစ်ေကြာင်းစီပါသော ဆွယ်တာလေးကို နှစ်ယောက်ဆင်တူ၀တ်ထားကြသည်။ ဘေးနားက ဖြတ်သွားတဲ့သူတိုင်းကလည်း သူတို့ကိုကြည့်ပြီး ပြုံးသူကပြုံး ဓာတ်ပုံရိုက်တဲ့သူက ရိုက်သွားကြသည်။ ရုပ်ရှင်က ခနနေစတော့မှာဖို့ Gemin မုန့်သွား၀ယ်ရန် ပြောလိုက်သည်။
"Fourth ကိုယ် မုန့်သွား၀ယ်လိုက်အုံးမယ်နော် ဒီမှာစောင့်နေဖြစ်လား"
"ဖြစ်တယ် ကလေးမှမဟုတ်တော့တာ သွား"
"ကလေးမဟုတ်လို့ ပြောနေတာပေါ့"
"Gem နော်"
သူ့ကိုပြံးပြပြီး Gem မုန့်ဆိုင်ဘက်သို့သွားကာ မုန့်သွား၀ယ်နေသည်။ Fourth စောင်နေတုန်း ဘေးပတ်၀န်းကျင်ကို ကြည့်နေလိုက်သည်။ ရုတ်တရပ် လက်မှတ်ကောင်တာ နားကိုလာနေတဲ့ ကောင်လေးနှစ်ယောက်ကိုတွေ့လိုက်သည်။ နှစ်ယောက်သား ပြုံးရွှင်နေပြီး အပြုအမူတွေကို ကြည့်လိုက်ရင် အတွဲတွေဆို တစ်ရာ ရာခိုင်နှုန်း တိုက်ရိုက်ပြောနိုင်၏။
ဒါပေမဲ့ အဲ့ထဲကတစ်ယောက်က Chokun နဲ့ခပ်ဆင်ဆင်ပင်။ မျက်နှာသူ့ဘက်လှည့်မရတော့ သိပ်မမြင်ရ။ ထို့ကြောင့် အနားကို မသိမသာ သွားကြည့်တော့ သူမျက်လုံးပြူးသွားသည်။ တကယ် အဲ့ Chokun မှ Chokun အစစ်။ ပိုအံ့ဩဖို့ကောင်းတာက သူ့ဘေးနားက ကောင်က Aungpao ပင်။ Chokun တစ်ယောက် သူ့ကိုတွေ့သွားတော့ လန့်သွားသည်။
"မင်း..."
သူစကားပြောမလို့ပဲရှိသေးတယ် Gem က ရောက်လာတော့ မပြောတော့ဘဲ ရုပ်ရှင်ရုံထဲပင် ၀င်ခဲ့ကြသည်။ Chokun ဘာလို့ အဲ့ကောင် Aungpao နဲ့တွဲနေတာလဲ။ ကိုယ့်သူငယ်ချင်းကိုပြောထားတဲ့ကောင်ကိုမှ တွဲတယ်!။ ထက်တွေ့လို့ကတော့ အမှုန့်ကိုချေပစ်မယ်။
"Fot ဘာတွေ တွေးနေတာလဲ လာ လာထိုင်တော့"
"အာ အမ်း"
Fourth ChoKun ကိစ္စခနမေ့ထားပြီး Gem နဲ့အတူ ရုပ်ရှင်ကြည့်နေသည်။ ခနကြာတော့ သူရဲ့ဘေးခုံက လူ ရောက်လာသည်။ သူလည်း အမှတ်မထင်လှည့်ကြည့်လိုက်တော့ Chokun ပင်။ Chokun က သူ့ကိုတွေတော့ လန့်သွားသည်။ သူလည်း Chokun အနားသွားပြီး အင်္ကျီစကိုဆွဲပြီး အံ့ကြိတ်ကာ တိုးတိုးလေးပြောလိုက်သည်။
"မင်းနဲ့ အပြင်ရောက်မှ တွေ့မယ်"
သူပြောနေတုံး Gem က သူ့ဘက်ပြန်ဆွဲလာတာကြောင့် မပြောတော့ဘဲ မျက်စောင်းသာထိုးလိုက်သည်။ဇာတ်ကားသာပြီးသွားသည် သူ့မှာ ဘာဖြစ်သွားလဲမသိလိုက်။ ဇာတ်ကားထဲစိတ်ပါတာက နည်းနည်း ဟိုဘက်က နှစ်ယောက်သား ချစ်ကြည်နူးနေတဲ့အတွဲစီ စိတ်ကရောက်နေသည်။
ရုပ်ရှင်ပြီးတော့ အခန်းထဲက ထွက်ထွက်ချင်း Fourth Chokun လက်ကို ဆွဲကာ ခပ်ဝေးဝေးနေရာကို ခေါ်လာသည်။
"မင်းပြောပါအုံး"
"အာ..အဲ့ဒါက"
"အဲ့ဒါက ဘာဖြစ်လဲ မင်းလျို့ဝှက်ထားတာနော်"
"ငါ ဖုံးကွယ်ချင်လို့ ဖုံးကွယ်တာ မဟုတ်ပါဘူး မပြောရဲလို့ပါ"
"မင်း တွဲတာလက်ခံတယ် စိတ်ဆိုးတာ ငါ့ကိုမပြောတာရယ်၊ အဲ့ကောင်နဲ့တွဲတာရယ် ပြောတော့ ငါ့သူငယ်ချင်းကို ပြောထားလို့ ကြည့်မရဘူးဘာညာနဲ့ ပြီးတော့ သူပဲ ကောက်တွဲသွားတယ်"
"မင်းကလဲ လူတိုင်း အမှားနဲ့မကင်းပါဘူး"
"ဘာ!"
သူစိတ်တိုတာနဲ့ အသံအနည်းငယ် ကျယ်သွားတာကြောင့် ဘေးနားက ဖြတ်သွားတဲ့သူတွေက ကြည့်သွားကြောင့် အသံ တိုးလိုက်ရသည်။
"တိုးတိုးပြောဟ"
"ဘာဖြစ်လဲ Pahn ရောသိလား"
"အာ...သိတယ်"
"အေး မင်းတို့ကိုကြ ငါပြောပြထားတယ် မင်းတို့လှည့်ကြ"
Fourth ပြောပြီး အနောက်ကနေ သူ့ကိုလှမ်းခေါ်နေတာကို လျစ်လျူရှုပြီး အရှေ့က အမြန်လျှောက်သွားလိုက်သည်။ ငါ့အလှည့်ကြ သူ့တို့ကိုယုံကြည်ထားတာ သူတို့အလှည့်ကြတော့ ငါကို အဲ့လောက်တောင် ယုံကြည်မူမဲ့ကြတာလား?။
သူGem တို့နားသွားလိုက်တော့ Gem က Aungpao နဲ့စကားပြောနေသည်။ အနားကိုသွားပြီး Gem လက်ကို ဆွဲကာ သွားရန်ပြောလိုက်သည်။
"Gem~ သွားရအောင်"
"အင်း အဲ့ဒါဆို သွားပြီ ၀ယ်စရာရှိသေးလို့"
"အေးပါ"
"Gem~ အမြန်လာ"
Aungpao ကိုကြည့်မရတာကြောင့် Fourth Gem လက်ကိုဆွဲကာ သူအရှေ့က သွားလိုက်သည်။ အဲ့ဒါမှ Gem ကလည်း အနောက်က လိုက်လာ၏။
"ဖြေးဖြေးသွားပါ Fot ရဲ့"
"Chokun တို့က သူတို့နှစ်ယောက်ပဲသိပြီး ငါ့ကိုကြမပြောပြဘူး"
"အယ် ဟုလား Fot သိတယ်ထင်နေတာ"
"မသိပါဘူး ခနနေပါအုံး Gem က သိနေတာလား?"
"ဘယ်ကသာ မသိပါဘူး ရိပ်မိယုံ လာ ဟိုဘက်က ဆိုင်လေးသွားကြည့်ရအောင်"
သူအမြန်စကားလမ်းကြောင်းလွဲလိုက်ရသည်။ မဟုတ်ရင် မြှားဉီးက သူ့ဘက်ထိုးလာမှာပင်။သူတို့နှစ်ယောက် ကုန်တိုက်ထဲမှာ ၀ယ်စရာရှိတာ ၀ယ်ပြီး အိမ်မပြန်ချင်တာကြောင့် ကားပတ်မောင်းနေလေသည်။ Chokun နဲ့မတွဲခင်ကတည်းက Aungpao လာရင်ဖွင့်ထားတာတော့ မပြောဖြစ်ခဲ့ပါ။
------------------
ကားအမိုးကိုဖွင့်ထားတာကြောင့် ညဘက် လေညင်းအေးအေးလေးတွေ တိုက်ခတ်တော့ Fourth ဆံနွယ်တွေ လေထဲမှာ ဝဲနေတာ တကယ်လှတယ်။ ဘယ်အရာနဲ့မ ယှဉ်တွဲမရအောင် လှတယ်ဆိုယုံမလား။ ဒီအချိန်တွေကို ရပ်ထားလို့ရရင် ရပ်ထားချင်မိသည်။ ကားထဲက ဖွင့်ထားတဲ့ သီချင်းလေးက သူတို့နှစ်ယောက် အတူရှိချိန်ကို ပို၍ ကြည်နူးစေယောင်။
သူတို့နှစ်ယောက် စီးချက်အတိုင်း စီးမြောရင်း Gem တစ်ယောက် တစ်နေရာကို ဉီးတည်ပြီး မောင်းလိုက်သည်။
ထိုနေရာ ရောက်တော့ Fourthက ကားပေါ်က အရင်ဆင်းလိုက်ပြီး ဘေးပတ်၀န်းကျင်ကို ကြည့်လိုက်သည်။ သူအရှေ့မှာ ရေကန်ကြီးကိုတွေ့ရပြီး တစ်ဖက်ကမ်းက မီးရောင်တွေ လင်းနေတော့ တိုက်တွေရှိပြီး ဒီဘက်တော့ အမှောင်ထဲမှာ ဓာတ်မီးတိုင်လေးတွေက အလင်းပေးနေသည်။ သစ်ပင်တွေကလည်းရှိနေတဲ့အတွက် လေတွေကလည်း တိုက်နေသည်။ သစ်ရွက်လှုပ်သံ၊ ရေလှိုင်းလေးတွေသံ၊ အကောင်လေးတွေ အသံက လွဲ၍ တခြားဘာအသံမှ ကြားရခြင်း မရှိတာကြောင့် စိတ်အေးချမ်းစေသည်။Fourth တစ်ယောက် ဘေးပတ်၀န်းကျင်ကို အကဲခတ်နေပြီး Gem က ဘေးနားကရပ်နေပြီးပြောလာသည်။
" ဒါ ကိုယ်အကြိုက်ဆုံးနေရာလေ ပင်ပန်းစရာတွေရှိတိုင်း လာဖြစ်တယ်"
"တကယ်အေးချမ်းစရာလေးနော်"
"အင်းဟုတယ် ဒီကိုလာရင် စိတ်ဖိစီးမူတွေ အကုန်ပျောက်သွားတယ်"
သူတို့နှစ်ယောက် ဘာစကားမှမပြောတော့ဘဲ တိတ်ဆိတ်စွာ အနားယူနေကြသည်။ ခနကြာတော့ fourth က gem ကို အမြန်ခေါ်ကာ သစ်ပင်တစ်ပင်ရှိရာကို လက်ညွန်းထိုးပြသည်။
"Gem! Gem! အမြန်ကြည့် ဟိုအလင်းရောင်တွေက ဘာလေးတွေလဲ "
"အဲ့တာ ပိုးစုန်းကြူးလေးတွေ"
"ဟင်"
"ဟုတယ် မြို့ပြမှာမရှိပေမဲ့ ခုကိုယ်တို့ရှိနေတဲ့နေရာက မှောင်တော့ ပိုးစုန်းကြူးလေးတွေကို တစ်ခါတစ်ရံမှတွေ့ရတတ်တာ ကိုယ်စစတွေ့တုန်းကလဲ baby လိုပဲအံ့ဩသွားတာ ဒါပေမဲ့ ကိုယ်လာတုန်းမတွေ့ရဘူး ဆယ်ခါ တစ်ခါလောက်ပဲ ခု Baby ပထမဆုံးကြိမ်လာတာ တွေ့ရတယ်ဆိုတော့ Baby ကံကောင်းလို့ပေါ့"
Gem စကားတွေကို သေချာအာရုံစိုက် နားထောင်ပြီး အဆုံးမှာ Fourth တစ်ယောက် ပြုံးပြသည်။
"ဘာဆိုင်လို့လဲ"
"ကိုယ်စာအုပ်တွေထဲ ဖတ်ဖူးတာ ပိုးစုန်းကြူးတွေ့ရင် ကံကောင်းတယ်တဲ့"
"အော် အဲ့ဆို Baby ကံကောင်းတာပေါ့"
"ဒါပေါ့"
သူတို့နှစ်ယောက် တစ်ညလုံးစကားတွေထိုင်ပြောပြီး ထိုညကတော့ ညတာရှည်မည်ထင်သည်။
-----------------
ဒီရက်ပိုင်း Gemini တစ်ယောက်မအားပေ။ မကြာခင် ဘောလုံးပြိုင်ပွဲရှိတာမို့ သူနေ့တိုင်းမပျက်လေ့ကျင့်နေရသည်။ အရင်နှစ်က ရှုံးသွားပေမဲ့ ဒီနှစ်တော့ သူပါတော့ နိုင်စေရမည်။
Geminiတို့အဖွဲ့က ညနေပိုင်းကနေ ညအထိ လေ့ကျင့်ကြတာမို့ Fourth အတန်းပြီးသည့်အခါ မသိမသာလေး ကွယ်ရာကနေ စောင့်ပေးသည်။ သူပြီးမှ နှစ်ယောက်အတူပြန်လေ့ရှိသည်။
ဒါပေမဲ့ သူတစ်ယောက်တည်း အထီးမကျန်ပါ။ Chokun ကပါသူနဲ့အတူစောင့်ပေးသည်။ စောင့်ပေးချင်လို့ေတာ့မဟုတ်ဘူး။ ဘောလုံးကန်မဲ့အဖွဲ့ထဲမှာ Aungpao ပါ ပါနေတာကြောင့်ပင်။ ဟိုတစ်လောက ကိစ္စတွေက သူတို့ပြန်ရှင်းပြတော့ တစ်ပတ်လောက် စိတ်ကောက်လိုက်ပြီး ပြန်တည့်သွားကြ၏။
ဒီနေ့လည်း ထုံးစံအတိုင်း သူအတန်းပြီးပြီးချင်း ဘောလုံးကွင်းသွားဖို့ ပြင်လိုက်ကြသည်။ ရုတ်တရပ် ဘေးနားက Chokun က ပြောလာသည်။
"Fourth ငါဒီနေ့မလိုက်တော့ဘူး "
"ဘာလို့လဲ"
"သူလေ့ကျင့်ပြီးမှ dinner Date မှာမို့လေ"
"ဘောပဲ လစ်တော့"
သူဆဲဆိုပြီး လိုက်ရိုက်တော့ Chokun က အရှေ့ကပြေးလေရဲ့။ သူလည်းဆက်မလိုက်တော့ဘဲ ဘောလုံးကွင်းကိုသာသွားလိုက်ဝောာ့သည်။ သူကွင်းနားရောက်တော့ လူအနည်းငယ်သာတွေ့ရ၏ ။ ဒီနေ့အတန်းဆင်းတာနောက်ကျ၍အိမ်ပြန်တဲ့သူက ပြန်ကြတော့ အရင်ကလို တိုးစရာမလိုတော့ဘဲ ကွင်းနားရပ်လိုက်သည်။ Gem က သူ့ကိုသတိထားမိသွားပြီး အနားနားကာ ပြောသွားလေရဲ့။
"ခနနေ ပြီးတော့မှာ အရင်နေရာမှာပဲ စောင့်နေ"
Gem စကားကြောင့် သူတို့အရင်တွေ့နေကြ ကျောင်းနောက်ဖက် ခုံတန်းလေးမှာ သွားစောင့်နေလိုက်သည်။ခနကြာတော့ Gemini က ရောက်လာ၏။
"ဒီနေ့စောတယ်နော် Gem"
"ဟုတယ် မနက်ဖြန် ပြိုင်ပွဲဆိုတော့ ဒီနေ့ စောစောဆင်းပြီး အနားယူခိုင်းလိုက်တာ "
"အော် ဒါဆို အိမ်ပြန်ကြစို့လား"
"ဟုတ်ကဲ့ပါဗျ"
သူတို့နှစ်ယောက် အိမ်ပြန်လိုက်ကြပြီး အိမ်ရောက်တော့ Gemin က အိပ်ရာပေါ်ပစ်လဲလိုက်သည်။
"Gem ထ ရေထချိုးအုံး"
"ဟင့်အင်း"
"Gem မဆိုးနဲ့ ထချိုး"
"ထူ"
Gem က လမ်းနှစ်ဖက်ဆန့်ပေးထားတော့ Fourth က ဆွဲလိုက်ပေမဲ့ Gem က သူ့ဘက်မပါလာဘဲ သူကGem ကိုယ်ပေါ် ထက်လျက် ကျသွားသည်။ သူအတင်းရုန်းတော့ Gem ရှိက အသံထွက်လာသည်။
"ခန ခနလေးပဲ အားဖြည့်ချင်လို့"
Gem ပြောလိုက်တော့မှ Fourth က ရုန်းရာမှ ငြိမ်သွားသည်။အချိန်အတော်တန်ကြာ နှစ်ယောက်သား ဒီလိုနေ နေကြတော့ ညောင်းလာ၏။
"Gem မရသေးဘူးလား"
"အင်း အားပြည့်သွားပြီ"
Gem အသံက ခုနကလို ဖျော့ဖျော့လေးမဟုတ်ဘဲ အားအပြည့်နဲ့ပြောလာတော့အတွက် ရီလိုက်သည်။
"အဲ့တာဆိုလည်း ထ ရေသွားချိူး"
"Baby အလိုကျပါ"
Gemin Fourth ရဲ့ပါးကိုတစ်ချက်နမ်းကာ ရေချိုးခန်းထဲပြေး၀င်သွားသည်။ ခနကြာတော့ ရေချိုးခန်းထဲက အသံထွက်လာသည်။ "bae ကိုယ်တဘတ်ကျန်ခဲ့လို့"တဲ့။ အဲ့ဒါနဲ့ Fourth ယူပြီး သွားပေးလိုက်တော့ သူပါ ရေချိုးခန်းထဲ ခေါ်ခံလိုက်ရတော့သည်။
-----------------------
ဒီနေ့ပြိုင်ပွဲနေ့ဖြစ်တာကြောင့် ပွဲတစ်ခုလုံးမှာ လူတွေပြည့်နေသည်။ က၍ အားပေးသည့်အသင်းတွေက အားပေး၊ ခုံတန်းတွေတွင် ကိုယ်အသင်းတွေရဲ့ အင်္ကျီကို ၀တ်ထားကာ အော်ဟစ်ဖို့ အသင့်ဖြစ်နေကြတဲ့ သူတွေလည်း ရှိ၏။
Fourth တစ်ယောက် နောက်ကျနေ၍ သူလာသည့်အချိန်တွင် ကွင်းထဲမှာ လူပြည့်နေပြီပင်။ ဒါပေမဲ့ အရှေ့ဆုံးကနေ လက်လှမ်းပြသည့် Chokun ကြောင့် သူ့အတွက် နေရာဉီးပေးထားသည်ဆိုတာ တွေ့လိုက်သည်။ သူလည်း အဲ့နေရာ ၀င်ထိုင်ကာ Gem တို့အသင်းထွက်လာသည်ကို စောင့်ကြည်နေသည်။
မကြာပါဘူး။ Gem တို့အုပ်စုထွက်လာသည်။အဖွဲ့သားအကုန်လုံးလုံးထဲတွင် ခေါင်း၌ ကြက်တောင်စီး စီးထားတဲ့ Gemini က တစ်မူထူးခြားနေပြီး ဆွဲဆောင်မူရှိနေသည်။ သူတို့အဖွဲ့ ကွင်းထဲ၀င်လာသည်နှင့် အော်သံများက စတင်လာသည်။
Gemini!
Gemini!
Gemini!
........
သူတို့သဘောကျတဲ့ သူရဲ့နာမည်တွေ အော်နေကြပေမဲ့ Gemin ဆိုတဲ့နာမည်က ထင်းနေတာတော့ အသိအသာပင်။ခနကြာတော့ တစ်ဖက်အသင်းရောက်လာပြီး သူတို့ဖက်က အော်သံတွေ စတင်လာသည်။
ခုချိန်က နှစ်ဖွဲ့လုံး ယှဉ်ပြိုင်ရတော့မည့်အချိန်ဖြစ်တာကြောင့် Fourth တစ်ယောက်ရင်ခုန်နေတာတော့အမှန်ပင်။ စစကန်ချင်း ဘောလုံးက တစ်ဖက်အသင်းစီ ရောက်သွားသည်။ သူတို့ဘက်က အရင် ဂိုးသွင်းလိုက်ပြီး နောက်တစ်ပွဲမှာ Gemini က ဉီးဆောင်ကာ ဂိုးသွင်းလိုက်၏။
တဖြည်းဖြည်းက အရှိန်တွေမြင့်လာပြီး နှစ်ဖက်လုံးအသင်းရဲ့ ရမှတ်ကလည်း အတူတူဖြစ်နေသည်။ ဒါကြောင့် ဒီတစ်ပွဲ ပြိုင်ပြီး နိုင်သွားတဲ့အသင်းက winner ဖြစ်မှာပင်။
Gemini မျက်နှာတွင် စိုးရိပ်ပူပန်မူတွေ တွေ့နေရပေမဲ့ သူလုပ်နိုင်မှာ ယုံကြည်သည်။ ဒါကြောင့် နှစ်ယောက် အကြည့်ချင်းစုံသွားတော့ "ကြိုးစားထား" ဟု ပါးစပ်လှုပ်ရုံပြောလိုက်တော့ ခေါင်းငြိမ့်ပြလာသည်။
နောက်ဆုံးပွဲအစတွင် ဘောလုံးက တစ်ဖက်အသင်းဘက် ရောက်သွားပြန်ရော။ Gemin နဲ့ Aungpao က တစ်ယောက်နဲ့တစ်ယောက် စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း Aungpao ကတစ်ဖက်အသင်းစီက ဘောလုံးကိုဖြတ်လုပြီး Gemini စီပေးလိုက်တော့ Gemin က ဉီးဆောင်ကာ ဂိုးပေါက်နားသို့သွားသည်။ သူ၏ အရှေ့တွင် ဖြတ်လုဖို့စောင့်နေတဲ့ သူတွေကို တခြားအဖွဲ့၀င်တွေက တားပေးပြီး နောက်ဆုံး Gemin ဂိုးပေါက်နားရောက်ပြီး သွင်းလိုက်ချိန်တွင် ဘောလုံးက ဂိုးပေါက်ထဲ ဖြောင့်ဖြောင့်ဖြူးဖြူး၀င်သွားသည်။
နောက်ဆုံးတော့ သူလုပ်နိုင်ခဲ့ပြီ။ အကုန်လုံး ထအော်ကြပြီး အဖွဲ့သားတွေက Gemini ကို ဝိုင်းဖတ်ကြသည်။ အကုန်လုံးကို ဖတ်လိုက်ပြီး ကွင်းထဲ၌ Fourth ဘက်လှည့်ကာ လက်ဆန့်ပြတော့ တုန့်စိုင်းခြင်းမရှိဘဲ ပြေးသွားကာ ဖတ်လိုက်သည်။
"Baby Darling က တော်လိုက်တာ"
Fourth က အခေါ်အဆိုကြောင့် နဂိုကတည်းက စိတ်မထိန်းနိုင်တဲ့ Gem က ကွင်းထဲရှိ လူအားလုံးကို မေ့လျောက Fourth နှုတ်ခမ်းနဲ့ သူ့နှုတ်ခမ်းကို ထပ်တူကြစေသည်။ Fourth စိတ်ဆိုးသွားမည်ထင်သော်လည်း သူ့ဘက်က အနားတုံပြန်မူတောင်ရခဲ့သည်။ နှစ်ယောက်သား နမ်းတာမြင်တော့ ပွဲတစ်ခုလုံး အော်သံ ဆူညံသံတွေနဲ့ပြည့်နှက်သွားပေမဲ့ ထိုသူနှစ်ယောက်ကတော့ အနမ်းတွေအောက်မှာ နစ်မြောနေကြသည်။ ကျွန်တော့်ကောင်လေးက ဘောလုံးကစားသမား။
________________________
နောက်ဆုံးတော့ ဆန်မ်မင် Fic လေးပြီးဆုံးသွားခဲ့ပါပြီ။ ဒါက ဆန်မ်မင်ဒုတိယမြောက် ဖန်တီးမူဖြစ်တဲ့ အတွက်လိုအပ်ချက်တွေရှိရင်ရင် ဖြည့်စွက်ပေးဖို့ တောင်းဆိုပါရစေ။ အစအဆုံး on going လိုက်ပေးတဲ့ တစ်ဉီးစီ တိုင်းကိုလည်း ကျေးဇူးတင်ပါတယ် ပြီးမှဖတ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်နော် နောက်ထက် Fic တွေမှာ ပြန်ဆုံကြမယ် အချစ်တို့ ><
"Baby မဟုတ္ပါဘူးဆို "
"မဟုတ္ဘဲနဲ႕ ဘာလို႔သူက မင္းကိုလာရွာလဲ!"
"ကိုယ္က ဘယ္လိုလုပ္သိမွာလဲ"
"ေတြ႕လား မင္း ငါ့ ကိုေအာ္တယ္"
"ကိုယ္မေအာ္ပါဘူး Fourth ရာ"
ထိုေန႕ညက Gemini ရည္းစားေဟာင္းက လာရွာတာကို Fourth က ေတြ႕ၿပီး အထင္လြဲသြားသည္။ အဲ့ညက သူေမာင္းထုတ္လိုက္ေပမဲ့ Fourth က စိတ္ေကာက္ၿပီး ခုထိ ရစ္ေနတာပင္။
"ေတြ႕လား ေတြ႕လား ခုမင္း ငါ့ကိုBaby လို႔ေတာင္မေခၚေတာ့ဘူး! ဘာလဲ မေတြ႕တာၾကာလို႔ ျပန္ေတြ႕ေတာ့ စိတ္က သူ႕ဘက္ယိုင္သြားတာလား?"
"မဟုတ္ရပါဘူး Baby ရာ ကိုယ့္မွာ baby ကို ခ်စ္လို႔မ၀ေသးတာ ရည္းစားေဟာင္းဆိုတာ အတိတ္ကလူပါ ခု Baby က ကိုယ့္ရဲ႕ ပစၥဳန္ပန္ ေရာ အနာဂတ္ေရာလူ "
"........"
"Baby ရာ ကိုယ့္ကို အဲ့လိုႀကီးေတာ့ စိတ္မေကာက္ပါနဲ႕ ကိုယ္မေနတတ္ဘူး"
"စိတ္မေကာက္ဘူး!"
"အဲ့ဆို ကိုယ့္ကေလးေလးက သ၀န္တိုေနတာလား"
Gemin Fourthရဲ႕ ကိုယ္လုံးေသးေသးေလးကို သူ႕ဘက္လွည့္လိုက္ၿပီး Fourth ႐ုန္းေနေပမဲ့ Gemini အတြက္ေတာ့ ရန္လိုေနတဲ့ေၾကာင္ေပါက္ေလးကို ေခ်ာ့ေမာ့ၿပီး ကိုင္ထားရသလို။ ေမးဖ်ားေလးကို ကိုင္ကာ သူ႕ကိုေမာ့ၾကည့္ေစသည္။
"ဟင္... ေျပာပါအုံး"
"အင္း"
"အာ...ခ်စ္စရာေလး"
Fourth က ခ်က္ခ်င္း ၀မ်းနည်းတဲ့ ေၾကာင္ေပါက္ေလးအသြင္ေျပာင္းသြားကာ အင္မတန္ ခ်စ္စရာေကာင္းေနသည္။
"Gem ၿငိဳျငင္သြားမွာေၾကာက္လို႔"
"ကိုယ္မွာ မၿငိဳျငင္ရက္တဲ့ အျပင္ တစ္ေန႕တစ္ျခား ပိုပိုခ်စ္မိလာတာေရာ သိရဲ႕လား ဟမ္!"
"ဟင့္အင္း"
Fourth မ်က္ႏွာေနထားနဲ႕ ေျပာပုံေတြကို ၾကည့္ရင္း Gem တစ္ေယာက္ အသဲယားလာသည္။ တစ္ေန႕တျခား ခ်စ္ဖို႔ေကာင္းလာတဲ့ေကာင္ေလးကို သူတစ္ေယာက္တည္း ၾကည့္ဖို႔ သူမ်ားေတြမျမင္ေအာင္ ဖြက္ထားခ်င္မိသည္။ သူ႕မွာ မေလွ်ာ့ဘဲပိုပိုတိုးလာတဲ့ အခ်စ္ေတြနဲ႕ ခ်စ္ေပးေနေပမဲ့ Fourth မွာ သူ႕အခ်စ္ကို မယုံေတာ့ စိတ္မေကာင္းေတာ့ျဖစ္မိသည္။ ဒါေပမဲ့ baby သ၀န္တိုတာျမင္ေတာ့ ၾကည္ႏူးရသည္။
"Baby ေနာက္ခါ ကိုယ့္ကို စိတ္မေကာင္းျဖစ္ေအာင္ မလုပ္နဲ႕ေတာ့ေနာ္"
"အင္း "
Fourth မွာ သူ႕စကားေတြကို မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ ၾကည့္ၿပီး နားေထာင္၍ ေခါင္းတဆက္ဆက္ၿငိမ့္ျပလာသည္။
"လာ ဒီေန႕ ပိတ္ရက္ဘယ္သြားခ်င္လဲ"
"႐ုပ္ရွင္႐ုံ"
"အဲ့ဆို အကၤ်ီသြားလဲ ေစာင့္ေနမယ္ေနာ္"
"အိုခီပါ"
သူ႕ကို လက္မနဲ႕ လက္ၫြန္းကို ထိၿပီး လက္ေထာင္ျပသြားကာ အေပၚထက္ တက္သြားသည္။
--------------
႐ုပ္ရွင္႐ုံနားေရာက္ေတာ့ သူတို႔ လက္မွတ္၀ယ္ၿပီး ေစာင့္ေနသည္။ႏွစ္ေယာက္လုံး အစိမ္းနဲ႕အျဖဴတစ္ေကြာင်းစီပါသော ဆြယ္တာေလးကို ႏွစ္ေယာက္ဆင္တူ၀တ္ထားၾကသည္။ ေဘးနားက ျဖတ္သြားတဲ့သူတိုင္းကလည္း သူတို႔ကိုၾကည့္ၿပီး ၿပဳံးသူကၿပဳံး ဓာတ္ပုံရိုက္တဲ့သူက ရိုက္သြားၾကသည္။ ႐ုပ္ရွင္က ခနေနစေတာ့မွာဖို႔ Gemin မုန႔္သြား၀ယ္ရန္ ေျပာလိုက္သည္။
"Fourth ကိုယ္ မုန႔္သြား၀ယ္လိုက္အုံးမယ္ေနာ္ ဒီမွာေစာင့္ေနျဖစ္လား"
"ျဖစ္တယ္ ကေလးမွမဟုတ္ေတာ့တာ သြား"
"ကေလးမဟုတ္လို႔ ေျပာေနတာေပါ့"
"Gem ေနာ္"
သူ႕ကိုၿပံးျပၿပီး Gem မုန႔္ဆိုင္ဘက္သို႔သြားကာ မုန႔္သြား၀ယ္ေနသည္။ Fourth ေစာင္ေနတုန္း ေဘးပတ္၀န္းက်င္ကို ၾကည့္ေနလိုက္သည္။ ႐ုတ္တရပ္ လက္မွတ္ေကာင္တာ နားကိုလာေနတဲ့ ေကာင္ေလးႏွစ္ေယာက္ကိုေတြ႕လိုက္သည္။ ႏွစ္ေယာက္သား ၿပဳံး႐ႊင္ေနၿပီး အျပဳအမူေတြကို ၾကည့္လိုက္ရင္ အတြဲေတြဆို တစ္ရာ ရာခိုင္ႏႈန္း တိုက္ရိုက္ေျပာနိုင္၏။
ဒါေပမဲ့ အဲ့ထဲကတစ္ေယာက္က Chokun နဲ႕ခပ္ဆင္ဆင္ပင္။ မ်က္ႏွာသူ႕ဘက္လွည့္မရေတာ့ သိပ္မျမင္ရ။ ထို႔ေၾကာင့္ အနားကို မသိမသာ သြားၾကည့္ေတာ့ သူမ်က္လုံးျပဴးသြားသည္။ တကယ္ အဲ့ Chokun မွ Chokun အစစ္။ ပိုအံ့ဩဖို႔ေကာင္းတာက သူ႕ေဘးနားက ေကာင္က Aungpao ပင္။ Chokun တစ္ေယာက္ သူ႕ကိုေတြ႕သြားေတာ့ လန႔္သြားသည္။
"မင္း..."
သူစကားေျပာမလို႔ပဲရွိေသးတယ္ Gem က ေရာက္လာေတာ့ မေျပာေတာ့ဘဲ ႐ုပ္ရွင္႐ုံထဲပင္ ၀င်ခဲ့ကြသည်။ Chokun ဘာလို႔ အဲ့ေကာင္ Aungpao နဲ႕တြဲေနတာလဲ။ ကိုယ့္သူငယ္ခ်င္းကိုေျပာထားတဲ့ေကာင္ကိုမွ တြဲတယ္!။ ထက္ေတြ႕လို႔ကေတာ့ အမႈန႔္ကိုေခ်ပစ္မယ္။
"Fot ဘာေတြ ေတြးေနတာလဲ လာ လာထိုင္ေတာ့"
"အာ အမ္း"
Fourth ChoKun ကိစၥခနေမ့ထားၿပီး Gem နဲ႕အတူ ႐ုပ္ရွင္ၾကည့္ေနသည္။ ခနၾကာေတာ့ သူရဲ႕ေဘးခုံက လူ ေရာက္လာသည္။ သူလည္း အမွတ္မထင္လွည့္ၾကည့္လိုက္ေတာ့ Chokun ပင္။ Chokun က သူ႕ကိုေတြေတာ့ လန့္သြားသည္။ သူလည္း Chokun အနားသြားၿပီး အကၤ်ီစကိုဆြဲၿပီး အံ့ႀကိတ္ကာ တိုးတိုးေလးေျပာလိုက္သည္။
"မင္းနဲ႕ အျပင္ေရာက္မွ ေတြ႕မယ္"
သူေျပာေနတုံး Gem က သူ႕ဘက္ျပန္ဆြဲလာတာေၾကာင့္ မေျပာေတာ့ဘဲ မ်က္ေစာင္းသာထိုးလိုက္သည္။ဇာတ္ကားသာၿပီးသြားသည္ သူ႕မွာ ဘာျဖစ္သြားလဲမသိလိုက္။ ဇာတ္ကားထဲစိတ္ပါတာက နည္းနည္း ဟိုဘက္က ႏွစ္ေယာက္သား ခ်စ္ၾကည္ႏူးေနတဲ့အတြဲစီ စိတ္ကေရာက္ေနသည္။
႐ုပ္ရွင္ၿပီးေတာ့ အခန္းထဲက ထြက္ထြက္ခ်င္း Fourth Chokun လက္ကို ဆြဲကာ ခပ္ေဝးေဝးေနရာကို ေခၚလာသည္။
"မင္းေျပာပါအုံး"
"အာ..အဲ့ဒါက"
"အဲ့ဒါက ဘာျဖစ္လဲ မင္းလ်ိဳ႕ဝွက္ထားတာေနာ္"
"ငါ ဖုံးကြယ္ခ်င္လို႔ ဖုံးကြယ္တာ မဟုတ္ပါဘူး မေျပာရဲလို႔ပါ"
"မင္း တြဲတာလက္ခံတယ္ စိတ္ဆိုးတာ ငါ့ကိုမေျပာတာရယ္၊ အဲ့ေကာင္နဲ႕တြဲတာရယ္ ေျပာေတာ့ ငါ့သူငယ္ခ်င္းကို ေျပာထားလို႔ ၾကည့္မရဘူးဘာညာနဲ႕ ၿပီးေတာ့ သူပဲ ေကာက္တြဲသြားတယ္"
"မင္းကလဲ လူတိုင္း အမွားနဲ႕မကင္းပါဘူး"
"ဘာ!"
သူစိတ္တိုတာနဲ႕ အသံအနည္းငယ္ က်ယ္သြားတာေၾကာင့္ ေဘးနားက ျဖတ္သြားတဲ့သူေတြက ၾကည့္သြားေၾကာင့္ အသံ တိုးလိုက္ရသည္။
"တိုးတိုးေျပာဟ"
"ဘာျဖစ္လဲ Pahn ေရာသိလား"
"အာ...သိတယ္"
"ေအး မင္းတို႔ကိုၾက ငါေျပာျပထားတယ္ မင္းတို႔လွည့္ၾက"
Fourth ေျပာၿပီး အေနာက္ကေန သူ႕ကိုလွမ္းေခၚေနတာကို လ်စ္လ်ဴရႈၿပီး အေရွ႕က အျမန္ေလွ်ာက္သြားလိုက္သည္။ ငါ့အလွည့္ၾက သူ႕တို႔ကိုယုံၾကည္ထားတာ သူတို႔အလွည့္ၾကေတာ့ ငါကို အဲ့ေလာက္ေတာင္ ယုံၾကည္မူမဲ့ၾကတာလား?။
သူGem တို႔နားသြားလိုက္ေတာ့ Gem က Aungpao နဲ႕စကားေျပာေနသည္။ အနားကိုသြားၿပီး Gem လက္ကို ဆြဲကာ သြားရန္ေျပာလိုက္သည္။
"Gem~ သြားရေအာင္"
"အင္း အဲ့ဒါဆို သြားၿပီ ၀ယ်စရာရှိသေးလို့"
"ေအးပါ"
"Gem~ အျမန္လာ"
Aungpao ကိုၾကည့္မရတာေၾကာင့္ Fourth Gem လက္ကိုဆြဲကာ သူအေရွ႕က သြားလိုက္သည္။ အဲ့ဒါမွ Gem ကလည္း အေနာက္က လိုက္လာ၏။
"ေျဖးေျဖးသြားပါ Fot ရဲ႕"
"Chokun တို႔က သူတို႔ႏွစ္ေယာက္ပဲသိၿပီး ငါ့ကိုၾကမေျပာျပဘူး"
"အယ္ ဟုလား Fot သိတယ္ထင္ေနတာ"
"မသိပါဘူး ခနေနပါအုံး Gem က သိေနတာလား?"
"ဘယ္ကသာ မသိပါဘူး ရိပ္မိယုံ လာ ဟိုဘက္က ဆိုင္ေလးသြားၾကည့္ရေအာင္"
သူအျမန္စကားလမ္းေၾကာင္းလြဲလိုက္ရသည္။ မဟုတ္ရင္ ျမႇားဉီးက သူ႕ဘက္ထိုးလာမွာပင္။သူတို႔ႏွစ္ေယာက္ ကုန္တိုက္ထဲမွာ ၀ယ်စရာရှိတာ ၀ယ်ပြီး အိမ္မျပန္ခ်င္တာေၾကာင့္ ကားပတ္ေမာင္းေနေလသည္။ Chokun နဲ႕မတြဲခင္ကတည္းက Aungpao လာရင္ဖြင့္ထားတာေတာ့ မေျပာျဖစ္ခဲ့ပါ။
------------------
ကားအမိုးကိုဖြင့္ထားတာေၾကာင့္ ညဘက္ ေလညင္းေအးေအးေလးေတြ တိုက္ခတ္ေတာ့ Fourth ဆံႏြယ္ေတြ ေလထဲမွာ ဝဲေနတာ တကယ္လွတယ္။ ဘယ္အရာနဲ႕မ ယွဥ္တြဲမရေအာင္ လွတယ္ဆိုယုံမလား။ ဒီအခ်ိန္ေတြကို ရပ္ထားလို႔ရရင္ ရပ္ထားခ်င္မိသည္။ ကားထဲက ဖြင့္ထားတဲ့ သီခ်င္းေလးက သူတို႔ႏွစ္ေယာက္ အတူရွိခ်ိန္ကို ပို၍ ၾကည္ႏူးေစေယာင္။
သူတို႔ႏွစ္ေယာက္ စီးခ်က္အတိုင္း စီးေျမာရင္း Gem တစ္ေယာက္ တစ္ေနရာကို ဉီးတည္ၿပီး ေမာင္းလိုက္သည္။
ထိုေနရာ ေရာက္ေတာ့ Fourthက ကားေပၚက အရင္ဆင္းလိုက္ၿပီး ေဘးပတ္၀န္းက်င္ကို ၾကည့္လိုက္သည္။ သူအေရွ႕မွာ ေရကန္ႀကီးကိုေတြ႕ရၿပီး တစ္ဖက္ကမ္းက မီးေရာင္ေတြ လင္းေနေတာ့ တိုက္ေတြရွိၿပီး ဒီဘက္ေတာ့ အေမွာင္ထဲမွာ ဓာတ္မီးတိုင္ေလးေတြက အလင္းေပးေနသည္။ သစ္ပင္ေတြကလည္းရွိေနတဲ့အတြက္ ေလေတြကလည္း တိုက္ေနသည္။ သစ္႐ြက္လႈပ္သံ၊ ေရလွိုင္းေလးေတြသံ၊ အေကာင္ေလးေတြ အသံက လြဲ၍ တျခားဘာအသံမွ ၾကားရျခင္း မရွိတာေၾကာင့္ စိတ္ေအးခ်မ္းေစသည္။Fourth တစ္ေယာက္ ေဘးပတ္၀န္းက်င္ကို အကဲခတ္ေနၿပီး Gem က ေဘးနားကရပ္ေနၿပီးေျပာလာသည္။
" ဒါ ကိုယ္အႀကိဳက္ဆုံးေနရာေလ ပင္ပန္းစရာေတြရွိတိုင္း လာျဖစ္တယ္"
"တကယ္ေအးခ်မ္းစရာေလးေနာ္"
"အင္းဟုတယ္ ဒီကိုလာရင္ စိတ္ဖိစီးမူေတြ အကုန္ေပ်ာက္သြားတယ္"
သူတို႔ႏွစ္ေယာက္ ဘာစကားမွမေျပာေတာ့ဘဲ တိတ္ဆိတ္စြာ အနားယူေနၾကသည္။ ခနၾကာေတာ့ fourth က gem ကို အျမန္ေခၚကာ သစ္ပင္တစ္ပင္ရွိရာကို လက္ၫြန္းထိုးျပသည္။
"Gem! Gem! အျမန္ၾကည့္ ဟိုအလင္းေရာင္ေတြက ဘာေလးေတြလဲ "
"အဲ့တာ ပိုးစုန္းၾကဴးေလးေတြ"
"ဟင္"
"ဟုတယ္ ၿမိဳ႕ျပမွာမရွိေပမဲ့ ခုကိုယ္တို႔ရွိေနတဲ့ေနရာက ေမွာင္ေတာ့ ပိုးစုန္းၾကဴးေလးေတြကို တစ္ခါတစ္ရံမွေတြ႕ရတတ္တာ ကိုယ္စစေတြ႕တုန္းကလဲ baby လိုပဲအံ့ဩသြားတာ ဒါေပမဲ့ ကိုယ္လာတုန္းမေတြ႕ရဘူး ဆယ္ခါ တစ္ခါေလာက္ပဲ ခု Baby ပထမဆုံးႀကိမ္လာတာ ေတြ႕ရတယ္ဆိုေတာ့ Baby ကံေကာင္းလို႔ေပါ့"
Gem စကားေတြကို ေသခ်ာအာ႐ုံစိုက္ နားေထာင္ၿပီး အဆုံးမွာ Fourth တစ္ေယာက္ ၿပဳံးျပသည္။
"ဘာဆိုင္လို႔လဲ"
"ကိုယ္စာအုပ္ေတြထဲ ဖတ္ဖူးတာ ပိုးစုန္းၾကဴးေတြ႕ရင္ ကံေကာင္းတယ္တဲ့"
"ေအာ္ အဲ့ဆို Baby ကံေကာင္းတာေပါ့"
"ဒါေပါ့"
သူတို႔ႏွစ္ေယာက္ တစ္ညလုံးစကားေတြထိုင္ေျပာၿပီး ထိုညကေတာ့ ညတာရွည္မည္ထင္သည္။
-----------------
ဒီရက္ပိုင္း Gemini တစ္ေယာက္မအားေပ။ မၾကာခင္ ေဘာလုံးၿပိဳင္ပြဲရွိတာမို႔ သူေန႕တိုင္းမပ်က္ေလ့က်င့္ေနရသည္။ အရင္ႏွစ္က ရႈံးသြားေပမဲ့ ဒီႏွစ္ေတာ့ သူပါေတာ့ နိုင္ေစရမည္။
Geminiတို႔အဖြဲ႕က ညေနပိုင္းကေန ညအထိ ေလ့က်င့္ၾကတာမို႔ Fourth အတန္းၿပီးသည့္အခါ မသိမသာေလး ကြယ္ရာကေန ေစာင့္ေပးသည္။ သူၿပီးမွ ႏွစ္ေယာက္အတူျပန္ေလ့ရွိသည္။
ဒါေပမဲ့ သူတစ္ေယာက္တည္း အထီးမက်န္ပါ။ Chokun ကပါသူနဲ႕အတူေစာင့္ေပးသည္။ ေစာင့္ေပးခ်င္လို႔ေတာ့မဟုတ်ဘူး။ ေဘာလုံးကန္မဲ့အဖြဲ႕ထဲမွာ Aungpao ပါ ပါေနတာေၾကာင့္ပင္။ ဟိုတစ္ေလာက ကိစၥေတြက သူတို႔ျပန္ရွင္းျပေတာ့ တစ္ပတ္ေလာက္ စိတ္ေကာက္လိုက္ၿပီး ျပန္တည့္သြားၾက၏။
ဒီေန႕လည္း ထုံးစံအတိုင္း သူအတန္းၿပီးၿပီးခ်င္း ေဘာလုံးကြင္းသြားဖို႔ ျပင္လိုက္ၾကသည္။ ႐ုတ္တရပ္ ေဘးနားက Chokun က ေျပာလာသည္။
"Fourth ငါဒီေန႕မလိုက္ေတာ့ဘူး "
"ဘာလို႔လဲ"
"သူေလ့က်င့္ၿပီးမွ dinner Date မွာမို႔ေလ"
"ေဘာပဲ လစ္ေတာ့"
သူဆဲဆိုၿပီး လိုက္ရိုက္ေတာ့ Chokun က အေရွ႕ကေျပးေလရဲ႕။ သူလည္းဆက္မလိုက္ေတာ့ဘဲ ဘောလုံးကွင်းကိုသာသွားလိုက်ဝောာ့သည်။ သူကြင္းနားေရာက္ေတာ့ လူအနည္းငယ္သာေတြ႕ရ၏ ။ ဒီေန႕အတန္းဆင္းတာေနာက္က်၍အိမ္ျပန္တဲ့သူက ျပန္ၾကေတာ့ အရင္ကလို တိုးစရာမလိုေတာ့ဘဲ ကြင္းနားရပ္လိုက္သည္။ Gem က သူ႕ကိုသတိထားမိသြားၿပီး အနားနားကာ ေျပာသြားေလရဲ႕။
"ခနေန ၿပီးေတာ့မွာ အရင္ေနရာမွာပဲ ေစာင့္ေန"
Gem စကားေၾကာင့္ သူတို႔အရင္ေတြ႕ေနၾက ေက်ာင္းေနာက္ဖက္ ခုံတန္းေလးမွာ သြားေစာင့္ေနလိုက္သည္။ခနၾကာေတာ့ Gemini က ေရာက္လာ၏။
"ဒီေန႕ေစာတယ္ေနာ္ Gem"
"ဟုတယ္ မနက္ျဖန္ ၿပိဳင္ပြဲဆိုေတာ့ ဒီေန႕ ေစာေစာဆင္းၿပီး အနားယူခိုင္းလိုက္တာ "
"ေအာ္ ဒါဆို အိမ္ျပန္ၾကစို႔လား"
"ဟုတ္ကဲ့ပါဗ်"
သူတို႔ႏွစ္ေယာက္ အိမ္ျပန္လိုက္ၾကၿပီး အိမ္ေရာက္ေတာ့ Gemin က အိပ္ရာေပၚပစ္လဲလိုက္သည္။
"Gem ထ ေရထခ်ိဳးအုံး"
"ဟင့္အင္း"
"Gem မဆိုးနဲ႕ ထခ်ိဳး"
"ထူ"
Gem က လမ္းႏွစ္ဖက္ဆန႔္ေပးထားေတာ့ Fourth က ဆြဲလိုက္ေပမဲ့ Gem က သူ႕ဘက္မပါလာဘဲ သူကGem ကိုယ္ေပၚ ထက္လ်က္ က်သြားသည္။ သူအတင္း႐ုန္းေတာ့ Gem ရွိက အသံထြက္လာသည္။
"ခန ခနေလးပဲ အားျဖည့္ခ်င္လို႔"
Gem ေျပာလိုက္ေတာ့မွ Fourth က ႐ုန္းရာမွ ၿငိမ္သြားသည္။အခ်ိန္အေတာ္တန္ၾကာ ႏွစ္ေယာက္သား ဒီလိုေန ေနၾကေတာ့ ေညာင္းလာ၏။
"Gem မရေသးဘူးလား"
"အင္း အားျပည့္သြားၿပီ"
Gem အသံက ခုနကလို ေဖ်ာ့ေဖ်ာ့ေလးမဟုတ္ဘဲ အားအျပည့္နဲ႕ေျပာလာေတာ့အတြက္ ရီလိုက္သည္။
"အဲ့တာဆိုလည္း ထ ေရသြားခ်ိဴး"
"Baby အလိုက်ပါ"
Gemin Fourth ရဲ႕ပါးကိုတစ္ခ်က္နမ္းကာ ေရခ်ိဳးခန္းထဲေျပး၀င္သြားသည္။ ခနၾကာေတာ့ ေရခ်ိဳးခန္းထဲက အသံထြက္လာသည္။ "bae ကိုယ္တဘတ္က်န္ခဲ့လို႔"တဲ့။ အဲ့ဒါနဲ႕ Fourth ယူၿပီး သြားေပးလိုက္ေတာ့ သူပါ ေရခ်ိဳးခန္းထဲ ေခၚခံလိုက္ရေတာ့သည္။
-----------------------
ဒီေန႕ၿပိဳင္ပြဲေန႕ျဖစ္တာေၾကာင့္ ပြဲတစ္ခုလုံးမွာ လူေတြျပည့္ေနသည္။ က၍ အားေပးသည့္အသင္းေတြက အားေပး၊ ခုံတန္းေတြတြင္ ကိုယ္အသင္းေတြရဲ႕ အကၤ်ီကို ၀တ်ထားကာ ေအာ္ဟစ္ဖို႔ အသင့္ျဖစ္ေနၾကတဲ့ သူေတြလည္း ရွိ၏။
Fourth တစ္ေယာက္ ေနာက္က်ေန၍ သူလာသည့္အခ်ိန္တြင္ ကြင္းထဲမွာ လူျပည့္ေနၿပီပင္။ ဒါေပမဲ့ အေရွ႕ဆုံးကေန လက္လွမ္းျပသည့္ Chokun ေၾကာင့္ သူ႕အတြက္ ေနရာဉီးေပးထားသည္ဆိုတာ ေတြ႕လိုက္သည္။ သူလည္း အဲ့ေနရာ ၀င်ထိုင်ကာ Gem တို႔အသင္းထြက္လာသည္ကို ေစာင့္ၾကည္ေနသည္။
မၾကာပါဘူး။ Gem တို႔အုပ္စုထြက္လာသည္။အဖြဲ႕သားအကုန္လုံးလုံးထဲတြင္ ေခါင္း၌ ၾကက္ေတာင္စီး စီးထားတဲ့ Gemini က တစ္မူထူးျခားေနၿပီး ဆြဲေဆာင္မူရွိေနသည္။ သူတို႔အဖြဲ႕ ကြင္းထဲ၀င္လာသည္ႏွင့္ ေအာ္သံမ်ားက စတင္လာသည္။
Gemini!
Gemini!
Gemini!
........
သူတို႔သေဘာက်တဲ့ သူရဲ႕နာမည္ေတြ ေအာ္ေနၾကေပမဲ့ Gemin ဆိုတဲ့နာမည္က ထင္းေနတာေတာ့ အသိအသာပင္။ခနၾကာေတာ့ တစ္ဖက္အသင္းေရာက္လာၿပီး သူတို႔ဖက္က ေအာ္သံေတြ စတင္လာသည္။
ခုခ်ိန္က ႏွစ္ဖြဲ႕လုံး ယွဥ္ၿပိဳင္ရေတာ့မည့္အခ်ိန္ျဖစ္တာေၾကာင့္ Fourth တစ္ေယာက္ရင္ခုန္ေနတာေတာ့အမွန္ပင္။ စစကန္ခ်င္း ေဘာလုံးက တစ္ဖက္အသင္းစီ ေရာက္သြားသည္။ သူတို႔ဘက္က အရင္ ဂိုးသြင္းလိုက္ၿပီး ေနာက္တစ္ပြဲမွာ Gemini က ဉီးေဆာင္ကာ ဂိုးသြင္းလိုက္၏။
တျဖည္းျဖည္းက အရွိန္ေတြျမင့္လာၿပီး ႏွစ္ဖက္လုံးအသင္းရဲ႕ ရမွတ္ကလည္း အတူတူျဖစ္ေနသည္။ ဒါေၾကာင့္ ဒီတစ္ပြဲ ၿပိဳင္ၿပီး နိုင္သြားတဲ့အသင္းက winner ျဖစ္မွာပင္။
Gemini မ်က္ႏွာတြင္ စိုးရိပ္ပူပန္မူေတြ ေတြ႕ေနရေပမဲ့ သူလုပ္နိုင္မွာ ယုံၾကည္သည္။ ဒါေၾကာင့္ ႏွစ္ေယာက္ အၾကည့္ခ်င္းစုံသြားေတာ့ "ႀကိဳးစားထား" ဟု ပါးစပ္လႈပ္႐ုံေျပာလိုက္ေတာ့ ေခါင္းၿငိမ့္ျပလာသည္။
ေနာက္ဆုံးပြဲအစတြင္ ေဘာလုံးက တစ္ဖက္အသင္းဘက္ ေရာက္သြားျပန္ေရာ။ Gemin နဲ႕ Aungpao က တစ္ေယာက္နဲ႕တစ္ေယာက္ စီစဥ္ထားတဲ့ အစီအစဥ္အတိုင္း Aungpao ကတစ္ဖက္အသင္းစီက ေဘာလုံးကိုျဖတ္လုၿပီး Gemini စီေပးလိုက္ေတာ့ Gemin က ဉီးေဆာင္ကာ ဂိုးေပါက္နားသို႔သြားသည္။ သူ၏ အေရွ႕တြင္ ျဖတ္လုဖို႔ေစာင့္ေနတဲ့ သူေတြကို တျခားအဖြဲ႕၀င္ေတြက တားေပးၿပီး ေနာက္ဆုံး Gemin ဂိုးေပါက္နားေရာက္ၿပီး သြင္းလိုက္ခ်ိန္တြင္ ေဘာလုံးက ဂိုးေပါက္ထဲ ေျဖာင့္ေျဖာင့္ျဖဴးျဖဴး၀င္သြားသည္။
ေနာက္ဆုံးေတာ့ သူလုပ္နိုင္ခဲ့ၿပီ။ အကုန္လုံး ထေအာ္ၾကၿပီး အဖြဲ႕သားေတြက Gemini ကို ဝိုင္းဖတ္ၾကသည္။ အကုန္လုံးကို ဖတ္လိုက္ၿပီး ကြင္းထဲ၌ Fourth ဘက္လွည့္ကာ လက္ဆန႔္ျပေတာ့ တုန႔္စိုင္းျခင္းမရွိဘဲ ေျပးသြားကာ ဖတ္လိုက္သည္။
"Baby Darling က ေတာ္လိုက္တာ"
Fourth က အေခၚအဆိုေၾကာင့္ နဂိုကတည္းက စိတ္မထိန္းနိုင္တဲ့ Gem က ကြင္းထဲရွိ လူအားလုံးကို ေမ့ေလ်ာက Fourth ႏႈတ္ခမ္းနဲ႕ သူ႕ႏႈတ္ခမ္းကို ထပ္တူၾကေစသည္။ Fourth စိတ္ဆိုးသြားမည္ထင္ေသာ္လည္း သူ႕ဘက္က အနားတုံျပန္မူေတာင္ရခဲ့သည္။ ႏွစ္ေယာက္သား နမ္းတာျမင္ေတာ့ ပြဲတစ္ခုလုံး ေအာ္သံ ဆူညံသံေတြနဲ႕ျပည့္ႏွက္သြားေပမဲ့ ထိုသူႏွစ္ေယာက္ကေတာ့ အနမ္းေတြေအာက္မွာ နစ္ေျမာေနၾကသည္။ ကြၽန္ေတာ့္ေကာင္ေလးက ေဘာလုံးကစားသမား။
________________________
ေနာက္ဆုံးေတာ့ ဆန္မ္မင္ Fic ေလးၿပီးဆုံးသြားခဲ့ပါၿပီ။ ဒါက ဆန္မ္မင္ဒုတိယေျမာက္ ဖန္တီးမူျဖစ္တဲ့ အတြက္လိုအပ္ခ်က္ေတြရွိရင္ရင္ ျဖည့္စြက္ေပးဖို႔ ေတာင္းဆိုပါရေစ။ အစအဆုံး on going လိုက္ေပးတဲ့ တစ္ဉီးစီ တိုင္းကိုလည္း ေက်းဇူးတင္ပါတယ္ ၿပီးမွဖတ္ေပးတဲ့သူေတြကိုလည္း ေက်းဇူးတင္တယ္ေနာ္ ေနာက္ထက္ Fic ေတြမွာ ျပန္ဆုံၾကမယ္ အခ်စ္တို႔ ><
[text_hash] => c445ab70
)
What do you think?